အင်္ဂလန်နိုင်ငံ
လန်ဒန်မြို့မှာ အသက် ၂၅နှစ်ရှိပြီဖြစ်သည့် ဘောလုံး အားကစားသမား
ဒန်နီရယ်ကက်တင်ဆိုသူက ဘောလုံးကိုနှုတ်ဖျားဖြင့် ၁၅၈ကြိမ်တိတိ ဆက်တိုက်
ပုတ်ခတ်ကစား ပြနိုင်ခဲ့သောကြောင့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင်
စံချိန်တင်သွားသည်။ ယခင်က ကမ္ဘာ့မှတ်တမ်းတွင် တင်ခဲ့သည့်
ဘောလုံးကိုနှုတ်ဖျားဖြင့် အကြိမ်အများဆုံး ဆော့ကစားသည့်စံချိန်မှာ
၁၅၃ကြိမ်သာ ဖြစ်သည်။ ''ကျွန်တော်အရမ်းပဲ စိတ်လှုပ်ရှားပါတယ်၊ အရင်ကအကြိမ်
အများဆုံးဖြစ်တဲ့ ၁၅၃ ကြိမ်ဆိုတဲ့စံချိန်ကိုလည်း
ကျွန်တော်ချိုးနိုင်ခဲ့ပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်တောင်
မယုံနိုင်တော့ပါဘူးဗျာ။ ကျွန်တော်သိပ်ပျော်တာပဲ။ ကျွန်တော်က
ကမ္ဘာ့စံချိန်တင်ခဲ့တယ် ဆိုပေမယ့် ကျွန် တော့်ကိုယ်ကျွန်တော်
အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားသွားမှာပါ'' ဟုဒန်နီရယ်က ဆိုသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
7 months ago


3/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment