ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့
ထဲမှာရှိတဲ့ ကာလာအိုကေဆိုင်တခုမှာ
ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေ
ကို ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှု
တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်
လိုက်တယ်လို့ ထိုင်း ရုပ်သံက ကြေငြာပါတယ်။
လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး
ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။
ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာ အသက် ၁၈ နှစ်
မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီ

3/16/2013
mykyawthiha.blogspot.com

Posted in:

0 comments:
Post a Comment