ပဲခူးမြို့အတွင်းရှိ လူစည်းကား ရာနေ
ရာနှင့်နိုင်ငံခြားသားများဝင် ထွက်သွား
လာလေ့ရှိသော နေရာ များ ၌တောင်းရမ်း
စားသောက်သူ များကို ၂၀၁၃ခုနှစ်
ဇန်န၀ါရီလ (၁)ရက်မှစတင်၍ ပဲခူးတိုင်းဒေသ
ကြီးအစိုး ရအ ဖွဲ့ ၏ ညွှန်ကြားချက် ဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်
ရွက်ပြီး ဖမ်းဆီးအရေး ယူမည်ဖြစ်ေ ကြာင်း သိရှိရသည်။
““ဖမ်းဆီးအရေးယူခြင်းခံရ တဲ့ တောင်းရမ်းစားသောက်သူ များကို အသက်အရွယ်
အလိုက်၊ ကျား/မအလိုက် ခွဲခြားပြီး အသက် မွေးမှုသင်တန်းကျောင်းနဲ့ပရဟိတ သင်တန်းကျောင်းအနာကြီး ရောဂါစွဲကပ် သူတွေဖြစ်ရ င် အနာကြီးေ ရာဂါ သည်တွေ
ထားရာ ရန်ကုန်တိုင်း ဒေသကြီး၊မှော်ဘီမြို့နယ်၊မှော် အင်းကျေးရွာကိုပို့မယ်၊
စိတ် ရောဂါဝေဒနာရှင်တွေဖြစ်ပါက စိတ်ကျန်းမာရေးဆေးရုံးကို ပို့ဆောင်မှာဖြစ်ပါတယ်။
ကလေးသူငယ် များကို နောက် ကွယ်ကနေ ကြိုးကိုင်းပြီး တောင်း ရမ်းခိုင်းသူများ
ကိုလည်း နိုင်ငံတော် မှ ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေ တွေနှင့်အညီ ထိရောက်စွာ
အရေး ယူသွားမယ့်လို့””မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြား ပါသည်။
ပဲခူးမြို့အတွင်း တောင်းရမ်း စားသောက်သူအရေအတွက်မှာ စာရင်းအရ(၈၆)ဦး
ခန့်ရှိသည့်အ တွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်အထိကို ပညာပေးကာလ
အဖြစ်သတ်မှတ်ပြီး ဘုရား၊စေတီ၊ ပုထိုးများနှင့် ဘုန်းတော် ကြီးကျောင်း အချို့တို့တွင် အသိပညာပေး ဟောပြောပွဲများပြုလုပ်ကျင်းပပေးခဲ့ပါ သည်။
၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ အရေးယူမှု ကာလအဖြစ် သတ်
မှတ်ကာ မြို့ နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်၍မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာန၊
လူဝန် မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူမှု ၀န်ထမ်းဦးစီးဌာန၊စည်ပင်သာယာ ရေးဝန်ကြီး
ဌာနနှင့်ကျန်းမာရေး ဦးစီးဌာတိျု့ပူးပေါင်းပြီး တောင်းရမ်းစားသောက်သူများပပျောက်ရေး
စီမံကိန်းကို အကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment