Saturday, March 30, 2013

နိုဘယ်လ်ဆုရှင် အမေစု၏ သမိုင်းကြောင်းကို သင်ကြားပို့ချရန် ထိုင်းပညာရေးမှပြဌာန်း



ထိုင်းနိုင်ငံ စာသင်ကျောင်း တွေမှာ မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားတွေရဲ့ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်မှာ အရှေ့တောင် အာရှဒေသ နိုင်ငံများ အတွင်းက လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုနဲ့ ထင်ရှားကျော်ကြား တဲ့ခေါင်း ဆောင်တွေ အကြောင်းနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားဖို့ ပြဌာန်းလိုက်ပြီလို့ သိရပါတယ်..
အလားတူ နိုင်ငံတကာက စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနဲ့ နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစေရေးနဲ့ မြန်မာပြည်ကို တိုးတက် မြင့်မားဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပါတယ်...
သို့သော်လည်း နောက်ပြန် မလှည့်ပါဘူး ဆိုတဲ့ အစိုးရ သစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်း မရှိသေးပါဘူး။ ခုတော့ အိမ် နီးချင်း ထိုင်းနိုင်ငံက လေးစား စံပြုထိုက်သူရဲ့ အကြောင်းကို ကျောင်းသင်ခန်းစာတွေမှာ ပြဌာန်း လိုက်တာကတော့ မြန်မာနိုင်ငံ အစိုးရနဲ့ ပညာရေး ဌာနအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာသလို အရှက်ရစရာလည်း ဖြစ်လာပါတယ်..
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟာ မင်္ဂလာတရားပင် ဖြစ်ကြောင်း မြတ်ဗုဒ္ဓကဟောကြားခဲ့ပါတယ်..မင်္ဂလာ မရှိသော သူတွေက မင်္ဂလာပြုမည် မဟုတ်သည်မှာ ထင်ရှားစေပါတယ်..ကမ္ဘာပေါ်၌လည်း ဆုအများဆုံး ချီးမြှင့်ခံရသူ တဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ မကြာခင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး ဆုလက်ခံရရှိဦးမှာ ဖြစ်ပါတယ်...

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management