Saturday, March 30, 2013

တာယာတွင် သံမှို တပ်ဆင်ထားသည့် ကား ရေခဲပြင်ပေါ်တွင် ကမ္ဘာ့ အမြန်ဆုံး စံချိန်တင် မောင်းနှင်



 
ဖင်လန်နိုင်ငံ အိုလူမြို့အနီးဘို့နီးယား ပင်လယ်ကွေ့ရှိ အေးခဲနေသော ပင်လယ်ပြင် ပေါ်တွင် အရှည် ၇ မိုင်ခွဲ လမ်းကြောင်းပေါ်၌ ဂျိမ်းမ်အိုက်စ်မန်း လိတ်တီနန် ဆိုသူသည် Audi RS6 ကားကို တစ်နာရီ ၂ဝ၈ မိုင်နှုန်းဖြင့် ကမ္ဘာ့ အမြန်ဆုံး စံချိန်သစ် တင် မောင်းနှင် နိုင်ခဲ့သည်။ Audi RS6 ကားတွင် လမ်းပေါ်၌ တရားဝင် မောင်းနှင်ခွင့် ပြုထားသောသံမှိုတပ်ဆင် ထားသော တာယာ တပ်ဆင်ထားသည်။ အဆိုပါ ကားတာယာကို ဖင်လန် နိုင်ငံရှိ Nokian တာယာ ကုမ္ပဏီမှ တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ဂင်းနစ် ကမ္ဘာ့စံချိန် တင်သည့် အဖွဲ့၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များ အတိုင်း ရေခဲပြင်အား မျက်နှာပြင် ကြမ်းအောင် ပြုလုပ် ထားခြင်း သို့မဟုတ် ဓာတု ဆေးဝါးများဖြင့် ပြုပြင်ထားခြင်းများ မရှိဘဲ သာမန် ကားလမ်းပေါ်တွင် မောင်းနှင်နိုင်သည့် တာယာ အမျိုး အစား ဖြင့်သာ မောင်းနှင် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ လိတ်တီနန်က ယခင်ကလည်း ရေခဲပြင်ပေါ် အမြန်ဆုံး စံချိန် တင် မောင်းနှင်ထားသည်။ ယခင် စံချိန်မှာ ယခု စံချိန်အောက် တစ်နာရီ ၂ မိုင်နှုန်း လျော့ပြီး တစ်နာရီ ၂ဝ၆ မိုင်နှုန်း မောင်းနှင် ထားခဲ့ သည်။ ဂင်းနစ် စံချိန်၏ စည်းမျဉ်းအရ အမြင့်ဆုံး အမြန်နှုန်းကို တစ်နာရီ အတွင်း ရောက်ရှိအောင် မောင်းနှင်ရပြီး တစ်ကီလိုမီတာ အကွာအဝေး အတွင်း အမြင့်ဆုံး စံချိန်ကို နှစ်ခါ တိုင်းတာပြီး သတ်မှတ်ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management