
အိုလံပစ် ဘောလုံးရွှေတံဆိပ်ဆုရမက္ကဆီကိုအသင်း
ဓာတ်ပုံ - အေအက်ဖ်ပီ
ပဲရာလ်တာသည် ပွဲစ၍ စက္ကန့် ၃၀ အကြာမှာပင် ပထမဂိုးကို သွင်းယူ ခဲ့ပြီး ဒုတိယဂိုးကို ဒုတိယပိုင်းပွဲပြီးခါနီးအချိန်တွင် သွင်းယူခဲ့ခြင်းဖြစ် သည်။ ဘရာဇီးလ်အတွက် ချေပဂိုးကို ဟာ့လ်ခ်က နာကျင်အချိန်ပို အတွင်း၌ သွင်းယူပေးခဲ့သော်လည်း ဆက်လက် ယှဉ်ပြိုင်ရန် အခြေ အနေ မရှိတော့သဖြင့် ဘရာဇီးလ်သည် ၂-၁ ဖြင့်သာ ကျေနပ်လိုက်ရ သည်။ ဘရာဇီးလ်သည် အကောင်းဆုံး ဘောလုံးသမားများ ပါဝင်ကာ လှလှပပ ကစားပြနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် မြင်းကောင်းခွာ လိပ်ဖြစ်ခဲ့သော အကြိမ်မနည်းပါပေ။
၂၀၀၈ ခုနှစ် အိုလံပစ်တွင် ကြေးတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရပြီး ၁၉၈၄ နှင့် ၁၉၈၈ တို့တွင် လည်း ဗိုလ်လုပွဲတွင်ရှုံးကာ ငွေတံဆိပ် သာရရှိခဲ့သည်။ ဤမျှသော အကျော်အမော်ဘောလုံး သမားများနှင့် ကစားခဲ့ခြင်းဖြစ်ပါလျက် ငွေတံဆိပ်သာရခဲ့သော နည်းပြမန်နိုမီ နက်ဇ်၏အသင်းမှာ အိမ်ပြန်မျက်နှာပန်း လှဖွယ်မရှိပေ။
မက္ကဆီကိုသည် ဘရာဇီးလ်နှင့် ချစ် ကြည်ရေးပွဲငါးပွဲကစားထားခဲ့ရာတွင် သုံးပွဲအနိုင်ရထားသော အသင်းဖြစ်သည်။ ဘရာဇီးလ်ပေး လိုက်ရသော ပထမဂိုး မှာ ရာဖေးလ်ဒါဆေးလ်ဗားက ဆန်ဒရို ထံ မလွတ်မကင်းပေးလိုက်သည်ကို ဟာဗီယာအကွီနိုက ဖြတ်ယူပြီး ပဲရာလ် တာကို ပေးလိုက်ရာမှ ပွဲစစချင်း ဂိုးပေး လိုက်ရခြင်းဖြစ်သည်။
အချိန်ပိုနောက်ဆုံးမိနစ်တွင် ချယ်လ်ဆီးကွင်းလယ်လူ အော်စကာ လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ခွင့် ရသော်လည်း ဘေးချော် တိုက်လိုက်မိ သဖြင့် ဘရာဇီးလ်သည် မိနစ် ၉၀ ဖြင့်ပင် အရှုံးပေးလိုက်ရခြင်းဖြစ်သည်။
0 comments:
Post a Comment