Tuesday, March 19, 2013

မန်ချက်စတာပြိုင်ဘက်တွေကြားမှာ ချယ်လ်ဆီးဝင်လာမယ်





ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ တွေ့ဆုံခဲ့စဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ


ချယ်လ်ဆီးအသင်းမှ အသစ်ခေါ်ယူအားဖြည့်ထားသော ကွင်းလယ် ကစားသမား ဟာဇက်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ပရီမီယာလိဂ် ဘောလုံးစီးပွားရေး ယန္တရားကြီး ဩဂုတ် ၁၈ ရက်နေ့ ကစပြီး စတင်လည်ပတ်လာပါတော့မယ်။ ၂၀၁၂-၁၃ ဘောလုံးရာသီ အတွက် ကလပ်အသင်းတွေရဲ့ ကစားသမား ပြင်ဆင်ဖြည့်တင်းမှုဟာ ပြိုင်ပွဲစတင်မှုနဲ့ အတူ လှုပ်လှုပ်ရွရွဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မနှစ်က ပရီမီယာလိဂ်ပြိုင်ပွဲဟာ မန်ချက်စတာမြို့က မဟာပြိုင်ဘက် နှစ်သင်း အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ကာ မန်ချက် စတာစီးတီးက ချန်ပီယံဖြစ်သွား ခဲ့ပုံက မမေ့နိုင်စရာပဲဖြစ်ပါတယ်။ ဒီနှစ်မှာရော ဘယ်အတိုင်းအတာအထိ ရှိလာမလဲဆိုတာ စိတ်ဝင်စား စရာဖြစ်နေ ခဲ့ပါတယ်။ မနှစ်က မန်ချက်စတာ နှစ်သင်းပဲအကြိတ် အနယ်ယှဉ်ပြိုင်ခဲ့တဲ့ ပရီမီယာလိဂ်ဟာ ဒီနှစ်မှာတော့ ချယ်လ်ဆီး အသင်း ထပ်မံတိုးလာပြီး စိန်ခေါ် လာနိုင်ဖွယ်ရှိတယ်လို့ မန်ယူရဲ့ ဂုရုကြီး ဖာဂူဆန်က သုံးသပ်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။
ပြင်ဆင်မှုအားနည်းတဲ့ လက်ရှိချန်ပီယံ
လက်ရှိချန်ပီယံမန်စီးတီးဟာ ဒီရာသီမှာ ပြင်ဆင်အားနည်း နေခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရာသီတွေတုန်းကဆိုရင် ၀ယ်လွန်းအားကြီးလို့ ၀ိုင်းဝန်း ပြောဆို တာတောင် ခံခဲ့ရတဲ့အသင်းပါ။ အခု တော့ မန်စီးတီးဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ငြိမ်နေပါတယ်။ "အပြောင်းအရွှေ့ အတွက် ကျွန်တော်မပျော်ပါဘူး။ အခုအချိန်မှာ တခြားအကြောင်းတွေ မပြောချင်ပါဘူး။ ကျွန်တော်က မန်စီးတီး ရဲ့ အားကစားဒါရိုက်တာ မဟုတ်ဘူးလေ။ နောက်သုံးလေးလကြာရင် ဒီအခြေ အနေမျိုးဖြစ် မလားဆိုတာ ကျွန်တော်လည်း မသိဘူး"လို့ မန်စီးတီးမန်နေဂျာ မန်ချီနီက သူ့အတွက် ကစားသမား အသစ်တွေ ၀ယ်မပေးတဲ့အပေါ်မှာ မကျေမနပ်နဲ့ ပြောဆိုထားခဲ့ပါတယ်။ ဒီအသံထွက်ပြီးတဲ့နောက်မှာ မန်စီးတီး ဟာ အဲဗာတန်ကွင်းလယ်ကစားသမား ရော့ဒ်ဝဲလ်ကို မန်ချီနီ အတွက် ၀ယ်ပေး ထားခဲ့ပါတယ်။
"ကျွန်တော့အထင်တော့ မန်ယူဟာ ဗိုလ်စွဲမယ်လို့ ထိပ်ဆုံးက ရေပန်း စားမှာပါ။ ကျွန်တော့အသင်းက တော့ ဒုတိယ၊ ဒါမှမဟုတ် တတိယ နေရာလောက်ကပဲ ရေပန်းစားမယ် ထင်ပါတယ်"လို့လည်း မန်ချီနီက ပြောဆို ထားခဲ့ပါတယ်။
တကယ်တမ်းမှာတော့ မန်စီးတီးဟာ ဗိုလ်စွဲ မယ်လို့ ထိပ်ဆုံးက ရေပန်းစားနေခဲ့တာပါ။ မန်ချီနီဟာ အသင်းက ကစားသမားတွေ ထွက်ခွာ မသွားလို့ အသင်းကတည်ငြိမ်နေပေမယ့် မန်စီးတီးက နောက်တန်းအတွင်းနေရာ အတွက် အားနည်းနေလျက်ရှိနေပါတယ်။ မန်ချီနီကိုယ်တိုင်က အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီကိုသာ လိုချင်နေခဲ့ပြီး နောက်တန်းအတွင်းလူနေရာအားနည်း နေတဲ့အတွက်တော့ ဖြည့်တင်းလိုတဲ့ အသံထွက်လာခြင်းမရှိပါဘူး။ တိုက်စစ် မှာ အဂူရို၊ တေဗက်ဇ်၊ ဘာလော့တယ်လီ၊ ဒီဇီကိုတို့ရှိနေသလို တောင်ပံနဲ့ ကွင်းလယ်မှာ ယာယာတိုရေး၊ ဒီဂျောင်၊ ဘယ်ရီ၊ နာဆရီ၊ ဆေးလ်ဗား၊ မီလ်နာ၊ ဂျွန်ဆင်တို့အားလုံးရှိနေလို့ မန်စီးတီးရဲ့ တိုက်စစ်အတွက်တော့ သံသယ၀င်စရာ မဖြစ်အောင် ကောင်းနေ ဆဲပဲ ဖြစ်ပါ တယ်။ ဒါပေမယ့် နောက်တန်းအတွင်းလူ နေရာက ကွန်ပနီ၊ လက်စကော့တို့ကို ကာဘာပေးထားတဲ့ ဆာဗစ်၊ ကိုလို တိုရေးတို့ လောက်နဲ့တော့ မန်စီးတီးရဲ့ ပရီမီယာလိဂ်ချန်ပီယံသရဖူကာကွယ် ရေး၊ ချန်ပီယံလိဂ်ဖြတ်သန်းရေးတို့ အတွက်တော့ လုံလောက်မှု မရှိသေးတာ သေချာပါတယ်။
မနှစ်ကရာသီကာလ မှာ ကွန်ပနီ၊ လက်စကော့တို့ ဒဏ်ရာ ပြိုင်တူရသွားတဲ့အခါ ဆာဗစ်နဲ့ ကိုလို တိုရေးနဲ့ဖြတ်သန်းရာမှာ အခက်အခဲ တွေတွေ့ပြီး မန်ယူရဲ့ကျော်ဖြတ်တာကို ခံလိုက်ရပါတယ်။ လီဗာပူးနောက်တန်း အတွင်းလူ အဂ္ဂါကိုခေါ်ဖို့ အသံထွက် လာပေမယ့် အခုထိတော့ မန်စီးတီးဟာ ၀ယ်ယူခြင်းမရှိသေးပါဘူး။ ကွန်မြူနတီ ဒိုင်းပွဲမှာ ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့ပေမယ့် ဂိုးနှစ်ဂိုးပေးခဲ့ရတဲ့ အချက်က မန်စီးတီးနောက်တန်းဟာ အားလျော့ နေတယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။
မနှစ်ကရာသီမှာ မန်စီးတီးဟာ ၂၉ ဂိုးသာ အသွင်းခံခဲ့ရပေမယ့် မနှစ်က အခြေအနေနဲ့ယှဉ်လိုက်ရင် ဒီရာသီဟာ မန်ချီနီအတွက် တာဝန်ပိုကြီးတဲ့ရာသီ ဖြစ်နေခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားမယ့်အချိန်ရောက်ရင်တော့ မန်စီးတီးဟာ အကျပ်အတည်းနဲ့ကြုံတွေ့ ရဖွယ်ရှိနေပါတယ်။ အဂ္ဂါလိုနောက်တန်း လူ ကစားသမားကောင်းတစ်ယောက် လောက် အနည်းဆုံးဝယ်နိုင်ခဲ့ရင်တော့ မန်စီးတီးဟာ မနှစ်ကထ်ကတောင် ပိုပြီး တောင့်တင်းသွားမယ်ထင်ပါတယ်။ လက်ရှိအနေအထားအရတော့ ချန်ပီယံသရဖူကာကွယ်ဖို့အတွက်ရုန်း ကန်ရဖွယ်ရှိနေပါတယ်။ ပြိုင်ဘက် က မန်ယူအပြင် ချယ်လ်ဆီးပါ ဒီနှစ်ပါဝင် လာဖွယ်ရှိနေလို့ မန်စီးတီးရုန်းကန်ရမယ်လို့ ယူဆ နေမိတာပဲဖြစ်ပါတယ်။
မနှစ်ကထက်ပိုရင့်ကျက်မယ့်မန်ယူ
မန်ယူက ဒီနှစ်ဗိုလ်စွဲရန် ရေပန်းစားမှု မှာ ဒုတိယနေရာမှာရှိနေပါတယ်။ မန်စီးတီးနဲ့အပြိုင်ဖြစ်လာဦးမယ့်အနေ အထားပဲဖြစ်ပါတယ်။ မနှစ်က မန်ယူ ချန်ပီယံဖြစ်ဖို့ လက်ထဲရောက်နေပြီးမှ ပုတ်ချခံရပြီး မန်စီးတီးထံ လွှဲပေးရတဲ့ အဖြစ်က ရွန်နေတို့အုပ်စုအတွက် မမေ့ နိုင်စရာပဲဖြစ်ပါတယ်။ မန်ယူဟာ ရှင်ဂျီ ကာဂါဝါနဲ့ ဆူဝီကနစ်ပိုဝဲလ်တို့နှစ်ဦးကိုပဲ ၀ယ်ထားခဲ့ပေမယ့် ဖာဂူဆန်ဟာ သူ့ အသင်းကို မနှစ်ကတည်ဆောက်ထား တာဖြစ်လို့ အပြောင်းအရွှေ့မှာ ရှင်ဂျီ ကာဂါဝါလောက်ကိုပဲ ၀ယ်ယူဖြည့်တင်း ခဲ့တာလို့ပဲ ယူဆမိပါတယ်။
ဖာဂူဆန်ဟာ မနှစ်က စမောလင်း၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်၊ ဒီဂီယာ၊ လင်ဒစ်ဂတ်တို့ကို ၀ယ်ယူဖြည့်တင်းခဲ့တာပါ။ ပြီးတော့ အငှား နဲ့ ပို့ခဲ့တဲ့ ၀ဲလ်ဘတ်၊ ကလီဘာလေ တို့ကို ပြန်ခေါ်ပြီး ရိုင်ယန်ဂစ်၊ ပေါလ် စခိုးလ်တို့နဲ့ပေါင်းပြီး မနှစ်က ဖြတ်သန်း ခဲ့တာဖြစ်ပါ တယ်။ မနှစ်က ပြင်ဆင် တည်ဆောက်ခဲ့တဲ့အစမှာ မန်ယူဟာ နောက်ဆုံးမှာ မန်စီးတီးနဲ့အပြိုင်ဖြစ်ခဲ့ပြီး ချန်ပီယံဖြစ်လုလုအနေအထားအထိ အောင်မြင်ခဲ့ပါတယ်။
အခုအဲဒီလူငယ် တစ်စုဟာ မနှစ်ကထက် ပိုကောင်းလာ မယ်လို့ မျှော်လင့်မိပါတယ်။ ဗလင်စီယာ၊ နာနီ၊ အက်ရှ်လေယန်း တောင်ပံ အား တွေအောက်မှာ အခု ကာဂါဝါကိုပါ ထပ်ခေါ်လိုက်တဲ့အတွက် မန်ယူရဲ့ တိုက်စစ်ဟာ ရွန်နေ၊ ၀ဲလ်ဘတ်၊ ဟာနန် ဒက်ဇ်တို့နဲ့အတူ မနှစ်ကထက်ပိုကောင်း လာဖွယ်ရှိနေပါတယ်။ ကာဂါဝါ တစ်ယောက်ပဲ အသစ်ရှိခဲ့ပေမယ့် မနှစ် က လူငယ်တွေဟာ သတိထားစရာဖြစ် နေပါတယ်။ "ကျွန်တော် အကောင်းဆုံး ပုံစံနဲ့ အခြေခံတည်ဆောက်ထားတာပါ။
လူငယ်ကစားသမားတွေနဲ့ တည် ဆောက်ထားတာ ပိုပြီးရင့်ကျက်လာ သလို တာဝန်ယူမှုပိုင်းတွေလည်း ပိုကောင်းလာခဲ့ကြပါတယ်။ စီရိုနယ်ဒို၊ ရွန်နေဆိုတာကို ပြသခဲ့ပြီးဖြစ်သလို ၀ဲလ်ဘတ်၊ ဖီးလ်ဂျုံးစ်၊ ကလီဘာလေ ဆိုတာကို ဒီနှစ်မှာ မြင်တွေ့ရပါလိမ့်မယ်။ မန်စီးတီးဟာ သူတို့ရဲ့ ချန်ပီယံ သရဖူကို မကာကွယ်နိုင်ဘူး ဆိုရင် သူတို့ရဲ့မဟာ ပြိုင်ဘက်က ရယူ သွားတာပဲဖြစ် ပါ လိမ့်မယ်"လို့ ဖာဂူ ဆန်က သူ့အသင်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိတာကို ပြောပြထားခဲ့ပါတယ်။
မန်ယူရဲ့ လူငယ်အုပ်စုဟာ ဒီနှစ်မှာ မနှစ်ကထက် ပိုပြီးရင့်ကျက်တိုးတက်ကြမယ် ဆိုတဲ့အမြင်အပေါ်မှာ အလန်ဟန်ဆန် ကလည်း ထောက်ခံထားလျက်ရှိနေပါတယ်။ မန်ယူဟာ လူငယ်တွေချည်း သက်သက်မဟုတ်ဘဲ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ မိုက်ကယ်ကာရစ်၊ နာနီ၊ အီဗရာ၊ ဖာဒီနန်၊ ဗီဒစ်တို့လို သမ္ဘာတွေ လည်း ရှိထားတာကြောင့် မန်ယူဟာ မနှစ်ကထက်ကို ပိုကောင်းမယ်လို့ မျှော်လင့်ရပြီး ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ အနေ အထားမျိုး အဆင့်ရှိတဲ့ အသင်းလို့ မြင်နေမိပါတယ်။
ပြင်ဆင်ချိန်စောင့်ရမယ့် ချယ်လ်ဆီး
ချယ်လ်ဆီးပြန်လည်တည်ဆောက်နေတဲ့ အပေါ်မှာဖာဂူဆန်က မန်ချက်စတာနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကို စိန်ခေါ်မယ့်အသင်းက ချယ်လ် ဆီး ဖြစ်လာနိုင်ပြီး ချယ်လ်ဆီးဟာ ပရီမီယာလိဂ်ချန်ပီယံတောင်ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပြောဆိုထားခဲ့ပါတယ်။ ဒရော့ဘာ၊ ကာလူး၊ ဘော် ဆင်ဝါ၊ အနယ်ကာတို့ မရှိတော့ပေမယ့် အော်စကာ၊ ဟာဇက်၊ မာကိုမာရင်ဆိုတဲ့ လူငယ်တွေနဲ့ ပြင်ဆင်ဖြည့်တင်း တည်ဆောက်နေတဲ့အပေါ်မှာတော့ ချယ်လ်ဆီးဟာ အားရစရာကောင်းနေ ခဲ့ပါတယ်။
ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကိုရှုံးခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ တိုက်စစ်မှာ တောရက်စ်ဂိုးသွင်းနိုင်ပြီး ချယ်လ်ဆီးဟာ နှစ်ဂိုးသွင်းသွား တာက သတိထားစရာပဲဖြစ်ပါတယ်။ မနှစ်က ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီမီယာလိဂ်မှာတော့ အခြေအနေဆိုးခဲ့တာပါ။
တည်တည် ငြိမ်ငြိမ်နဲ့ ကစားတဲ့ပုံစံမရှိဘဲ ခြေအတက် အကျရှိခဲ့လို့ ချယ်လ်ဆီးဟာ ရာသီအဆုံး မှာ ဆိုးဆိုးရွားရွားနဲ့ အဆင့်(၆)မှာ ရပ်တည်သွားခဲ့ပါတယ်။ ထိပ်ဆုံးလေး သင်းထဲဝင်ခွင့်ရဖို့အတွက် ပရီမီယာလိဂ် ဟာ ပြိုင်ဆိုင်အားကြီးလာတာကြောင့် ခြေစွမ်းက တည်ငြိမ်နေဖို့ အရေးပါနေခဲ့ပြီဖြစ်ပါတယ်။
အော်စကာ၊ ဟာဇက်၊ မာကိုမာရင်တို့ကို ခေါ်ယူထားပေမယ့် ဒီမက်တီယိုဟာ အသင်း ကို အမြန်ဆုံး တည်ဆောက် နိုင်ဖို့အတွက်တော့ အတော် ကြိုးပမ်းရဦးဖွယ်ရှိနေပါတယ်။ အသင်းဟာ နုပျိုတဲ့အသင်းမျိုးဖြစ် သွားတာ မှန်ပေမယ့် အချိန်တော့ယူရဦးမှာပါ။ ဖာဂူဆန် ဟာ ချယ်လ်ဆီးရဲ့ပြင်ဆင် မှုအပေါ် အားရစရာ ဖြစ်နေပေမယ့် ချန်ပီ ယံလိဂ်လောက်အထိ ခြိမ်းခြောက်နိုင်ဖို့ဆိုတာကတော့ မလွယ် လောက်ဘူး ထင်ပါတယ်။ ပြင်ဆင်ချိန် တစ်ခုတော့ စောင့်ရဦးမယ် ထင်ပါတယ်။
သေချာ တာတစ်ခုကတော့ ချယ်လ်ဆီးဟာ မနှစ်က အဆင့်(၆)ရပ်တည်သလိုမျိုး တော့ ရပ်တည်မှာမဟုတ်ဘဲ အဆင့်(၄) အတွင်း တော့ ရပ်တည်မှာ သေချာနေပါ တယ်။ ဒီမက်တီယိုဟာ အဆင့်(၄) ၀င်အောင်တော့ စွမ်းဆောင်နိုင်စွမ်းရှိနေမယ်လို့ ယူဆနေမိပါ တယ်။ တစ်ခုရှိတာက မန်ချက်စတာနှစ်သင်းရဲ့ ခရီးလမ်း မှာ ချယ်လ်ဆီးဟာ ဖျက်မြင်း သဖွယ် ဖြစ်လာတာမျိုးတော့ ဖြစ်ကောင်း ဖြစ်လာဖွယ် ရှိနေပါရဲ့။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management