Ko Thaung and 3 other friends shared Ko Shin's photo.
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံး သို့သွားရောက်စုံစမ်းခဲ့ပါသည်။
တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊ ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ် ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်း ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ် ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။ ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီး ၀န်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက် ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊ “ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင် ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ် တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိမိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်း မှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း ကြားမှာ အရမ်းကျောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက် အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊ အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့ အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။ မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။ Wall Photos အင်တာနက်မှ ၀ိုင်းဝန်ကူညီပေးကြသော သူများအား ကျေးဇူးတင်ရှိကြောင်း မအေးယုအောင်၏ မိခ... စိုက်ဘဏ်ကြောင့် အကြံအိုက်နေသော ပဲခူးတိုင်းဒေသကြီး က၀မြို့ နယ်မှ တောင်သူလယ်သမားများ


3/19/2013
mykyawthiha.blogspot.com

Posted in:


0 comments:
Post a Comment