Tuesday, March 19, 2013

အိမ်ရှင်လာအိုကြောင့် မထင်မှတ်သည်များဖြစ်လာနိုင်ကြောင်း စင်ကာပူ ယူ-၂၃ အသင်းနည်းပြ သတိပေး




စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။
''စာရွက်ပေါ်မှာကြည့်လိုက်မယ်ဆိုရင်တော့ စင်ကာပူဟာ မြန်မာနဲ့ အင်ဒိုနီးရှားလောက်ကိုသာ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းဖြစ်တဲ့ လာအိုကို ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ သူတို့ဟာ အိမ်ရှင်ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ အသင်းတိုင်းကို အနိုင်ကစားနိုင်စွမ်းရှိပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ငွေတံဆိပ်ရထားတဲ့ အသင်းဖြစ်လို့ ကျွန်တော်တို့ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်''ဟု စင်ကာပူနည်းပြ ပတ်မန်နသန်က ESPN နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
http://news-eleven.com/index.php?option=com_content&view=article&id=756:2009-11-25-09-35-06&catid=55:2009-11-13-06-16-17&Itemid=124 မှ ကူးယူဖေါ်ပြသည်။

ဒိုင်လူကြီးများသည် စိတ်နေမြင့် ကြရန်လည်း အရေးကြီး သည်ဟု ဦးခင်မောင်ကြိုင် သုံးသပ်

Saturday, 21 November 2009 18:17

ဒယ်လ်တာ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က မြန်မာ နေရှင်နယ် လိဂ်တွင် တာဝန် ထမ်းဆောင် နေကြသော ဒိုင်များနှင့် ပတ်သတ်၍ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒိုင်တစ်ယောက် ဖြစ်ဖို့ဆိုတာ စည်းမျဉ်း စည်းကမ်းတွေ နားလည်နေရုံနဲ့ မရပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်နေမြင့်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ စိတ်နေမြင့်တယ် ဆိုတာက အခြေခံ စိတ်ထား ကောင်းတာကို ဆိုလိုတာပါ။ ဒိုင်တစ်ယောက်ဟာ ၀မ်းစာ အတွက် အလုပ်လုပ်တဲ့သူ မဖြစ်ရပါဘူး။ ကိုယ့်ရဲ့ ၀မ်းစာ အတွက် ဒိုင်လုပ်နေတာ ဆိုရင်တော့ နည်းနည်းတော့ လွဲနေပြီ ထင်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ပြောကြားခဲ့သည်။

ဦးခင်မောင်ကြိုင်က ၎င်းတို့အသင်း ကမ္ဘောဇကို ရှုံးနိမ့်ခဲ့သည့် ပွဲမှာ ဒိုင်ကြောင့် ပါဝင်သလို ကစားသမား များ၏ အတွေ့အကြုံ နုနယ်သေးသည့် အတွက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က ဘဏ္ဍာအခွန်ကို ကိုင်တွယ် ခဲ့စဉ်က ကစားသမား များသည် အတွေ့အကြုံ ရင့်ကျက်ကြ သဖြင့် ဒိုင်ဘက်လိုက်လျှင်ပင် အနိုင်ရအောင် မခံချင် စိတ်ဖြင့် ကစားကြလေ့ ရှိကြောင်း ၎င်းကဆိုသည်။ ဒယ်လ်တာ ကစားသမား များမှာမူ အတွေ့အကြုံ နုနယ် သေးသဖြင့် ဒိုင်ဘက်လိုက်လျှင် အားငယ်စိတ် ၀င်ကာ ရှုံးနိမ့်သွား ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ဒိုင်လူကြီး၏ ဘက်လိုက်ခဲ့ခြင်း အပေါ် မိမိအနေဖြင့် စိတ်မဆိုးကြောင်း၊ ယင်း အခြေအနေကို ၎င်းအနေဖြင့် ကြိုတွက် ထားခဲ့ပြီး ဖြစ်ကြောင်း အံ့ဖွယ် သုံးသပ် သွားခဲ့သည်။

“ကျွန်တော်တို့ အသင်းဟာ ချန်ပီယံဖြစ်ဖို့ ဆိုတာထက် ထိုက်သင့်တဲ့ အောင်မြင်မှု ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ မဖြစ် နိုင်ဘူး ဆိုပြီးတော့ စိတ်ဓာတ် ကျသွားမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ကြိုးစား နေသလို သူများတွေလည်း ကြိုးစား နေကြတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ဆက်လက်ပြောကြား သွားခဲ့သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5212:2009-11-21-12-00-39&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံအား လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း အပေါ် ဇေယျာရွှေမြေ ရှင်းလင်း

Tuesday, 24 November 2009 19:58

ဇေယျာရွှေမြေ အသင်းသည် ရတနာပုံ အသင်း၏ အကယ်ဒမီ လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း ကိစ္စအပေါ် ရှင်းလင်း ပြောကြားသွား ခဲ့ကြောင်း သိရသည်။

“မုံရွာကွင်းဟာ ကျွန်တော်တို့ အိမ်ကွင်းအဖြစ် ရရှိထားတဲ့ ကွင်းဖြစ်ပါတယ်။ အဲဒီကွင်းကို ကျွန်တော်တို့ အသင်းက ပြန်လည် ပြုပြင်မှုတွေ ပြုလုပ် နေပါတယ်။ ဒါကြောင့် သူတို့ လူရွေးပွဲ လုပ်မှာကို လက်မခံ ခဲ့တာပါ။ ဒါပေမယ့် စစ်ကိုင်းမြို့က စစ်ကိုင်းကွင်းကို သူတို့အတွက် အသုံးပြုခွင့် ပေးထားပါတယ်။ တကယ် ဆိုရင်က ဘောလုံးသမားက မန္တလေး တိုင်းအတွင်း မှာတင် အများကြီး ရှိပါတယ်။ အဲဒီလူတွေ ကုန်အောင် မရွေးဘဲနဲ့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး အင်ပါယာ လိုက်ဖြန့်နေ သလဲတော့ ကျွန်တော်လည်း မသိပါဘူး” ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း အတွက် အကယ်ဒမီ လူရွေးပွဲကို မုံရွာမြို့၊ အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရန် လျာထားခဲ့ သော်လည်း ဇေယျာရွှေမြေ အသင်းဘက်မှ ခွင့်မပြုခဲ့ သဖြင့် ချောင်းဦး ကွင်းသို့ ပြောင်းရွှေ့ကာ ကျင်းပပြုလုပ် ခဲ့ရသည်။ အဆိုပါ လူရွေးပွဲတွင် ရတနာပုံ အသင်းသည် မုံရွာမြို့မှ လူငယ် ကစား သမားလေး နှစ်ဦးကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ၎င်းတို့၏ လူငယ် ဘောလုံး အကယ်ဒမီ အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံ လုံးရှိ မြို့ကြီး ၁၃ မြို့မှ အရည်အသွေး ရှိသော လူငယ် ကစားသမား လေးများကို ရှာဖွေ ရွေးချယ်နေခြင်း ဖြစ်သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5257:2009-11-24-13-40-56&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF သဘောထားကို ဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား

Sunday, 22 November 2009 18:57

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF က ထားရှိသည့် သဘောထားကို ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ထုတ်ဖော် ပြောကြား သွားခဲ့ကြောင်း သိရသည်။

“တစ်ချို့ ပရိသတ်တွေက MFF ဟာ ရတနာပုံ အသင်းကို ဖိနှိပ် နေတယ်လို့ အမြင်စောင်း နေကြတာကို တွေ့ရတယ်။ တကယ်တော့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် ခုလို အသင်းတွေ ပေါ်ထွက်လာဖို့ ကျွန်တော် တို့ကပဲ ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရတာပါ။ အသင်းတစ်သင်း ပျက်သွားမယ်။ ကျရှုံးသွားမယ် ဆိုရင် ကျွန်တော်တို့ အတွက် ဘာအကျိုး ရှိနိုင်မလဲ။ အဖွဲ့ချုပ် အနေနဲ့ ဘယ်အသင်း ကိုမှ သာစေ နာစေ သဘော မထားဘဲ တန်းတူရည်တူ ဆက်ဆံ နေတာကို အားလုံး သေချာ ပြန်သုံးသပ် ကြည့်ရင် တွေ့ကြ ပါလိမ့်မယ်” ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

ရတနာပုံ အသင်း၏ ပရိသတ် များသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား နည်းပြချုပ် ရိုဟန် ဂါးရတ် လိုင်စင် မရှိမှုကြောင့် နည်းပြရာထူး ရပ်ဆိုင်း စေခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် MNL နည်းပြများ အားလုံး လိုင်စင်များ တင်ပြရန် သတ်မှတ်ခဲ့ပြီး ၃ ရက်အတွင်း လိုင်စင် မတင်ပြ နိုင်သူများကို နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခွင့် ရပ်ဆိုင်းခဲ့သည်။ ယင်းကာလ မတိုင်မီ အစောပိုင်းက ရတနာပုံ အသင်း၏ နည်းပြချုပ် ရိုဟန်တွင် လိုင်စင် မရှိကြောင်း အတည်ပြု ပြောကြားခြင်း ပြလုပ် ခဲ့ဖူးသည်။

“ရတနာပုံ အသင်းကို စည်းစနစ် တကျ ဖြစ်အောင် ဆောင်ရွက်ပေး နေတာက အကြောင်း ရှိပါတယ်။ သူတို့ အသင်းဟာ လက်ရှိမှာ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်း အကောင်းဆုံး အသင်းပါ။ ချန်ပီယံ ဖြစ်လာခဲ့မယ် ဆိုရင် နိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ ပွဲတွေ ထွက်ကစား ရတော့မယ်။ ဒီအခါမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီတာတွေ ရှိလာရင် နိုင်ငံတကာမှာ အရေးယူ ခံရပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို စည်းမျဉ်း စည်းကမ်းပိုင်း သေချာ ကြပ်မတ် နေတာပါ။ တကယ်ဆိုရင် ရတနာပုံ အသင်းဟာ MNL မှာ လမ်းကြောင်းမှန်ပေါ် အရောက်ဆုံး အသင်း တစ်သင်းလို့ ဆိုနိုင်ပါတယ်။ ကျန်အသင်း တွေလည်း သူတို့လို လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ ပေးနေပါတယ်” ဟု ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် MFF မှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာ အရ ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲ၌ တစ်ပွဲပျမ်းမျှ ပရိသတ် အများဆုံး အသင်း ဖြစ်ခဲ့သည်။ ၎င်းတို့၏ တစ်ပွဲပျမ်းမျှ ပရိသတ်သည် ၁၅၀၀၀ ခန့် ရှိသည်ဟု သိရသည်။ ထို့ပြင် ယင်းပြိုင်ပွဲ၌ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့သည့် ပွဲစဉ်မှာ ရတနာပုံနှင့် ရန်ကုန် တို့၏ ဗိုလ်လုပွဲ ဖြစ်ပြီး ယင်းပွဲတွင် ပ၇ိသတ် ၄၀၀၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management