Wednesday, March 27, 2013

ဥပဒေရေးရာများကို အင်န်အယ်လ်ဒီက အခမဲ့ဆွေးနွေးပေးမည်



အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သော နေပြည်တော်ကောင်စီနယ်မြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)က ဥပဒေ ရေးရာကိစ္စရပ်များကို ပြည်သူများအား အခမဲ့တိုင်ပင်ဆွေးနွေး၍ ကူညီမှုများကို ယခုလ ၁၅ ရက်မှစမှ တစ်ပတ်လျှင် စနေနှင့်တနင်္ဂနွေ နှစ်ရက် ရုံးဖွင့်ကာ ကူညီဆောင်ရွက်ပေးသွားမည်ဟု အင်န်အယ်လ်ဒီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ယခုလ ၁၁ ရက်နေ့ကပြောသည်။
"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဒီလ ၁၅ ရက်ကစပြီး နေပြည်တော်မှာ ရုံးဖွင့်မယ်။ တစ်ပတ်ကို နှစ်ရက် ရှေ့နေရှေ့ရပ် တွေက ရုံးထိုင်လိမ့်မယ်"ဟု ၎င်းက ပြောသည်။
လာရောက်ဆွေးနွေးမည့် ပြည်သူလူထုအား လယ်ယာမြေကိစ္စရပ်များသာမက အခြားဥပဒေရေးရာကိစ္စရပ်များကိုပါ ဆွေးနွေးနိုင် သည် ဟု ပြောကြားခဲ့ပြီး သက်ဆိုင်ရာမြို့နယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များက သွားလာရေးလွယ်ကူစေရန် လမ်းညွှန် ကူညီမှုများ ပြုလုပ်ရန်လည်း ၎င်းက မှာကြားခဲ့သည်။
ရုံးကို စနေနှင့် တနင်္ဂနွေနေ့တို့တွင် နံနက် ၉ နာရီမှ ၁၁ နာရီခွဲ အထိ လည်း ကောင်း၊ ညနေ ၃ နာရီခွဲမှ ၆ နာရီအထိ လည်းကောင်း ဖွင့်လှစ်မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်က ပြောကြားသည်။
"အကူအညီအတွက် ရုံးကိုသာ ရောက်အောင်လာပါ။ လိုအပ်တဲ့ စာရွက် စာတမ်းတွေလုပ်ပြီးရင် ကျန်တာကို ရှေ့နေရှေ့ရပ်တွေက တာဝန်ယူ လုပ်ဆောင်သွားပါမယ်"ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်က ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် နှစ်ပေါင်းများစွာ ဓားမဦးချ လုပ်ကိုင်ခဲ့ ပြီး လုပ်ကိုင်ခွင့်မလျှောက်ထားခဲ့သော၊ လျှောက်ထားရန် မသိခဲ့သော လယ် သမားများသည် ခွင့်ပြုမိန့်ဟူသော အကြောင်းပြချက်ဖြင့် ကျူးကျော်သူများ အဖြစ် သတ်မှတ်ခြင်းခံနေရသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက လွန်ခဲ့သည့် ရက်သတ္တပတ် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management