အဲဒီ ထိုင်းစုံတွဲဟာ ကရင်လူမျိုးကလေးမလေးကို အသက် ၇ နှစ်အရွယ်ကတည်းက တရားမဝင်ခေါ်ဆောင်သွားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက သူတို့ရဲ့အိမ်မှာ ချုပ်နှောင်ထားခဲ့တာ ဖြစ်တယ်လို့အစွပ်စွဲ ခံထားရပါတယ်။
ထိုင်းစုံတွဲရဲ့နေအိမ်က ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကလေးမလေးက သူ့ကို တခါတလေမှာ ခွေးအိမ်ထဲမှာပိတ်လှောင်ထားသလို နှိပ်စက်ညှဉ်းပမ်းမှုတွေလုပ်ခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။ ကလေးမလေးဟာ ရေနွေးပူလောင်းပြီးနှိပ်စက်တာခံခဲ့ရတဲ့အတွက် ခန္တာကိုယ်မှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတဲ့အတွက် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဘန်ကောက်ပို့စ်သတင်းစာမှာဖေါ်ပြချက်အရ အဆိုပါထိုင်းစုံတွဲအနေနဲ့ တပါးသူအပေါ် အတင်းအဓမ္မကျွန်ပြုခိုင်းစေမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်လူကုန်ကူးမှုအပါအဝင် အမှုပေါင်းများစွာကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း သိရပါတယ်။


3/11/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment