Monday, March 11, 2013

မြန်မာမှာကျင်းပမဲ့ ဆီးကိမ်း ဝေဖန်ခံရ

မြန်မာမှာကျင်းပမဲ့ ဆီးကိမ်း ဝေဖန်ခံရ

နောက်ဆုံးရေးသားချိန် 1 March 2013, 9:35 AEST
မြန်မာနိုင်ငံအဖို့ ​အရှေ့တောင်အာရှ ​အားကစားကို ​နှစ်ပေါင်း ​၅ဝနီးပါး ​ကြာပြီးမှ ​အိမ်ရှင်နိုင်ငံ ​အဖြစ် ​ပထမ ​ပွဲဦးထွက်ကို ​ကျင်းပမှာ ​ဖြစ်တဲ့ပွဲ ​နဲ့ပတ်သက်ပြီး ​မြန်မာနိုင်ငံ ​အနေနဲ့ ​ရွှေတံဆိပ် ​များများ ​ရ ​နိုင်ကိန်း ​ရှိတဲ့ ​အားကစားတွေကိုသာ ​ကစားဖို့ ​စီစဉ်တာဖြစ်တယ် ​ဆိုတဲ့ ​စွပ်စွဲဝေဖန်ချက်တွေ ​ခံနေရ ​ပါတယ်။
မြန်မာနိုင်ငံက ​အားကစား ​အမျိုးအစား ​ရွေးချယ်ရာမှာလဲ ​တချို့နိုင်ငံတွေနဲ့ ​ကျိတ်ပြီး ​ကြံစည်တာ ​ဖြစ်တယ်လို့ ​စွပ်စွဲခံနေရပါတယ်။ ​ဥပမာ ​အားဖြင့် ​ချင်းလုံးခတ်တဲ့ ​တိုင်းရင်းရိုးရာ ​အားကစားကို ​လူနဲစု ​နိုင်ငံကသာ ​ကစားကြတဲ့အတွက်ကြောင့် ​မကစားတဲ့ ​နိုင်ငံက ​ချင်းလုံးဆိုတဲ့ ​စကားကို ​ကြားတာနဲ့ ​ဒေါသ ​မမြက်တွေ ​ထွက်ကြတယ်လို့ ​ဆိုပါတယ်။
တိုင်းရင်း ​အားကစားတွေကို ​ဆုတံဆိပ်တွေ ​အများ ​အားဖြင့် ​ရာထားပြီး ​ကျွမ်းဘား၊ ​ကမ်းခြေဘော်လီဘော ​တင်းနစ် ​အားကစားတွေပါရှိမှာ ​မဟုတ်တဲ့ ​အတွက် ​ဒီအားကစားမှာ ​ပါဝင်လိုတဲ့ ​အားကစားသမားတွေက ​ခါးခါးသီးသီးဖြစ်နေကြတယ်လို့ ​ဆိုပါတယ်။
အားကစားမှာ ​ပါဝင်ယဉ်ပြိုင် ​ကြမှာဖြစ်တဲ့ ​(၁၁) ​နိုင်ငံ ​က ​စည်းဝေးပွဲ ​တွေမှာ ​အငြင်းအခုန်တွေ ​မကျေ ​နပ်မှုတွေအပြင် ​မြန်မာနိုင်ငံက ​တချို့သော ​နိုင်ငံတွေနဲ့ ​ကျိတ်ကြံ ​သဘောတူညီမှုတွေ ​ရယူ ​ထားတယ်ဆိုတဲ့ ​သင်္ကာမကင်းမှုတွေ ​ဖြစ်နေတယ်လို့ဆိုပါတယ်။
ဒီလိုမြန်မာ ​နိုင်ငံနဲ့ပေါင်းစည်း ​ကျိတ်ကြံတယ်ဆိုတဲ့ ​နိုင်ငံတွေကလဲ ​အားကစား ​ပြိုင်ပွဲတွေမှာ ​ရွေတံဆိပ် ​ရရှိမှုရလေ့ရှိတဲ့ ​နိုင်ငံတွေလို့လဲ ​ဆိုပါတယ်။
အားကစား ​အမျိုးအစားအား ​လုံးပေါင်း ​၃၃ ​မျိုး ​ပါဝင်မှာဖြစ်ပြီး၊ ​အဓိက ​အိုလံပစ်ပွဲတော်တွေမှာ ​ရေပန်းစားတဲ့ ​ပြေးခုန်ပစ်၊ ​လက်ဝှေ့ထိုး၊ ​ရေကူး ​တို့ပါဝင်ကြမှာ ​ဖြစ်ပြီး၊ ​အားကစား ​ဆုတံဆိပ် ​၃ပုံတပုံ ​ဟာ ​နပန်းသတ်ပြိုင်ပွဲတွေ ​အတွက်ဖြစ်တယ်လို့ ​ဆိုပါတယ်။
ထိုင်းနိုင်ငံက ​အရှေ့တောင်အာရှအားကစားဟာ ​မိသားစုဆန်ဆန် ​စည်းလုံးပျော်ရွှင်မှု ​ပုံစံရှိသင့် ​တဲ့အကြောင်း ​အခုအခါမှာ ​ဒီလို ​အင်္ဂရပ်တွေ ​ကင်းမဲ့နေတယ်လို့ ​ဝေဖန်သလို၊ ​ဖိလစ်ပိုင် ​နိုင်ငံကလဲ ​အားကစားမှာ ​မပြိုင် ​ဆိုင်လိုတော့ ​တဲ့သဘောမျိုး ​အကယ်၍ ​ပါဝင်မယ်ဆိုရင်လဲ ​အညံ့စား ​ကစားတွေကိုသာ ​စေလွှတ်တော့မယ်ဆိုတဲ့ ​ချိန်းခြောက်စကားတွေပြော ​နေတယ်လို့ ​သတင်းတွေမှာ ​ဖေါ်ပြထားပါတယ်။
တနှစ်ခြားတကြိမ်ကျင်းပမြဲဖြစ်တဲ့ ​အရှေ့တောင်အားကစားကို ​သန်းနဲ့ချီတဲ့ ​လူတွေ ​ကြည့်လေ့ရှိပြီး၊ ​ကြိုတင်စီစဉ်၊ ​လဒ်စားမှုတွေ၊ ​မကျေနပ်လို့ ​အားကစားကနေ ​ထွက်သွားတာတွေ ​မကျေမချမ်း
ချင်းလုံးအားကစားကို ​မြန်မာ ​တနိုင်ငံထဲကသာ ​ပြိုင်ပွဲ ​အနေနဲ့ ​ကစား ​တာ ​ဖြစ်တဲ့ ​အတွက် ​တခြား ​နိုင်ငံက ​အခုလို ​မြန်မာ ​နိုင်ငံက ​အားကစားပြိုင် ​ပွဲ ​အနေနဲ့ ​ထည့်ထားတာကို ​အကြီးအကျယ် ​အမျက်ဒေါသ ​ဖြစ်နေကြတယ်လို့ဆိုပါတယ်။
ဒေါသ ​မကျေ ​မချမ်းဖြစ်နေတာတွေကို ​ပြေလည်သွားအောင် ​မြန်မာ ​နိုင်ငံက ​ကြက်တောင်၊ ​စားပွဲတင် ​တင်းနစ်နဲ့ ​ရေကူးအားကစားတချို့ကိုပြန်ပြီး ​သဘောတူ ​ခဲ့တဲ့အတွက် ​ထိုင်း၊ ​အင်ဒိုနီးရှား ​နဲ့ ​စင်္ကပူ ​နိုင်ငံ ​တို့ကနည်းနည်ငြိမ်သွားကြတယ်လို့ ​သိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management