နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ်၊ မြန်မာနှင့် အိန္ဒိယ စစ်ဒေသကို အထူးပြု ဖော်ပြထားသည့် ဓာတ်ပုံပြပွဲ တခုကို ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တွင် သောကြာနေ့မှ စတင်ခင်းကျင်းထားသည်။

ကူမင်တန် စစ်ဦးစီးချုပ် ချန်ကေရှိတ်နှင့် ဇနီး မဒမ် ချန်ကေရှိတို့နှင့်အတူ အမေရိကန် ဗိုလ်ချုပ်ကြီး စတီးဝဲလ်အား တွေ့ရစဉ်။ (ဓာတ်ပုံ : Wikipedia)
ကျော် ပြသထားကြောင်း တာဝန်ခံတဦးအား ကိုးကား၍ တရုတ်နိုင်ငံ အခြေစိုက် ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြထားသည်။
ဧပြီလ ၂၁ ရက်နေ့အထိ ပြုလုပ်မည့် ထိုပြပွဲ၏ ဖွင့်ပွဲသို့ စစ်အတွင်း တရုတ်-မြန်မာ-အိန္ဒိယ စစ်ဒေသ၏ အမေရိကန် ဗိုလ်ချုပ်ကြီး စတီးဝဲလ်၏ မြေး အပါအဝင် ကူမင်တန် (တရုတ်ဖြူ)၏ ဂုဏ်ထူးဆောင် သဘာပတိနှင့် စစ်သည်ဟောင်းကြီးများ တက်ရောက်ခဲ့ကြသည်။
စစ်အတွင်း ထိုစစ်ဒေသသသို့ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တပ်များနှင့် အတူတိုက်ခဲ့သည့် တရုတ် စစ်သည်များ၏ သမိုင်းကို ဖော်ပြနေသည်ဟု တရုတ် ပင်လယ်ရပ်ခြား ဖလှယ်ရေးအသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
ပြည်တွင်းစစ် ဖြစ်နေသည့် တရုတ်ပြည်၏ မန်ချူးရီယားဒေသသို့ ၁၉၃၇ ခုနှစ်တွင် ဂျပန်တပ်များ စတင်ကျူးကျော်ခဲ့
ကြပြီး ဖက်ဆစ်ဆန့်ကျင်ရေး တက်ကြွသည့် တရုတ် ကွန်မြူနစ်တပ်များနှင့် ကွန်မင်တန်တပ်များ ယာယီ မဟာမိတ်ဖွဲ့ တွန်းလှန်ခဲ့ကြရာ အမေရိကန် ဦးဆောင်သည့် မဟာမိတ်တပ်များကလည်း ကူညီခဲ့သည်။
ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး စတီးဝဲလ်မှာ အိန္ဒိယ-မြန်မာ-တရုတ် လီဒိုလမ်းမကြီး ဖောက်လုပ်ခဲ့သည့် နာမည်ကျော် အမေရိကန် စစ်ခေါင်းဆောင်တဦး ဖြစ်သည်။


3/30/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment