
အကြမ်းဖက် တာလီဘန်များလက်ထဲသို့ရောက်စေရန် ရည်စူးထုတ်ဝေသည့် ပညာပေးစာအုပ်ကို ဗြိတိန် ထုတ်ဝေသူများမှ ထုတ်ဝေပေးရန် သဘောတူညီမှုတစ်ခုကို မာလာလာပြုလုပ်ခဲ့ကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည်။
မာလာလာကသူမ၏ ဘလော့ဂ်ပို့စ်တွင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “ကျွန်မအမည် မာလာလာ” စာအုပ်ကို ထုတ်ဝေရန် ဗြိတိန် Weidenfield-and-Nicholson စာအုပ်တိုက်က ပေါင် ၂ သန်း (ဒေါ်လာ ၃ သန်းခန့်) ထောက်ပံ့ခဲ့ကြောင်း ထိုသတင်းစာတွင်ရေးသားထားသည်။
မာလာလာက သူမ၏ဘလော့ဂ်တွင် “ကျွန်မအနေဖြင့် ဤစာအုပ်ကို ကမ္ဘာ့နိုင်ငံအနှံ့က လူတွေလက်ထဲသို့ ရောက်စေချင်ပါသည်။ သို့မှသာ အချို့လူငယ်များသည် ပညာသင်ကြားခွင့်ရရေးအတွက် မည်မျှ ခက်ခဲပင်ပန်း သည်ကို သိရှိကြပေလိမ့်မည်။ ကျွန်မက ကျွန်မအကြောင်းကို ပြောခြင်းသည် ပညာသင်ခွင့် မရရှိကြသည့် လူငယ် ၆၁ သန်းအကြောင်းကို ပြောခြင်းလည်းဖြစ်ပါသည်” ဟုရေးသားထားသည်။
အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်သော မာလာလာစီးလာသည့် ဘတ်စ်ကားအား တာလီဘန်အကြမ်းဖက် သမားများက ရပ်တန့်စေပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် မာလာလာ၏ ဦးခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပုံမှန်အနေအထား ရောက်စေရန် ဗြိတိန်တွင် ရက်ပေါင်းများစွာ အသက်လုပြီး ပြန်လည်ကုသခဲ့ရ သည်။ မာလာလာသည် ဆေးကုသမှု ခံယူနေစဉ်ကာလအတွင်း အမျိုးသမီးများပညာရေးအတွက် သူမကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သည်။ တာလီဘန်များကလည်း ဘာသာရေးအယူသည်းမှုဖြင့် အမျိုးသမီးများ ပညာသင်ကြားရေးကို အပြင်းအထန်ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး လှုံ့ဆော်သူ မာလာလာကိုလည်း လုပ်ကြံခဲ့ ကြခြင်းဖြစ်သည်။
မာလာလာသည် လက်ရှိအခြေအနေတွင် ဗြိတိန်၌ ဆေးကုသမှုခံယူရင်း အင်္ဂလန်တွင် ပညာဆက်လက် သင်ကြားနေကြောင်း ဂါးဒီးယန်းသတင်းစာတွင် ရေးသားထားသည်။
0 comments:
Post a Comment