အောင်ပွဲရ မြန်မာ'မွေ'အသင်း အား ဂုဏ်ပြုပွဲကျင်းပ
ကျော်ဇင်လှိုင်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

တာဝန်ရှိသူများနှင့် အားကစားသမားများ အမှတ်တရဓာတ်ပုံရိုက် နေစဉ်။
ဓာတ်ပုံ - ကျော်ဇင်လှိုင်
အဆိုပါအာရှမွေချန်ပီယံရှစ်ပြိုင်ပွဲ ကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဇူလိုင် လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံပေါင်း ၁၂ နိုင်ငံမှ အားကစား သမား ၈၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေ ဖြင့် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့ သည်။
မြန်မာနိုင်ငံအတွက်၊ရွှေတံဆိပ်ဆုများ ကို ကညောဖိုး(ခ)မျိုးမြင့်နှင့် တူးတူးတို့က ရယူနိုင်ခဲ့သည်။ ငွေတံဆိပ်ဆုကို ထွန်းထွန်းမင်း ကရရှိခဲ့ ပြီး ကြေးတံဆိပ် ဆုကို သပြေအောင်(ခ)ကိုကိုအောင်နှင့် ရွှေဖလား တို့က ရရှိခဲ့ကြသည်။
အဆိုပါဂုဏ်ပြုပွဲတွင် ရွှေတံဆိပ်ဆုရ ရှိသူ နှစ်ဦးအား တစ်ဦးလျှင်ငွေကျပ် ၁၅ သိန်း၊ ငွေတံဆိပ်ရရှိသူအား ငွေကျပ်ကိုးသိန်း၊ ကြေးတံဆိပ်ရရှိသူနှစ်ဦးအား တစ်ဦးလျှင် ငွေကျပ်လေးသိန်းခွဲနှင့် နည်းပြအား ငွေကျပ် ခြောက်သိန်း စုစုပေါင်း ငွေကျပ် ၅၄ သိန်းချီးမြှင့် ခဲ့သည်။
0 comments:
Post a Comment