အာရှ ကာယဗလနှင့် ကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ မြန်မာအမျိုးသမီးများ ၀င်ရောက်ယှဉ်ပြိုင်မည်
ကျော်ဇင်လှိုင်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ကျင်းပမည့် (၄၆) ကြိမ်မြောက်
အာရှကာယဗလနှင့် ကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အမျိုး
သမီး ကာယကြံ့ခိုင်မှု အားကစားသမားများ ပထမဆုံးအကြိမ်
ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ အားကစားသမားသုံးဦး ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ၆၅ ကီလို မီတာတန်း အမျိုးသားပြိုင်ပွဲအတွက် စိုးမိုးအောင်က ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ၀တ်ရည်ဖြိုးနှင့် အေးအေးစိုးတို့က Women Model Physique နှင့် Women Fitness Physique အမျိုးအစားနှစ်မျိုးတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
"အရင်နှစ်တွေက အမျိုးသား အားကစားသမားတွေပဲ၊၀င်ပြိုင်ခိုင်းတာ။ ဒီနှစ်တော့ အမျိုးသမီးအားကစားသမားတွေလည်း နိုင်ငံတကာ အတွေ့အကြုံရအောင် ၀င်ပြိုင်တာပါ။သူတို့ကို အခု YCDC မှာလေ့ကျင့်ပေးနေပါတယ်။ ဒီပြိုင်ပွဲမှာ အာရှနိုင်ငံအားလုံးနီးပါး ၀င်ရောက် ယှဉ်ပြိုင်ကြပါတယ်။ အိမ်ရှင် တရုတ်ဆိုရင် တော်တော်လေး ထူးချွန် တာကိုတွေ့ရပါတယ်။၊နောက်ပြီး၊ထိုင်းတို့၊ အိန္ဒိယတို့ဆိုရင်လည်း အတွေ့အကြုံ များတဲ့ နိုင်ငံတွေပါ။ ပြိုင်ပွဲမှာ အောင်မြင် ဖို့ဆိုတာကတော့ ကိုယ်နဲ့တွေ့တဲ့အသင်း အပေါ်မှာပဲ မူတည်ပါတယ်"ဟု အမျိုးသမီးအားကစားနည်းပြ ဒေါ်ရီရီဝင်းက ပြောသည်။
မြန်မာ အမျိုးသမီးများ အနေဖြင့် အမျိုးသားများကဲ့သို့ ကိုယ်ကာယ ကြံ့ခိုင်မူကို ထုတ်ဖော်ပြသရာတွင် အခက်အခဲရှိသောကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ရာမှ ယခုနှစ်မှ စတင် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီးများ အတွက် သင့်လျော်သော အားကစားဝတ်စုံများကို ညှိနှိုင်းဆောင်ရွက်သွား မည်ဟု သိ ရသည်။
အာရှ ကာယဗလအဖွဲ့ချုပ်ကို ၁၉၅၉ ခုနှစ်တွင် မြန်မာအပါအ၀င် နိုင်ငံ ခြောက်နိုင်ငံမှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၄၀ အထိ ပါဝင်လာပြီး အမျိုးသား၊ အမျိုးသမီး ကာယဗလနှင့် ကြံ့ခိုင်မှု ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးနေ ကြောင်းသိရ သည်။


3/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment