Saturday, March 16, 2013

မောင်တောမြို့နယ်တွင် ရခိုင်တဦး ကြိုးဆွဲချ သေဆုံး



Maungdaw-gateရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း
ငခူရကျေးရွာတွင် ရခိုင်တဦး ကြိုးဆွဲချ
 သေဆုံး သွားသည် ဟု သတင်းရရှိသည်။

ကြိုးဆွဲချ သေဆုံးသူမှာ ထွန်းချေ (၄၅)နှစ်


 ဖြစ်ပြီး  ကြိမ်ချောင်းကျေးရွာ အနီးရှိ  နတလရွာ လောင်းဒုံ ကျေးရွာမှ ဖြစ်သည်။ ငခူရ ကျေးရွာသို့ ဈေးဝယ်ရန် လာစဉ် ယနေ့ နံနက် ၁၁ နာရီခန့်က ဘုန်းကြီးကျောင်း တစ်ခုထဲတွင်  ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်သည်ဟု ငခူရကျေးရွာမှ ဦးဇင်း တစ်ပါးက နိရဉ္စရာသို့ပြောသည်။

“ဒီနေ့ မနက် ၁၁နာရီက မြို့သစ်ဘုန်းကြီး ကျောင်းကွင်း ဘောထီးပင် အကိုင်းမှာ လည်ပင်းကို ကြိုးဆွဲပြီး သေနေတာကို ရွာသားတွေက တွေ့ရပါတယ်။

သူမနက်ပိုင်းက ငခူရဈေးက ဈေးလာဝယ်ခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒီက အပြန်မှာ ကြိုးဆွဲချတာ ဖြစ်တယ်။ ဘာ ကြောင့်ကြိုးဆွဲ မိမိကိုယ်ကို အဆုံးစီရင်လည်း ဆိုတာတော့ မသိသေးဘူး” ဟုပြောသည်။

ယနေ့ နေ့လည် ၁၂နာရီအချိန်တွင် အဆိုပါအလောင်းကို သူနေရပ်  လောင်းဒုံရွာသို့ ယူဆောင် သွားသည်ဟု ဆိုသည်။

ကြိုးဆွဲသေဆုံးသူ ထွန်းချေမှာ သားသမီး ၃ဦးနှင့် ဇနီး သည်တို့ ကျစ်ရစ်ခဲ့သည်။
စီးပွားရေး အဆင်မပြေရာမှ ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်သည်ဟု အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management