Saturday, March 16, 2013

အသက် ၉၀ အရွယ် သတိုးသားက အသက် ၁၅ နှစ်အရွယ် သတိုးသမီး ဖခင်ဖြစ်သူကို တရားစွဲ



McDonaldဆော်ဒီအာရေးဗီးယားမှ အသက် ၉၀
အရွယ်ရှိ သတိုးသား အဖိုးကြီး တစ်ဦး
သည် အသက် ၁၅ နှစ် အရွယ် အမျိုး
သမီးငယ် တစ်ဦးနှင့် မင်္ဂလာဆောင်ရာ
 မင်္ဂလာဦးညတွင် သတိုးသမီးမှ အိပ်ရာ

ခန်းထဲ အ၀င်မခံဘဲ တံခါး ပိတ်ထားခဲ့သည်ဟု သိရသည်။


မင်္ဂလာဆောင်ပြီး နှစ်ညတိုင်တိုင် သတိုးသား အဖိုးကြီးမှ အိပ်ခန်းထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော်လည်း သတိုးသမီးမှ တံခါး ပိတ်ထားခဲ့ပြီး နောက်တစ်နေ့တွင် သတိုးသမီး ဖြစ်သူမှာ သူမ မိဘအိမ်သို့ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

သတိုးသား အဖိုးကြီးသည် အမျိုးသမီးငယ်၏ ဖခင်  ယီမင် လူမျိုးနှင့် မိခင် ဆော်ဒီအာရေးဗီးယား အမျိုးသမီးအား မင်္ဂလာခန်းဝင်ကြေး  အမေရိကန် ၁၇၅၀၀  ပေးခဲ့သည်ဟု ဆိုသည်။

မင်္ဂလာဦးည ရောက်ပြီးမှ အာဝါဟ၀ိဝါဟ မပြုလုပ်ခဲ့ရ၍  အထူး မကျေမချမ်း ဖြစ်နေသော သတိုးသား အဖိုးကြီးသည် အမျိုးသမီးငယ် ဖခင်နှင့် မိခင် ဖြစ်သူအား တရားစွဲဆိုသွားမည်ဟု ဆိုသည်။

အမျိုးသမီးငယ်ကို သူနေအိမ်သို့ ပြန်ပို့ရန် (သို့မဟုတ်) ခန်းဝင်ကြေးကို ပြန်ပေးရန် သတိုးသား အဖိုးကြီးက တောင်းဆိုသွားရန် စီစဉ်နေသည်ဟု ဆိုသည်။

ယခုအခါ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်အား ကယ်တင်ရန် ဆော်ဒီ လူ့အခွင့်အရေး လူပ်ရှားသူများက အစိုးရအား တောင်းဆိုထားပြီး ယခုကဲ့သို့ အသက်အရွယ်  ကြီးရင့်နေသူ တစ်ဦးက အသက်ငယ်ရွယ်သူ အမျိုးသမီးငယ် တစ်ဦးကို လက်ထပ် ယူခြင်း အပေါ် ရှုတ်ချ ကန့်ကွက်နေကြသည်ဟု ဆိုသည်။

သူတိုးသား အဖိုးကြီးက မိမိ အနေဖြင့် တရားဝင် လက်ထပ်ယူခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားလုပ်တာ မရှိပါဟု ပြောကြားသည်ဟု ဆိုသည်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management