Tuesday, March 19, 2013

အဖွင့်ပွဲမှာ အသင်းကြီးတွေရှောင်၊ အိမ်ကွင်းတွေ အားပေးရမယ်





ကိုလုံးအသင်းကို အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲမှ အာဆင်နယ် ကစား သမားများ။
ဓာတ်ပုံ - အေအက်ဖ်ပီ
အာဆင်နယ် - ဆန်းဒါးလန်း
အာဆင်နယ်က တိုက်စစ်တွေ အား ဖြည့်ထားပါတယ်။ ပိုဒေါစကီး (ဂျာမန်)၊ အိုလီဗာဂျီရောက်(ပြင်သစ်)၊ ကာဇိုလာ (စပိန်)တို့ပါ။ ဗန်ပါစီ ဟာ အာဆင်နယ် ကထွက်ဖို့ သေချာနေတဲ့အတွက် တိုက်စစ်ကို ဖြည့်နေတာဖြစ်ပါတယ်။ အာဆင်နယ်နောက်တန်းအားနည်းတာ ကိုတော့ ဖြည့်တင်းခြင်းမရှိပါဘူး။ ဆန်းဒါးလန်းက အပြောင်းအရွှေ့မှာ ငြိမ်နေပါတယ်။ ဗီလာနောက်တန်း သမား ကူယယ်လာကိုပဲ ခေါ်ထား ပြီး မနှစ်ကဦးစားပေးကစားသမားတွေ ဆန်းဒါးလန်းမှာရှိနေပါတယ်။ ဆန်းဒါး လန်းမှာ လူငယ်တွေများပါတယ်။ အာဆင်နယ် နောက်တန်း အားနည်းလို့ ဆန်းဒါးလန်းဂိုးသွင်းတာကို ခံရနိုင်ပါတယ်။ အာဆင်နယ် ရဲ့ အနိုင်ဟာ မပြတ်သားနိုင်လို့ ဆန်းဒါးလန်းကို ကြိုက်ပါတယ်။
ဖူလ်ဟမ် - နော်ဝစ်ခ်ျ
ဖူလ်ဟမ်ရဲ့ အရင်ပုံစံက အိမ်ကွင်းမှာ အကောင်းဆုံးကစားနိုင်ပြီး အဝေးကွင်းကျတော့ အားနည်းပါတယ်။ အခုအိမ်ကွင်းဆိုတော့ ဖူလ်ဟမ်အားထည့် ကစားပါလိမ့်မယ်။ ဖူလ်ဟမ်မှာ မာဖီ၊ ဂျွန်ဆင်၊ အီတူဟူ၊ ပိုဂရက်ညက်တို့ မရှိတော့လို့ ဒမ်ဆေး၊ ဒမ်ဘီလီတို့ကိုပဲ အားကိုးရပါမယ်။ နော်ဝစ်ခ်ျမှာက ကစားသမားအ၀င် အထွက်မရှိပါ ဘူး။ နည်းပြပြောင်းသွားတာကိုတော့ သတိပြု ရပါမယ်။ ခြေသိပ်ပြီးကွာကြတဲ့ အသင်း တွေမဟုတ်ပါဘူး။နော်ဝစ်ခ်ျရဲ့ခြေစမ်းပွဲ ရလဒ် တွေ ကောင်းတဲ့အတွက် နှစ်သင်း စလုံး ဂိုးတွေအပြန်အလှန်သွင်းသွား နိုင်တဲ့ပွဲဖြစ်ပါတယ်။ ဂိုးအများကို ဦးစားပေးရမယ့် ပွဲပါ။
ဝက်စ်ဘရွန်း - လီဗာပူး
ဒီနှစ်သင်းနောက်ဆုံးကစားထားတဲ့ ရလဒ်တွေမှာ လီဗာပူးက အနိုင်ရတာ ပိုများပါတယ်။ ၀က်စ်ဘရွန်းက နည်းပြသစ်ပါ။ မနှစ်က လီဗာပူးမှာ လက် ထောက်နည်းပြလုပ်တဲ့ စတိဗ်ကလပ်က အခုဝက်စ်ဘရွန်းကို ကိုင်နေတာဖြစ်ပါ တယ်။ လီဗာပူးကစားသမားတွေ အကြောင်းသိထားတယ်လို့ ဆိုနိုင်ပါ တယ်။လီဗာပူးမှာက ယူရိုပါလိဂ်ကစား နေပြီး ရလဒ်လည်း ကောင်းနေပါတယ်။ ဒါပေမယ့် ဂိုးသွင်း အားကတော့ အဝေးကွင်းပွဲတွေမှာ တက်လာခြင်းမရှိ ပါဘူး။ ၀က်စ်ဘရွန်းက အိမ်ကွင်းမှာ ခမ်မာမာ ကြမ်းကြမ်းတမ်းတမ်း ကစား တတ်လို့ လီဗာပူး ကစားရခက်နိုင်တဲ့ပွဲ ဖြစ်ပါတယ်။ လီဗာပူးနည်းပြသစ် ဘရန်ဒန်ရော်ဂျာနဲ့ ၀က်စ်ဘရွန်းနည်းပြသစ် စတိဗ် ကလပ်တို့ အားပြိုင်မယ့်ပွဲပါ။ သရေကျနိုင်လို့ ၀က်စ်ဘရွန်းကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။
ဝက်စ်ဟမ်း - ဗီလာ
ဝက်စ်ဟမ်းက တန်းပြန်တက်လာတဲ့ အသင်းပါ။ တန်းပြန်တက်လာလို့ ၀က်စ်ဟမ်းဟာ အသင်းကို အသစ် တည်ဆောက်နေပါတယ်။ နိုလန်၊ မာစ်နိုဆဲလ်၊ ကာလ်တန်ကိုးလ်တို့ကို အားကိုးနေပြီး ၀က်စ်ဟမ်းလူဟောင်း တွေကို ပြန်ခေါ်နေပါတယ်။ ဗီလာ နောက်တန်းက ဂျိမ်းကောလင်း၊ ဆန်း ဒါးလန်းနောက်တန်းက မက္ကာတနေး တို့ကို ခေါ်ထားပါတယ်။ ဗီလာကလည်း နည်းပြပြောင်းလဲထားပြီး နည်းပြ သစ် ပေါလ်လမ်းဘတ်ဟာ ဟော်လန်အခြေ စိုက် ကစားသမားသုံးဦးကို ခေါ်ထား ပါတယ်။ အခုပွဲမှာ တိုက်စစ်က အဘွန် လဟော်၊ တောင်ပံက အက်သရိုက်တန်၊ နောက်တန်းက ရစ်ချက်ဒန်းတို့ မပါနိုင် လို့ ဗီလာအားလျော့နေပါတယ်။ ၀က်စ်ဟမ်းအိမ်ကွင်း အဖွင့်ပွဲမို့ တင် ကစားပါလိမ့်မယ်။ ၀က်စ်ဟမ်းကို ကြိုက်ပါတယ်။
ကျူပီအာရ် - ဆွမ်ဆီး
ကျူပီအာရ်ဟာ ကစားသမားသစ် တွေ ဖြည့်နေပါတယ်။ ပတ်ဂျီဆန်၊ ဖာဘီယို၊ ဟွိုက်လက်၊ ဂျွန်ဆင်၊ ရောဘတ် ဂရင်း အများကြီးဝယ် ထားပါတယ်။ ဆွမ်ဆီးက မနှစ်ကလိုအသင်းမျိုးမဟုတ် တော့ဘူးလို့ထင်ပါတယ်။ နည်းပြပြောင်း သွားသလို ကစားသမားသုံးယောက် ကလည်း အသင်းကနေ ပြောင်းရွှေ့သွား လို့ အသစ်တည်ဆောက်နေပါတယ်။ ဆွမ်ဆီးနည်းပြသစ်ဟာ အင်္ဂလိပ် ဘောလုံးလောကမှာ အခုမှ ကျင်လည် ရမှာဆိုတော့ ဆွမ်ဆီးဟာ အချိန်ယူရဦး မယ်ထင်ပါတယ်။ ကျူပီအာရ်ဟာ အိမ်ကွင်းအဖွင့်ပွဲဖြစ်လို့ ဇာမိုရာ၊ ဆစ်ဆီ၊ ဟွိုက်လက်၊ တာရက်တို့ ဂိုးသွင်းနိုင်ဖို့ကြိုးပမ်းကြပါလိမ့်မယ်။ ကျူပီအာရ် အနိုင်ရမယ့်ပွဲပါ။
ရက်ဒင်း - စတုတ်
ရက်ဒင်းက အခုမှတန်းတက်လာတဲ့အသင်းဖြစ်ပါတယ်။ ရက်ဒင်းကို ရုရှားဘီလျံနာဇင်ဂါရီဗစ်ခ်ျက ၀ယ်လိုက်လို့ရက်ဒင်းဟာ ငွေကြေး တောင့်တင်းတဲ့အသင်းဖြစ်နေပါတယ်။ ဖူလ်ဟမ်က ပိုဂရက်ညက်၊ ဘလက်ဘန်းက ဂျေဆင် ရောဘတ်၊ နော်တင်ဟမ်ဖောရက်စ်က မက်ကလီယာရီ၊ နယူးကာဆယ်က ဂူသရီတို့ကို ၀ယ်ထားပါတယ်။ စတုတ်က ပရီမီယာလိဂ်မှာ အလယ်အလတ် အဆင့်ရှိအသင်းဖြစ် လို့ ရက်ဒင်းကို ကျော်နိုင်မယ်လို့ ထင်စရာပါ။ ဒါပေမယ့် ရက်ဒင်းက အိမ်ကွင်းမှာ စတင်ကစား ရတာဖြစ်လို့ ရက်ဒင်းအနိုင်နဲ့သရေပါ။
နယူးကာဆယ် - စပါး
နယူးကာဆယ်ကတော့ တည်တည် ငြိမ်ငြိမ်ရှိနေတဲ့အသင်းပါ။ အသင်းမှာ လီယွန်ဘက်နဲ့ ဂူသရီထွက်ခွာသွားတာ ကလွဲရင် မနှစ်က အတိုင်းရှိနေပါတယ်။ ဆီနီဂေါတိုက်စစ်မှူးနှစ်ဦး၊ ပြင်သစ် ကွင်းလယ်ကစားသမားလေးဦး၊ အာဂျင် တီးနားနှစ်ဦးတို့အပြင် အင်္ဂလိပ် တွေ ဖြစ်တဲ့ စတီဖင်တေလာ၊ ဆင်ပ်ဆန် တို့လည်း ရှိနေပါတယ်။ စပါးကတော့ နည်းပြပြောင်းလဲသွားသလို အသင်းရဲ့ တိုက်စစ်မှာ အဒီဘာယော၊ ဆာဟာ၊ ကွင်းလယ်က ကရန်ဂျာ၊ ပီနာတို့မရှိ တော့ပါဘူး။ အခုအဖွင့်ပွဲမှာ ဂါရတ် ဘေးလ်၊ စကော့ပါကားတို့ မပါနိုင် သလို မိုဒရစ်လည်းပါဖို့မသေချာတာကြောင့် စပါးအားနည်းနေပါတယ်။ စပါးအနေနဲ့ အဖွင့်ပွဲစဉ်မှာ သရေရအောင် ရုန်းကန် ကစားရနိုင်ပါတယ်။ နယူးကာဆယ်ကို ကြိုက်ပါတယ်။
ဝီဂန် - ချယ်လ်ဆီး
ဝီဂန်က မနှစ်က တန်းမဆင်းရဖို့ ရုန်းကန်ပြီး တင်ကျန်ခဲ့တဲ့အသင်းဖြစ်ပါ တယ်။ ဒီနှစ်မှာတော့ ၀ီဂန်ဟာ အသစ်ပြန် တည်ဆောက်နေ တဲ့အသင်း ဖြစ်ပါ တယ်။ ချယ်လ်ဆီးကလည်း အသစ် ပြန်တည်ဆောက်နေတဲ့အသင်းပါ။ ဒါပေမယ့် ချယ်လ်ဆီးရဲ့အားဖြည့်ထား မှုက အားရစရာကောင်းလို့ မနှစ်က ၀ီဂန်ကွင်းမှာ သရေကျသလိုမျိုးတော့ ဖြစ်လာမယ်မထင်ပါဘူး။ ချယ်လ်ဆီးရဲ့ ဩဂုတ်လပွဲစဉ်တွေဟာ ချောင်တဲ့ အတွက် တာထွက်ကောင်းအောင် ချယ်လ်ဆီးကြိုးစားပါလိမ့်မယ်။ ဒီမက် တီယိုအနေနဲ့ ရာသီအစပွဲတွေဟာ အဓိကကျနေ တာကြောင့် ချယ်လ်ဆီးကို ကြိုက်ပါတယ်။
မန်စီးတီး - ဆောက်သမ်တန်
ဆောက်သမ်တန်က တန်းတက် အသင်း၊ မန်စီးတီးက လက်ရှိချန်ပီယံ အတော့ကို ကွာနေတာ အားလုံးအသိပါ။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီးသုံးဂိုးပြတ် အနိုင်ရပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဆောက်သမ်တန်ဟာ တိုက်စစ်အားပြု ကစားတဲ့အသင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ရစ်ချီလမ်းဘတ်ဟာ မန်စီးတီးနောက် တန်းကို ဒုက္ခပေးနိုင်တဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ အိမ်ကွင်း ကစား အားကောင်းသလို ခံစစ်က အားလျော့တတ်တာကြောင့် ဆောက် သမ်တန် ဂိုးသွင်းသွားနိုင်ပါတယ်။ မနှစ်က ပရီမီယာလိဂ် နောက်ဆုံး ပွဲစဉ် မှာ ကျူပီအာရ်ဟာ မန်စီးတီးကို ဒုက္ခပေးကစားသွားသလိုမျိုး ဆောက် သမ်တန်ဟာ ကစားလာနိုင်ပါတယ်။ မန်စီးတီးအနိုင်ရပေ မယ့် သုံးဂိုးပြတ်ဖို့ မဖြစ်နိုင်တာကြောင့် ဆောက်သမ်တန် ကို ကြိုက်ပါတယ်။
အဲဗာတန် - မန်ယူ
မနှစ်က မန်ယူကွင်းမှာ ဒုက္ခပေး ကစားသွားလို့ မန်ယူရဲ့ချန်ပီယံအိပ်မက် တွေ ပျက်သွားရတာကို ဖာဂူဆန် မှတ်မိနေဦးမှာပါ။ အခု အဲဗာတန်ကွင်းမှာ မန်ယူဟာ ထပ်ပြီး ခက်ခက်ခဲခဲကစားရ နိုင်ပါတယ်။ အဲဗာတန်ဟာ ရာသီအစမှာ တာထွက်မကောင်းတတ် ပေမယ့် အဲဗာတန်ရဲ့လူငယ်ကစားသမားတွေက မနှစ်ကထက် ပိုကောင်းလာဖွယ်ရှိနေပါ တယ်။ ပီနာ-ဖယ်လိုင်နီ-ဂျီလာဗစ်အတွဲ ဟာ မန်ယူကို ထပ်ပြီး ဒုက္ခပေးလာနိုင် ပါတယ်။ မန်ယူဟာ ကာဂါဝါကို စာချုပ် ထားပြီး ဗန်ပါစီကိုလိုက်နေဆဲဖြစ်ပါ တယ်။ ခြေစမ်းပွဲတွေမှာ မန်ယူ ဟာ ဂိုးသွင်း အားနည်းနေတာတွေ့ရပါတယ်။ မန်ယူ ရဲ့ကွင်းလယ်ဟာ သိပ်ပြီးတောင့်တင်း လှတာမဟုတ်လို့ မန်ယူအခက်တွေ့သွား နိုင်ပါတယ်။ အခုပွဲက သရေကျနိုင်တဲ့ ပွဲလို့ မြင်နေမိပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management