“တစိမ်းလူ”ဗီစီဒီရိုက်ကူးရန် ပြင်ဆင်နေသော
အဆိုတော်ဉာဏ်လင်းအောင်က ပလက်ဖောင်းဘေးတွင် ရှစ်နှစ်ကြာ
ဂစ်တာတီးသီချင်းသီဆိုခဲ့ခြင်းက ယခုအချိန် သီချင်းသီဆိုမှုကို
အထောက်အကူပြုကြောင်း ပြောသည်။
“ကျွန်တော်ငယ်ငယ်ကတည်းက ဂစ်တာတီးပြီးတော့ လမ်းဘေးမှာ သီချင်းဆိုခဲ့တာ ကျွန်တော့်အတွက် ဒီအချိန်မှာ အရမ်းအထောက်အကူပြုတယ်။ ဘယ်အချိန်ပဲ သီချင်းထဆိုဆို အသံထွက်တယ်။ အိပ်ရေးပျက်တာပဲ ဖြစ်ဖြစ်ပေါ့။ အသံကို ထိန်းသိမ်းစရာ မလိုတော့ဘူး။ အပြင်မှာ အော်ဆိုနေတော့ ကျွန်တော့်အတွက် ပညာအများကြီးလည်း ရခဲ့တယ်။ ရပ်ကွက်ထဲကလူတွေက မြင်ဆရာ၊ ကြားဆရာတွေပေါ့”ဟု ဉာဏ်လင်းအောင်ကပြောသည်။
ယင်းဗီစီဒီကို မင်းမော်ကွန်း၊ ဖြိုးငွေစိုး၊ ဆန်းထွဋ်နှင့် “အသင့်ရှိသူ” အခွေတွင် ပါဝင်ခဲ့သော သရုပ်ဆောင်များအပြင် သရုပ်ဆောင်အသစ်များဖြင့်လည်း ရိုက်ကူးမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာတွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “တစိမ်းလူ” တေးစီးရီးမှာ ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာ၂၁ ရက်က ထွက်ရှိခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment