။ ရခိုင် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ဧပြီလ ၄ ရက်နေ့တွင် သံတွဲမြို့၌ ဆန္ဒပြပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက မဇ္ဈိမကို ပြောသည်။
“လူ၂၀၀ လောက်နဲ့လုပ်မယ့် ဒီဆန္ဒဖော်ထုတ်ပွဲကို မနက် ၈ နာရီကနေ ၁၀ နာရီထိ လမ်းလျှောက် ဆန္ဒဖော်ထုတ် မယ်။ မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ ကျနော်တို့ ခွင့်ပြုချက်တောင်းခံလွှာ တင်ထားပြီးပါပြီ။ မြို့နယ်မှူးကလည်း လက်ခံထားလိုက်တယ်။ သက်ဆိုင်ရာက ကန့်ကွက်မယ့် လက္ခဏာတော့ မတွေ့ခဲ့ရဘူးဗျ” ဟု ခွင့်ပြုချက် တင်ခဲ့သူ သံတွဲ လူမှုကွန်ယက် အဖွဲ့ဝင် ဦးမြင့်မိုး က ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့က သံတွဲမြို့နယ်၊ ကွေ့ချောင်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာတွင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံခဲ့ရသည့်အမှုအား စစ်ဆေးမှု နှောင့်နှေးကြန့်ကြာနေရခြင်းကို ကန့်ကွက်ခြင်း အပါအဝင်
တောင်းဆိုချက် ၇ ချက် ပါဝင်မည်ဟု စီစဉ်သူများက ဆိုသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းကလည်း ရခိုင်အမျိုးသမီးများ ဘဝလုံခြုံရေးအတွက် စစ်တွေမြို့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသေးသည်
0 comments:
Post a Comment