Saturday, March 30, 2013

သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်

Logging-truck
   ။ ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည်
ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။

“သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာတ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့ သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အလုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ” ဟု တောင်ဥက္ကလာပရှိ သစ်စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။

ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management