Monday, March 4, 2013

ဂုဏ်ယူပါသည် . . ဆရာကြီး ဒေါက်တာဒဂုန် သို့

ဂုဏ်ယူပါသည် . . ဆရာကြီး ဒေါက်တာဒဂုန် သို့

.
.
မိမိဘ၀တွင် ဗေဒင်ပညာကို သင်ယူရာ၌ “သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ” ဟူ၍ ရှိသည့်အနက် “သင်ဆရာ” မဟုတ်သော်ငြား လည်း “မြင်ဆရာ” များထဲတွင် မိမိအပေါ်၌ ကျေးဇူးအကြီးမားဆုံးဖြစ်သောဆရာကြီး ဒေါက်တာဒဂုန်” သည် 2009 ခုနှစ် ဒီဇင်ဘာလတွင် “ရာဇ၀င်ထဲမှာပုဏ္ဏား” စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ-၀ိဇ္ဇာ) ကို ဆွတ်ခူးနိုင်ခဲ့ခြင်းအတွက် ဆရာ၊ ဆရာ့မိသားစုများ နှင့် အတူ ထပ်တူထပ်မျှ ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ရှေ့ဆက်၍လည်း ကျန်းမာသက်ရှည်စွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပြီး စာပေဆုများ အကြိမ်ကြိမ်ရရှိ နိုင်ပါစေဟု ဆုမွန်များစွာဖြင့် တောင်းဆုပြုလိုက်ပါသည်ခင်ဗျား။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
= ဆရာကြီး ဒေါက်တာဒဂုန်၏ ကိုယ်ရေး ရာဇ၀င်အကျဉ်းကို အောက်တွင် ဆက်လက်ဖတ်ရှု နိုင်ပါသည်။
.
ဒေါက်တာ ဒဂုန် ၏ ကိုယ်ရေး ရာဇ၀င်အကျဉ်း
= 20.7.1948 ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အဘေးဖြစ်သူမှာ မြန်မာဘုရင် သီပေါမင်းလက်ထက်တွင် “ပညာရှိ ရာဇဂုရု” ဘွဲ့ကို ရရှိခဲ့သော နန်းတွင်းဗေဒင်ပညာရှင် “ဦးစိန္တာ” ဖြစ်သည်။ အဘိုးဖြစ်သူမှာ “ဆရာကြီး ဦးဒေါန” ၊ ဖခင်ဖြစ်သူမှာ “ဆရာကြီး ဦးရာမ” တို့ဖြစ်ပြီး  ပုဏ္ဏားနက္ခတ်ဗေဒင်ပညာရှင်မျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားလာသော ပညာရှင်တစ်ဦး ဖြစ်သည်။
= ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်ကို အစွဲပြု၍ အဘိုးဖြစ်သူက “မောင်ဒဂုန်” ဟု ကင်ပွန်းတပ် ပေးခဲ့သည်။ ယနေ့တိုင် ထိုနာမည်ဖြင့် ကျော်ကြားလူသိများလျှက် ရှိပါသည်။
= ၁၉၆၂ ခုမှ စ၍ စာပေလောက ထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကဗျာ၊ စာညွှန်း၊ ဆောင်းပါး၊ ပုံပြင်၊ ၀တ္တုတို၊ ဗေဒင်ပညာ ကျမ်းများ၊ ဘာသာရေးစာပေများစွာကို “ကလောင်အမည်အမျိုးမျိုးဖြင့်” ရေးသားခဲ့သည်။ ယနေ့အချိန်အထိ “ဗေဒင် နက္ခတ်” ကျမ်းပေါင်း (၁၀၀)ကျော်၊ ဘာသာရေး နှင့် တက်ကျမ်းပေါင်း (၈၀)ကျော်၊ အခြားအတွေးအခေါ် စာအုပ်ပေါင်း (၃၀)ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်
= ဇောတိသဝေဒ မဂ္ဂဇင်း၊ ဝေဒင်္ဂမဂ္ဂဇင်း များ၌ “အယ်ဒီတာချုပ်” အဖြစ်၊ နှစ်ပေါင်းများစွာ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။
= နက္ခတ်ဗေဒင်ပညာရပ်ကြောင့် အိန္ဒိယနိုင်ငံမှာ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် “ပထမဆုံးသော နက္ခတ်ဗေဒင် ပါရဂူဘွဲ့” (Ph.D)(Astrology) ကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် “လောကီအစီအရင်ပညာ ပါရဂူဘွဲ့” (Ph.D) (Tantra) အား လည်းကောင်း လက်ခံရရှိခဲ့သည့်အပြင်၊ နက္ခတ်ဗေဒင်ပညာနှင့် ပက်သတ်ပြီး ဆုတံဆိပ်ပေါင်း (၁၃)ဆုကို လည်းကောင်း၊ ဂုဏ်ထူးဆောင် လက်မှတ်ပေါင်း (၁၁)ခု များကိုပါ ရရှိခဲ့သည်။
= ဆုချီးမြှင့်သော တက္ကသိုလ်တွင် “နက္ခတ်ဗေဒင် ပါမောက္ခ” အဖြစ် တာဝန်ပေးအပ် ခံခဲ့ရပါသည်။ ယခုလောလောဆယ်အားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်
= အမှတ်(၁၇၅) သိမ်ဖြူလမ်း၊ ကန်တော်ကလေးရပ်ကွက်၊ ရန်ကုန်မြို့တွင် မိသားစုနှင့် အတူနေထိုင်ပြီး ဗေဒင်ပညာပို့ချခြင်း၊ စာပေရေးသားခြင်း၊ ဗေဒင် ပညာပေး စာအုပ်များ ထုတ်ဝေခြင်း၊ ဗေဒင်ဟောပြောခြင်းများကို ဆောင်ရွက်လျှက် ရှိပါသည်။
= ဆက်သွယ်ရန် – ဖုန်း/ ၀၉ ၅၁၁၃၀၅၈ (နံနက် ၈ နာရီ မှ ၁၁ နာရီ အတွင်းသာ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management