နှိုဗယ်ဆုအတွက် တင်သွင်းခံရသူ ၂၅၉ ယောက်ရှိ
နောက်ဆုံးရေးသားချိန် 5 March 2013, 11:32 AEST
နိုဗယ် ငြိမ်းချမ်းရေး ဆုအတွက် အဆိုတင်သွင်းခံရသူ
အယောက်ပေါင်း ၂၅၉ ယောက်ရှိပြီး အဲဒီထဲမှာ ပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်အနေနဲ့ တင်သွင်းခံရသူ ၂၀၉ ယောက်ရှိပြီး အဖွဲ့အစည်း ၅၀လည်း
တင်သွင်းခံရတယ်လို့ သိ ရ ပါ တယ်။ အောက်တိုဘာလ ကျရင်
နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသူ ဒါမှမဟုတ် အဖွဲ့အစည်းကို
ကြေညာမှာ ဖြစ်ပါတယ်။
ဆုရရှိသင့်သူတွေရဲ့ နာမည်စာရင်းကို နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေ၊ ပါလီမာန်အမတ်တွေ၊ နိုင်ငံတကာအစိုးရ၊ တက္ကသိုလ်ပါမောက္ခနဲ့ နိုင်ငံတကာအဖွဲ့အစည်းက ပုဂ္ဂိုလ်တချို့က အဆိုတင်သွင်း ခွင့်ရှိပြီး သူတို့အနေနဲ့ ဘယ်သူ့ကို အဆိုတင်သွင်း သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု တွေအတွက် အဆိုတင်သွင်း ခံရတာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသူ မာလာလာကတော့ အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ကန့်သတ်တဲ့ တာလီဘန် အဖွဲ့ကို အံတုပြီး အမျိုးသမီးတွေ ပညာသင်ကြားနိုင်ဖို့ ကြိုးစား လုပ်ဆောင်ရင်း သေနတ်နဲ့ ပစ်ခတ်တဲ့ ဒဏ်ကို ခံရပြီးတဲ့နောက် အဆိုတင်သွင်း ခံရတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကတော့ သူ့ရဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်မှုကြောင့် အဆိုတင်သွင်းခံရတာဖြစ်ပါတယ်။
အသက်အငယ်ဆုံး နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က အသက် ၃၂ နှစ်အရွယ် ရီမာန်နိုင်ငံက ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူက ၂၀၁၁ ခုနှစ်မှာ ရရှိပါတယ်။
နိုဗယ်ငြိမ်းချမ်းရေးဆုချီးမြင့်ခံရသူအများစုဟာ ဆုနဲ့ ထိုက်တန်သူတွေလို့ မြင်ကြပေမယ့် မထိုက်တန်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်က ဥရောပသမဂ္ဂအဖွဲ့က ဆုချီးမြင့်ခံရပြီး အဲဒီအချိန်ဟာ ဥရောပသမဂ္ဂအနေနဲ့ အဆိုးဝါးဆုံးအချိန်ခံနေရတဲ့အတွက် ဂုဏ်သရေရှိတဲ့ ဆုနဲ့ မထိုက်တန်ဘူးလို့ မြင်ကြပါတယ်။
အလားတူပဲ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဆုချီးမြင့်ခံရပြီး အဲဒီအချိန်မှာ အိုဘားမားအနေနဲ့ သမ္မတရာထူး ရခါစအချိန်ဖြစ်သလို အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်နိုင်ငံက ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုဗယ်ငြိမ်းချမ်းရေး ဆုနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

3/11/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment