Sunday, March 10, 2013

မြန်မာနိုင်ငံအတွက် ပထမဆုံးတိုက်ရိုက်သုံးနိုင်သည့်ြ၈ိုဟ်တု၂၀၁၃-၁၄ တွင် လွှတ်တင်နိုင်ရန် ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးတိုက်ရိုက်သုံးနိုင်သည့်ြ၈ိုဟ်တု၂၀၁၃-၁၄ တွင် လွှတ်တင်နိုင်ရန် ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံး တိုက်ရိုက်သုံးနိုင်သည့် ဂြိုဟ်တုတစ်လုံးကို ဂျပန်အကူအညီဖြင့် ၂၀၁၃-၂၀၁၄တွင် လွှတ်တင်နိုင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၆-၂-၂၀၁၃ ရက်က သတင်းရရှိသည်။ ဂြိုဟ်တု လွှတ်တင်ပြီးလျှင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ဓာတ်သတ္တုရှာဖွေရေး၊ သစ်တောပြုန်းတီးမှုလေ့လာရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက်များစွာ အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ဂြိုဟ်တုကို Earth Observation Satellite ဟုခေါ်သည့် ကမ္ဘာမြေလေ့လာရေးအတွက် ယခင်လို အခြားနိုင်ငံဂြိုဟ်တုများက တစ်ဆင့်ခံသုံးစရာမလိုဘဲ သတင်း အချက်အလက်များကို ယင်းဂြိုဟ်တုမှ တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထောက်လှမ်းရန် လိုအပ်သည့် သတင်းအချက်အလက်များကိုဂြိုဟ်တုထဲတွင် ထည့်ပြီးမှ လွှတ်တင်မှာဖြစ်သည့်အတွက် မိုးလေ၀သအပြင် အခြားသတင်းအချက် များပါ ရနိုင်မှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဂြိုဟ်တုကို မြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်သော်လည်း မြန်မာနိုင်ငံအတွက် ပထမဆုံး တိုက်ရိုက်သုံးနိုင်သည့် ဂြိုဟ်တုဖြစ်ကြောင်း သိရသည်။ ဂျပန်ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ သုံးကြိမ်လာရောက်ပြီး လေ့လာမှုများဆောင်ရွက်ခဲ့ကာ ဂြိုဟ်တုအသုံးပြုပုံများနှင့် ပတ်သက်၍ မြန်မာ နိုင်ငံမှ ၀န်ထမ်းများကို ဂျပန်ကခေါ်ယူ သင်တန်းပေးရန်ရှိကြောင်း သိရသည်။ ဂြိုဟ်တုကိုလာမည့်ဘဏ္ဍာနှစ်အတွင်း လွှတ်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management