ဟံသာဝတီရောင်းဝယ်ရေးစခန်းအနီးတွင် မတ်လ ၁ ရက်မှစတင်ပြီး လုံခြုံရေးအင်အားများစတင်ချထား

ဟံသာဝတီရောင်းဝယ်ရေးစခန်းအနီးတွင်
မတ်လ ၁ ရက်မှစတင်ပြီး လုံခြုံရေးအင်အားများ စတင်ချထားကြောင်းသိရသည်။
အခွန်ဌာနမှ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က ''ဒီနေ့ကစပြီး ၀င်း ထဲကို
လူအ၀င်အထွက်ပဲ လက်ခံတော့တယ်။ ကားတွေတော့ အ၀င်မရတော့ဘူး။
ဝင်းထဲကကျန်တဲ့ကားတွေကို ထွက်လို့ရ အောင် တံခါးတွေဖွင့်ထားတယ်။
ဘယ်တော့ပြောင်းရမယ်ဆိုတာ အတိအကျတော့မပြောနိုင်ဘူး။ မေတ္တာရပ်ခံထားတယ်။
မထွက်လို့အတင်းဆွဲထုတ်တာတွေမလုပ်ပါဘူး။ မထွက်ပေးဘူးဆိုရင်
အထက်ကိုတင်ပြသွားမှာဖြစ်တယ်'' ဟုပြော ကြားသည်။၁-၃-၂၀၁၃ ရက်မှစတင်ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းတွင်လူဝင်/ထွက်များကို
ပုံမှန်အတိုင်းခွင့်ပြုထားကြောင်း ၀င်ရောက်ခွင့်မပြုခြင်းအား
သိရှိလိုက်နာပါရန် မေတ္တာ ရပ်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါစခန်းမှ မပြောင်းရွှေ့ပေးပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ဆိုင်ခန်းပိုင်ရှင်များအတွက်လည်း မူလပိုင်ဆိုင်မှုထက်
ထိခိုက်နစ်နာစရာမရှိသည့် လုပ်ငန်းများကိုဆောင်ရွက်ထားကြောင်းသိရသည်။
0 comments:
Post a Comment