skip to main |
skip to sidebar

3/27/2013

mykyawthiha.blogspot.com
No comments

ကလေး
နာမယ်က အောင်သူဦး( ငယ်ငယ်က တူတူနေခဲ့သူတွေက ပွါးပွါး လို့ခေါ်ကြတယ်။ )။ ကိုဝင်းဗိုလ်
( စောရ )( ၂၀၈ ၊ ၂၁၀ ) နှင့် မသန်းသန်းအေး တို့ရဲ့ အကြီးဆုံးသား။ Hamline
University မှာ Computer engineer ကျောင်းတက်နေပါတယ်။ လူအိုရုံ နဲ့ Hamline
University ရဲ့ Computer lab မှာ အလုပ်နှစ်ခု လုပ်နေတယ်။ အဲ့ဒီနေ့မနက် ၈ နာရီက
နေ့လည် ၁၂ နာရီ အထိ အဲဒီကျောင်းမှာ အလုပ်လုပ်ပြီး ပြန်လာပြီးတာနဲ့ အွန်လိုင်းကနေ ဖုန်းအရောင်းအ၀ယ်
လုပ်တဲ့ အလုပ်လည်း လုပ်နေတဲ့အတွက် လူမဲတယောက်က ( သူနဲ့လုံးဝမသိပါ ) သူ့ကိုခေါ်ပြီး
ဖုန်းရောင်းချင်တယ်ပြောတာနဲ့ သူရယ်၊ သူ့ရဲ့သူငယ်ချင်း ကောင်မလေး
ရယ်နှစ်ယောက်သွားကြတယ်။ တွေပြီး ၀ယ်မယ်လုပ်တဲ့ အခါ လူမဲက သူ့ရဲ့ ဘက်ထရီ အိမ်မှာ
ကျန်ခဲ့တယ်ဆိုပြီး အိမ်ပြန်လိုက်ပို့ခိုင်းတယ်။ အောင်သူဦးကလည်း ဘယ်သူ့ကိုမဆို ကူညီတက်တဲ့သူဆိုတော့
ပြန်လိုက်ပို့တဲ့အချိန် လမ်းကလူရှင်တဲ့တနေရာ အရောက်မှာ သူတိုဆီက ဖုန်းနဲ့
ပိုက်ဆံအိပ် ကို နားထင်မှာ သေနတ်တေ့ပြီးတောင်းတယ်။ သူနဲ့ ကောင်မလေးက
ဖုန်းတွေပေးလိုက်တယ်။ သူက ပိုက်ဆံအိပ် ပေးဖို့ရှာနေတဲ့ အချိန်မှာ နားထင်ကို
ပစ်ထည့်လိုက်တယ်ဗျာ။ ( ကျနော့အထင်ကတော့ သူပိုက်ဆံအိပ် ရှာနေတဲ့အချိန်မှာ
သေနတ်ထုတ်နေတယ်လို့ ထင်ပုံရတယ်။ စဉ်းစားချက်ပါ။) 08 -10 - 12 ရက်နေ့လည် ၁၂ နာရီ ၄၀
မိနစ် လောက်မှာဒီဖြစ်စဉ်ဖြစ်တာပါ။ ကောင်မလေးလဲ ရဲကိုဖုန်းဆက်ပြီး
ဆေးရုံတင်လိုက်တယ်။ အဲ့ဒီအချိန်ထဲက သတိမရတော့ဘူး။ နောက်တနေ့ မနက် ၁၀ နာရီ မှာ
အသက်ပါဆုံးသွားတယ်။
0 comments:
Post a Comment