လူကုန်ကူး ခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်အမျိုးသမီး ၉ ယောက်ပါဝင်ကြောင်းလဲ သိရပါတယ်။
ကန်ချနဘူးရီမြို့နယ်က ထ မ ခမ်း ရပ်ကွက်ထဲမှာရှိတဲ့ ကာရာအိုကေဆိုင်တစ်ဆိုင်ကနေ မြန်မာအမျိုးသမီးတွေကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်အခြေစိုက် နယ်ခြားဖြတ်ကျော်မှု ဆိုင်ရာအမှုနဲ့ပတ်သက်ပြီး ကြီးကြပ်စီစဉ်ပေးသူ တာဝန်ခံ ကိုမောရစ်စ် က အခုလို ပြောပါတယ်။
ထိုင်း DSI က ၀င်စီးလိုက်တဲ့ အမှုဖြစ်တယ် ကာရာအိုကေ ဆိုင်မှာ ၀င်ဖမ်းရင်းနဲ့ မြန်မာအမျိုးသမီးတချို့ကို သူတို့ ဖမ်းမိတယ်ဆိုတဲ့အကြောင်း ပြောပြတယ်လေ၊ ဒီလိုမျိုး ကစ် တွေကြတော့ သူတို့ပဲ အကောင်အထည်ဖော်ခိုင်းတယ် လေ၊ ကျနော်တို့ကြတော့ ဒီ အင်ဖော်မေးရှင်းတွေ ရောက်လာရင်သူတို့ကိုပေး နှစ်နိုင်ငံအစိုးရက ဒီကိစ္စကို အကောင် အထည်ဖော်နိုင်အောင် သူတို့မှာ တာဝန်ရှိတယ်လေ။
မြန်မာအမျိုးသမီး ၄၀ ကျော်ဟာ ဒီကာရာအိုကေဆိုင်မှာ လိင်ဖျော်ဖြေရေးအလုပ်လုပ်ပေးနေရပြီး အခန်းထဲမှာပဲ ပိတ်လှောင်ခံထားရတဲ့အတွက် ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ထံ အကူအညီတောင်းခံသွားရာက ကယ်တင်နိုင်ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးရုံးဝန်ထမ်းတစ်ဦးက ထိုင်းဘာသာနဲ့ ပြောပါတယ်။
သူရဲ့ ပြောဆိုချက်ထဲမှာ ဟုတ်ပါတယ်။ လူတစ်ယောက်က လှမ်းပြီးအကူအညီတောင်းခံလာပါတယ်၊ အဲ့ဒါနဲ့ စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို အကြောင်းကြားပြီး သွားစစ်ဆေးတဲ့အခါမှာ တကယ်လည်း ဟုတ်နေတာ တွေ့ရတယ်။ အခန်းထဲမှာ ပိတ်လှောင်ထားတယ်။ အသက် ၁၈ နှစ်မပြည်သေးသူတွေလည်း ရှိတယ်။ အခုတော့ ရဲ က အမှုဖွင့် အရေးယူထားပြီဖြစ်တယ်။ လို့ ပါရှိပါတယ်။
မြန်မာအမျိုးသမီးတွေအပေါ် မတရားခိုင်းစေခဲ့တဲ့ ထိုင်းနိုင်ငံသား ၃ ဦးကိုတော့ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး လူကုန်ကူးမှု၊ တရားမ၀င် ပြည့်တန်ဆာလုပ်ငန်းရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ပြီး ဥပဒေအရ အရေးယူထားပြီဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

0 comments:
Post a Comment