ဘန်ကောက်တွင် ဆေးကုသမှု ခံယူနေသည့် R ဇာနည်

အဆိုတော် R ဇာနည်သည် ရှိုးပွဲများ အဆက်မပြတ်သီဆိုရင်း အလုပ်ပင်ပန်းမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဖေဖော်ဝါရီ ၁ ရက်က
သွားရောက်ဆေးကုသနေကြောင်း R ဇာနည်၏ညီ M သီဟက ပြောသည်။
သွားရောက်ဆေးကုသနေစဉ် ကာလအတွင်း R ဇာနည် အောက်ပိုင်းလေဖြတ်သွားသည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။
“လေဖြတ်တယ်လို့ အပြင်မှာပြောနေကြတာ မဟုတ်ပါဘူး။ အအေးနည်းနည်းပတ်သွားတာ။ ပြန်ကောင်းနေပါပြီ။ ဟိုမှာ နည်းနည်းထပ်နေဦးမယ်။
ဘယ်နေ့ပြန်လာမလဲတော့ သေချာမသိသေးဘူး”ဟု R ဇာနည်၏ ယောက္ခမဖြစ်သူက ပြောသည်။
ထို့ကြောင့် ယင်းမတိုင်မီကာလက စီစဉ်ပြီးဖြစ်သော ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် Y Talk ပထမနှစ်ပတ်လည်ရှိုးပွဲသို့ လာရောက် ဖျော်ဖြေနိုင်မည်
မဟုတ်ပေ။ ထို့အတူ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်ခဲ့သော တင်ဇာမော်ရှိုးပွဲ၌ စုံတွဲသီဆိုရန် စီစဉ်ထားသော်လည်း မဆိုဖြစ်ခဲ့ဘဲ R ဇာနည်၏ညီ M သီဟနှင့်သာ
တွဲဖက်သီဆိုခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment