Thursday, April 4, 2013

တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ



တောင်ကြီး အောက်တိုဘာ ၂၅

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ များ အား အောက်တိုဘာ ၁၉ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ ညီဖြစ်သူ ဦးငွေတိုး ၅၇ နှစ် (ဘ) ဦးခွေးမှာ လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်မှ TOYOTA VITZ မော်တော် ယာဉ်တစ်စီး၊ တရုတ်နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီးနှင့် ဝ၉-၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ ပျောက်ဆုံး နေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။ ဆက်လက်၍ တောင်ကြီး အမှတ်(၂) ရဲစခန်းမှ (၁/၂ဝ၁၂)ဖြင့် ရေးဖွင့်၍ ဦးငွေတိုးနှင့် အတူ ပါသွားသော လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ ကလောမြို့ရှိဖုန်းအရောင်း ဆိုင်တွင် ရောက်ရှိ နေသည်ကို သိရှိ ရသဖြင့် ၎င်းဖုန်းဆိုင် သို့သွား ရောက် စုံစမ်းရာ ဖုန်းကို အမည်မသိ လူတစ်ဦးမှ လာရောက် ရောင်းချခြင်း ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီက ငွေလာ ရောက်ယူမည်ဟု သိရှိ ရသဖြင့် ရဲတပ်ဖွဲ့ ဝင်များမှ ဖုန်းလာ ရောင်းချ သူအား စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ဇော်မျိုးစိုး (ခ)မျိုးစိုး ၂၄ နှစ်၊ (ဘ) ဦးစိုးတင့် အမှတ်(၄) ရပ်ကွက် ကလော မြို့နေ သူကို ဖမ်းဆီးရမိ ခဲ့သည်။

၎င်း၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၁၁ရက် ည ၁၁ နာရီခွဲက ညီညီဝင်း(ခ) ထက်မြက် အောင် (၁၈)နှစ် (ဘ) ဦးအောင်စိုး အမှတ်(၁ဝ) ရပ်ကွက် ကလောမြို့နယ် နေသူနှင့် အတူ ဦးငွေတိုးကို ၎င်း၏ နေအိမ်တွင် သတ်ခဲ့ပြီး TOYOTA VITZ မော်တော်ယာဉ် တစ်စီး၊ တရုတ် နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီး၊ ဝ၉- ၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေဒင်္ဂါး ဆွဲပြား (၂)ပြား၊ ကျောက်လက်စွပ် (၁)ကွင်း၊ ငွေလက်ကောက် တစ်ကွင်း စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၅ သိန်း ကျော်ကို ယူဆောင်ပြီး ဦးငွေတိုး အလောင်းအား ၎င်းမော်တော် ယာဉ်ဖြင့် တင်ဆောင်၍ ရပ်စောက်- ပင်းတယသွား ကားလမ်း လမ်းဘေး မြောင်းအတွင်း ပစ်ထား ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက် သူ ဇော်မျိုးစိုး (ခ) မျိုးစိုးနှင့် ညီညီဝင်း (ခ) ထက်မြက်အောင် တို့နှစ်ဦးကို တောင်ကြီး အမှတ် (၂) ရဲစခန်းမှ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂/ ၃၉၂/ ၂ဝ၁/ ၁၁၄အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management