Thursday, April 4, 2013

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေသော လူသေအလောင်း တစ်လောင်းကိုမြင်တွေ့





စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏
အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ်ခါးခြံဝင်းတစ်ခုတွင်   ပျားဖွတ်ရန်
ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော
လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ   (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က
တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြားသည်။“

“ဦးအောင်ဝင်းရဲ့သနပ်ခါးခြံ ဘက်မှ ပျားလိုက်ဖွတ်သူတစ်ဦး က ကြိုးဆွဲချပြီးသေဆုံးနေတဲ့လူ   သေအလောင်းကိုတွေ့ခဲ့ရတာဖြစ်  ပါတယ်””
ဟု ၎င်းင်းမြို့ခံတစ်ဦးကဆို ပါတယ်။

သစ်ပင်တွင်လူတစ်ဦးကြိုးဆွဲ  ချသေဆုံးနေခြင်းကို သက်ဆိုင်ရာ သို့ ဆက်
သွယ်မေးမြန်းရာတာဝန် ရှိသူတစ်ဦးက ““သေဆုံးသူက ဇရစ် ကျေးရွာနေ ကို—–အသက်(၄၀) နှစ်ဆိုသူဖြစ်ပါတယ်။

ပျားဖွတ်သွား တဲ့သူက လူသေအလောင်းကိုတွေ့ ရတာကြောင့် ကျေးရွာအုပ်ချုပ်
ရေးမှူး ဦးဝင်းဌေးက သက်ဆိုင် ရာ ရဲဌာနကိုအကြောင်းကြားခဲ့တာ  ဖြစ်ပါတယ်။ေ\

သေမှုသေခင်းအမှတ်  စဉ် ၁၂/၂၀၁၂အရ အရာတော် ရဲစခန်းက ဆောင်ရွက်
ထားပါတယ်”” ဟု တာဝန်ရှိသူ ရဲအရာရှိတစ်ဦး  ကပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management