အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် ဖခင်ဖြစ်သူက ခြောက်နှစ်အရွယ် ၎င်း၏ သမီးအား အရက်အတင်းတိုက်ခဲ့ကာ မတရားပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူက တိုင်ကြားခဲ့သည်ဟု သိရသည်။
ဖခင်နှင့် မိခင် ကွဲနေကြရာတွင် မိခင်က သမီးကို ပြုစုစောင့်ရှောက်နေရာမှ ဖခင်အား တလှည့် သမီးကို ပြုစုစောင့်ရှောက်ရန် တောင်းဆိုခဲ့ပြီးနောက် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ကြောင်း သိရသည်။
မတရားပြုကျင့်ခံရသူ မိန်းကလေးက ဖခင်အပြင် ဖခင်၏ သူငယ်ချင်းများကလည်း သူမကို မတရား ပြုခဲ့ကြောင်းကို ဖွင့်ဟပြောဆိုခဲ့သည်။ ဖခင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
Kottayam နှင့် Kannur အပိုင်း၌လည်း ရက်ပိုင်းဆိုသလိုပင် ယင်းကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Kannur တွင် ဆယ်ကျော်သက်မိန်းကလေးအား ဖခင် ၊ ဦးလေး နှင့် အစ်ကိုတို့က မတရားပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး Kottayam တွင်မူ ဖခင်က ဆယ်ကျော်သက်သမီးနှစ်ဦးကို မတရားပြုကျင့်ခဲ့တာဖြစ်ကြောင်း သိရသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment