စင်္ကာပူနိုင်ငံ၏ နာမည်ကြီးအလယ်တန်းကျောင်းတစ်ခုမှ အသက်(၃၂)နှစ်အရွယ်ဆရာမက အသက်(၁၅)နှစ်အရွယ် ကျောင်းသားနဲ့ လိင်အမှုပြုခဲ့တာ ဝန်ခံလိုက်တာမို့ ဗုဒ္ဓဟူးနေ့တွင် သူမအား အမှုနှစ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ထိုဆရာမဟာ အိမ်ထောင်ရှိသူ ကလေးနှစ်ယောက်အမေဖြစ်ပြီး မနှစ်က ကျောင်းမှ Student Leader Camp နိုင်ငံခြားခရီးထွက်စဉ်တွင် ယင်းကျောင်းသားဖြင့် ငြိစွန်းခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။
ခရီးစဉ်အတွင်း လှေမတော်မဆဖြစ်ရာမှ ဒဏ်ရာအနည်းငယ်ရရှိသွားတဲ့ ကျောင်းသားနဲ့ သူမ နီးကပ်သွားခဲ့ပြီး ကျောင်းသားက သူမကို အတွင်းရေးတွေ စတင်ပြောပြပြီး နှစ်ယောက်သား ဖုန်းနံပါတ်တွေ အလဲအလှယ်လုပ်ကာ နောက်မကြာမီတွင် တစ်ဦးနှင့်တစ်ဦး ချိန်းတွေ့သည့် အဆင့်သို့ ရောက်ရှိခဲ့ကြတာဖြစ်ကြောင်း သိရသည်။
သူတို့ နီးစပ်ခဲ့တဲ့ နှစ်လတာကာလအတွင်းမှာ လိင်အမှု အကြိမ်ကြိမ် ပြုခဲ့ကြတာဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာကဆို သူမက ကျောင်းသားကို သူမ၏ တိုက်ခန်းသို့ ခေါ်ဆောင်ခဲ့ကာ ကျောင်းသားအား ပါးစပ်ဖြင့် လိင်အရသာ ပေးခဲ့ကြောင်းလည်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီမှ ကျောင်းသားမိဘများက သူတို့နှစ်ဦး၏ မရိုးမသား ဆက်ဆံရေးအတွက် ရင်ဆိုင်ဖြေရှင်းမှ ယခုလို အမှန်ပေါ်လာခဲ့တာ ဖြစ်ကြောင်း သိရသည်။
ထိုဆရာမ၏ အမှုကို အောက်တိုဘာ(၂၉)ရက်နေ့က စီရင်ချက်ချမှာဖြစ်ပြီး အမှုတစ်မှုချင်းစီအတွက် အနည်းဆုံးထောင်ဒဏ် တစ်နှစ် ကျခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
ထိုပြစ်မှုမျိုးအတွက် အမြင့်ဆုံးထောင်ဒဏ် (၁၀)နှစ်နှင့် အမှုတစ်ခုချင်းစီအတွက် ငွေဒဏ်များလည်း ကျခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment