Thursday, April 4, 2013

ဗုဒ္ဓရုပ်ပွားတော်အား နမ်းနေသည့် ဓာတ်ပုံရိုက်သော ကမ္ဘာလှည့်များကို သီရိလင်္ကာအစိုးရ ထောင်ဒဏ်ချမှတ်

ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နမ်းနေသည့် ဓာတ်ပုံရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၃ ဦးကို သီရိလင်္ကာအစိုးရက ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီး တစ်ဦးလျင် ၁၀ ဒေါ်လာစီ ငွေဒဏ်ရိုက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ၎င်းတို့ ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံတွင် အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်၏ နှုတ်ခမ်းအား နမ်းနေသည့် ပုံစံနှင့် အခြား ဓာတ်ပုံတစ်ပုံတွင်လည်း အမျိုးသားတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်နှင့် ပုံစံတူပြုမူ၍ ဓာတ်ပုံအရိုက်ခံထားသည်ကို တွေ့ရကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောကြားသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်သော အဆိုပါ ကမ္ဘာလှည့်ခရီးသွား ၃ ဦး၏ ယဉ်ကျေးမှုမရှိသော အပြုအမူကြောင့် အပြစ်ပေး အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် သီရိလင်္ကာဥပဒေကို ချိုးဖောက်ရုံမျှမက မိမိနှင့် ကိုးကွယ်ရာမတူသော ဘာသာတရား၏ အထွတ်အမြတ်ထားရာတို့ကိုလည်း လေးစားမှုရှိရမည်ဟူသည့် ကမ္ဘာတစ်ဝန်း ယဉ်ကျေးမှုရှိသည့် လူ့အသိုင်းအဝိုင်းက နားလည်လက်ခံထားသော သတ်မှတ်ချက်ကိုလည်း စော်ကားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်ဝေဖန်လိုက်သည်။ ယခုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ထိုကဲ့သို့ ဘာသာရေးအရ မလေးမစားပြုမူနေထိုင်ခြင်း မပြုလုပ်ကြရန် တောင်းဆိုတိုက်တွန်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထောင်ဒဏ်ချမှတ်ခံရသော ပြင်သစ်ကမ္ဘာလှည့် ၃ ဦးမှာ ၎င်းတို့ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ပရင့်ထုတ်ယူရန် ဓာတ်ပုံဆိုင်တစ်ဆိုင်သို့ သွားရောက်ဆောင်ရွက်စဉ် ဆိုင်ရှင်က ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

1 comments:

Anonymous said...

1xbet korean sports betting
1xbet 메리트 카지노 korean sports betting. 1xbet korean sports betting. 1xbet korean 1xbet korean sports betting. 1xbet korean sports หาเงินออนไลน์ betting. 1xbet korean sports betting. 1xbet korean

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management