Thursday, April 4, 2013

သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးလို သတိမပြုမိလိုက်တဲ့ အမှားကြီး တစ်ခု မလုပ်မိကြဖို့ တိုက်တွန်းခြင်း



https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc7/388021_4392854140868_2068329719_n.jpg
ကျွန်တော် ကိုဖိုးတရုတ် ငယ်ငယ်က အင်မတန်သဘောကျ လေးစားရတဲ့ သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးဆီ အခုအချိန်ထိ သတိရ အောင့်မေ့နေဆဲပါ။ သူ့ဇာတ်ကား ရုပ်ရှင်တော်တော်များများကို အားပေးကြည့်ရှုခဲ့တဲ့ ပရိတ်သတ် တစ်ယောက်ဆိုလည်း မှားမယ် မထင်ပါဘူး။

ဒါပေမဲ့ ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ (၅) နာရီမှာ အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်အတွင်း ရုတ်တရက် ကွယ်လွန်သွားကြောင်း နောက်နေ့ (၁၂) ရက်နေ့မှာ သတင်း ကြားလိုက်ရပါတယ်။ သတင်း ကြားကြားချင်း ရင်ထဲမှာ အားလျော့သွားသလို ၀မ်းနည်းသွားသလို ခံစားရပါတယ်။ သန်မာကြံ့ခိုင် ပျော်ရွှင်တက်ကြွနေတဲ့ ဒွေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ချက်ချင်း လက်ငင်း လူ့လောကကြီးထဲကနေ ထွက်သွားရတာလဲ ဆိုတာ စဉ်းစားရ အခက်တွေ့သွားစေခဲ့တယ်။

ဂျာနယ်မီဒီယာတွေမှာ နှလုံးရောဂါနဲ့ ဆုံးသွားသလို ဖော်ပြကြတယ်။ တချို့ လူ့အသိုင်းအ၀ိုင်းမှာကျတော့လည်း အလုပ်တွေ ပင်ပန်းပြီး ရုတ်တရက် အမောဆို့ကာ သေဆုံးသွားကြသလို ပြောနေကြပြန်တယ်။ တချို့နေရာတွေမှာကျတော့ လုပ်ကြံခံရတာလို့ ကြားရတာလည်း ရှိပါတယ်။ သတင်းတွေက အမျိုးမျိုး အဖုံဖုံကြားခဲ့ရပါတယ်။

ခင်ပွန်းသည် ဈာပနာ တက်ရောက်ခဲ့တဲ့ သူ့အမျိုးသမီး မိုးမိုးကိုလည်း အင်မတန်မှ ကိုယ်ချင်းစာ သနားဂရုဏာ ဖြစ်မိပါတယ်။ နောက်ပိုင်းမှာတော့ သေဆုံးရတာနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအ၀ိုင်း လောကမှ ခိုင်လုံတဲ့ သတင်းကို ရရှိခဲ့ပါတယ်။

ဘာကြောင့် သေဆုံးရတာလဲဆိုရင် "ရာဘ" (ခေါ်) မြင်းဆေး အလွန်အကျွံ သုံးစွဲကြောင်း သိခဲ့ရတာပါ။ မသေဆုံးခင်မှာ ဒွေးဟာ ညမအိပ်ဘဲ (၄) ရက်ဆက်တိုင် ဆေးအရှိန်ကြောင့် မရပ်မနား အလုပ်လုပ်နေရင်းကနေ ဆေးအရှိန်ကျလာခဲ့ပါတယ်။ အဲဒီနောက် ပုံမှန် ကိုယ်ခံစွမ်းအားကလည်း လွန်ခဲ့တဲ့ (၄) ရက်မှာ ဆက်တိုက် လုပ်ခဲ့ရလို့ အားအင်ကုန်ခန်းသွားပြီး ရုတ်တရက် နှလုံးခုန် ရပ်သွားတာပါ။ တကယ်လို့ ဒွေးအနီးအနားမှာ အမြဲတမ်း အကူတစ်ယောက် ရှိနေမယ်ဆိုရင် ကယ်တင်နိုင်ပါလိမ့်မယ်။ ယခင်တုန်းကလည်း သတင်းမျိုးစုံ ကောလဟာလရော အတင်းအဖျင်းတွေပါ ရောနှောသိခဲ့ရတော့ အခု ဒီသတင်းလည်း ကြားကြားချင်း ကျွန်တော် ကိုဖိုးတရုတ် သိပ်မယုံကြည်ရဲသေးပါဘူး။ ဒါပေမဲ့ ယခင် သူ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာကြည့်တဲ့အခါ ဖြစ်နိုင်ကြောင်း/ မှန်ကန်နိုင်ကြောင်း အထောက်အထား တစ်ခု ရခဲ့ပါတယ်။

ဂျာနယ် မီဒီယာ တစ်ခုနဲ့ အင်တာဗျူးရာမှာ သူ့အနေနဲ့ တစ်နေ့ကို ပုံမှန် အိပ်ချိန် (၄) နာရီဘဲ အိပ်ကြောင်း၊ ကျန်တဲ့အချိန်များမှာ ကိုယ်ပိုင် စီးပွားရေး အလုပ်လုပ်ချိန်၊ ဇာတ်ကား ရှုတင် ရိုက်ချိန်၊ ဇာတ်ဝင်ခန်းအတွက် စာမူ Dialogue များ လေ့ကျင့်ချိန်၊ ထမင်းစားအနားယူချိန် အစရှိသဖြင့် အစီအစဉ်တကျနဲ့ နေ့တိုင်း လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။ လူတစ်ယောက်က တနေ့ကို (၄) နာရီဘဲ အိပ်ပြီး နေ့စဉ်ရက်ဆက် အလုပ်တွေ အများကြီး လုပ်နိုင်တာ ဘာကြောင့်ပါလဲ??? မှန်ကန်သေချာတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေအရ လူတစ်ယောက်ဟာ ပုံမှန် တနေ့ကို အနည်းဆုံး (၆) နာရီမှ (၇) နာရီ အိပ်ရကြောင်း ဖတ်ခဲ့ရပါတယ်။

ဒွေးရဲ့ ပုံမှန် အိပ်ချိန်ဟာ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ တခြားစီဖြစ်နေကြောင်း စတင် ရိပ်မိလာတယ်။ အဲဒီတော့ ခုနက ကြားတဲ့ သတင်းနဲ့ ဆက်စပ် တွေးတောလိုက်တဲ့အခါ ပိုမို ဖြစ်လာနိုင်ကြောင်း သိလိုက်ရခဲ့တယ်။

ယနေ့ လက်ရှိ အနုပညာ လောကမှာလည်း အခုလို "ရာဘ"/ မြင်းဆေး တွေကို သုံးစွဲနေကြတုန်းပါ။ မိမိ အောင်မြင်ကျော်ကြားဖို့အတွက် သုံးစွဲတာ ဟုတ်သလို ကြိုက်နှစ် သဘောကျလို့ သုံးစွဲနေတာတွေ၊ အရှိန်မထိန်းနိုင်ဘဲ ဆက်လက် သုံးစွဲနေတာတွေလည်း ရှိနေကြပါတယ်။

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ အသိပေးချင်တာကတော့ အခုလို ရာဘဆေး၊ မြင်းဆေးတွေကို စမ်းသုံးကြည့်တာတောင် လုံးဝ မလုပ်မိစေလိုပါဘူး။ လုပ်မိပြီးလို့ ဖြတ်လို့ မရရင်လည်း သက်ဆိုင်ရာ မိဘဆွေမျိုး ပညာရှင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ဖြတ်တောက်ဖို့ နည်းလမ်း အကူအညီများ အမြန်ဆုံး ရယူလိုပါတယ်။ အနာဂါတ်အတွက် ထွန်းတောက်အောင်မြင်နိုင်ပြီး ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်မဲ့ လူငယ်လူရွယ်၊ လူကြီးလူကောင်းတွေလည်း သရုပ်ဆောင် ဒွေးလို အရှိန်လွန် သုံးစွဲမိပြီး မထိန်းနိုင် မကယ်နိုင် မဖြစ်ရလေအောင် ဆေးသုံးစွဲမှု ရှောင်ကြည်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

1 comments:

sabeabella said...

MGM Resorts Announces Multi-Year Expansion of Casino
Casino resorts 이천 출장안마 and lounges, casino resorts and lounges, and lounges 광양 출장안마 in the 경기도 출장샵 Marina 영천 출장안마 District are being 창원 출장마사지

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management