Thursday, April 4, 2013

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ


ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်အရွယ် အီရန်နိုင်ငံသား အမျိုးသားက ၎င်း၏အိမ်တွင် သူမအား အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့ပါသည်ဟု ရဲများကို တိုင်ကြားခဲ့ရာတွင် သူမအား ကြားနာစစ်ဆေးချက်များအရ နောက်ဆုံး၌ သူမကိုယ်တိုင်က နှစ်ဦးသဘောတူ အတူနေခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
သူမနှင့် သူမသူငယ်ချင်းအဖွဲ့ဟာ ထိုအီရန်အမျိုးသားနှင့် safari ခရီးအကြိုစီစဉ်မှု၌ တွေ့ဆုံခဲ့ကြကာ ခရီးစဉ်အပြီး၌ သူမက ထိုအမျိုးသား နေအိမ်တွင် အနားယူရန် ကျန်ရစ်နေခဲ့ကာ ထိုအမျိုးသားက သူမ၏ သူငယ်ချင်းအား ပြန်ပို့ခဲ့ကြောင်း ၊ ရေမိုးချိုး အနားယူပြီးနောက် သူမတို့နှစ်ဦးသဘောတူ လိင်မှုပြုခဲ့ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ဝန်ခံခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် ထိုအမျိုးသားက သူမအား အဓမ္မပြုကျင့်ခဲ့ပါသည်ဟု စွပ်စွဲခဲ့ပြီး ထိုအမျိုးသားက ၎င်းတို့နှစ်ဦးသဘောတူ လိင်မှုပြုခဲ့ခြင်းသာဖြစ်၍ နှစ်ဦးသဘောတူ ဖြစ်ပျက်ပြီးနောက်ပိုင်းတွင် သီလရှင်က သူမအား ယူအေအီးငွေ ဒက်ဟမ်းတစ်သိန်းခွဲမပေးပါက သူမအား အဓမ္မပြုကျင့်သည်ဟု အမှုစွဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်တောင်းဆိုခဲ့သည်ဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထိုသီလရှင်အား ရဲများကို မှားယွင်းစွာ သတင်းပေးပို့မှုဖြင့်သော်လည်းကောင်း ၊ လက်ထပ်ထိမ်းမြားမှုမရှိဘဲ လိင်မှုပြုခဲ့သည့် ၎င်းတို့နှစ်ဦးအား ယူအေအီးနိုင်ငံဥပဒေဖြင့် တရားစွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management