အင်္ဂလန်နိုင်ငံရှိ လုံခြုံရေးအဆင့်မြင့်သော Wakefield ထောင်ကြီးထဲတွင် မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ခဲ့၍ တသက်တကျွန်း ထောင်ဒဏ်ကျခံနေရသော ထောင်သမားနှင့် ယင်းထောင်တွင် လုပ်သက်(၁၅)နှစ်ကြာ လုပ်ကိုင်ခဲ့သော အသက်(၄၇)နှစ်အရွယ် သူနာပြုဆရာမ တစ်ဦးတို့ဟာ အခန်းထဲ လိင်ဆက်ဆံခဲ့ကြတာကို သူမ၏ လုပ်ဖော်ကိုင်ဖက်က အပြင်က အခန်းစောင့်ပေးခဲ့တာကို တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူနာပြုဆရာမက မုဒိမ်းမှုဖြင့် တသက်တကျွန်း ထောင်ကျနေသည့် ထောင်သားအား ငွေဖြည့်ဖုန်းကဒ် ဝယ်ပေးခဲ့ကာ အချင်းချင်း sms တွေပို့ပြီး ဆက်သွယ်ခဲ့ကြကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဝန်ထမ်းများတောင် ထောင်ထဲယူခွင့်မရသည့် ဖုန်းကို ထောင်သားလက်ထဲ၌ ဆင်းမ်ကဒ်နှင့်အတူ ရှိနေတာကို သူမ၏လုပ်ဖော်ကိုင်ဖက် အားလုံးက သိရှိခဲ့ကြပြီး သူမနှင့် ထောင်သား၏ မရိုးမသားဆက်စပ်မှုကို အထက်ကို အသိပေးဖို့ ပျက်ကွက်ခဲ့ကြကြောင်း သိရသည်။
ထိုထောင်သားက သူနာပြုလုပ်ကိုင်လျက်ရှိသော healthcare centre တွင် တက်ရောက်ကုသနေသည့် လူနာဖြစ်ကာ သန့်ရှင်းရေးလည်း လုပ်ကိုင်လျက်ရှိသူဟု သိရသည်။
ထောင်သားတွင် ဖုန်းလက်ဝယ်ပိုင်ဆိုင်မှုရှိနေတာကို သိရှိသွားတဲ့ ထောင်ဝန်ထမ်းအချို့နှင့် ညှိနှိုင်းဆဲကာလတွင် ယင်းထောင်ဝန်ထမ်းထဲ အပါအဝင်ဖြစ်သည့် သူနာပြုဆရာမ၏ ခင်ပွန်းကို ထောင်သားက သူနှင့် သူနာပြုတို့ မဖွယ်မရာ စပ်ယှက်မှုအကြောင်းကို ဖုန်းဆက် ပြောဆိုခဲ့ပြီးနောက် သူနာပြုက နှစ်ရက်ကြာ sick leave ယူခဲ့ကာ ထောင်သားဟာသူမအား အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ကြားရာမှ ထိုအမှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment