လန်ဒန်မြို့ မြောက်ပိုင်းတွင် ပြီးခဲ့တဲ့ သောကြာနေ့က ကျောင်းကားပေါ်မှ ဆင်းလာတဲ့ (၁၁)နှစ်ကျောင်းသူဟာ အမည်မသိသူရဲ့ အတင်းအဓမ္မ ပန်းခြံထဲ ခေါ်ဆောင်သွားခြင်းကိုခံရပြီး နှစ်နာရီကြာ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း တနင်္ဂနွေနေ့တွင် ရဲများက အတည်ပြု ပြောဆိုခဲ့သည်။
ညနေ(၄)နာရီခွဲတွင် ကျောင်းကားပေါ်က ဆင်းလပြီး အိမ်ပြန်ဖို့ လမ်းလျှောက်လာသော ကျောင်းသူကလေးဟာ မိမိနောက်ကို ယောက်ျားတစ်ဦး လိုက်လာတာကို သတိထားမိတဲ့အတွက် ရှောင်ရှားနိုင်ရန် လမ်းများကို အကြိမ်ကြိမ်ဖြတ်ကူး၍ မျက်ခြေဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတွင် ထိုအမျိုးသားက သူမကို တွေ့ရှိ ခြေရာခံမိသွားပြီး လမ်းပေါ်မှနေ အနီးရှိ Jubilee Park ထဲသို့ ခေါ်ဆောင်သွားပြီးနောက် နှစ်နာရီကြာအောင် သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
သူမအတွက် စိတ်ပူပန်နေကြသော မိဘများအိမ်သို့ ညနေ(၈)နာရီမှ ပြန်ရောက်လာခဲ့ကာ ဒဏ်ရာများစွာလည်း ရရှိခဲ့ကြောင်း သိရသည်။
ယခုအခါ သူမသည် ဆေးရုံ၌ ခွဲစိတ်ကုသမှုခံယူနေရပြီး မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများကို အထူးဖော်ထုတ်နေသော ဌာနမှ အရာရှိများက ယင်းမုဒိမ်းကောင်ကို ဖော်ထုတ်နိုင်ရန်အလို့ငှါ ကျောင်းသူလေးအား အဖြစ်အပျက်ကို မေးမြန်းလျက်ရှိကြောင်း သိရသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment