Thursday, April 4, 2013

ဗိုလ်ချုပ်ကို မလုံ့တလုံပုံတွေ ပို့ခဲ့သော အမျိုးသမီးအရာရှိများ လိင်အမှုဖြင့် ရင်ဆိုင်နေရ


အမေရိကန်ပြည်ထောင်စုရှိ အမျိုးသမီးအရာရှိနှစ်ဦးဟာ ဗိုလ်ချုပ်ကို မလုံ့တလုံပုံတွေ ပို့ခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့တွင် လိင်အမှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုအမျိုးသမီးအရာရှိက ပြောရာတွင် ဗိုလ်ချုပ်က သူမ၏ မလုံ့တလုံပုံများ ပို့ပေးဖို့ ပြောခဲ့သောကြောင့် အင်တာနက်စာမက်နှာများပေါ်ရှိ မျက်နှာမမြင်ရသည့် ရင်သားပုံနှင့် မလုံ့တလုံ ဗွီဒီယိုဖိုင်အချို့ကို ပို့ပေးခဲ့တာဖြစ်ကြောင်း သိရသည်။
ထိုဗိုလ်ချုပ်က သူ၏မိန်းမမဟုတ်တဲ့ အမျိုးသမီး ငါးဦးနှင့် ဆက်နွယ်ပတ်သက်မှုတွေရှိနေတဲ့အတွက် စစ်စည်းကမ်းအရ ပြစ်မှုကျူးလွန်နေသောကြောင့် စစ်ဆေးမှုတွေ ခံရတော့မှာဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် အာဖဂန်နစစ္စတန်တွင် တာဝန်ထမ်းဆောင်နေသော ယင်းဗိုလ်ချုပ်အား ပြစ်မှုစစ်ဆေးရန် ပြီးခဲ့သည့် မေလကတည်းက Carolina မြောက်ပိုင်းကို ပြန်ပို့ခဲ့ကြောင်း သိရသည်။
ဒုတိယ အမျိုးသမီးအရာရှိကတော့ သူမ၏အထက်အရာရှိဟာ ဖိအားသုံး၍ ပါးစပ်ဖြင့် သုံးကြိမ်တိုင်တိုင် လိင်အမှုပြုစေခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ဒီလိုမှမပြုရင်သူမနှင့် သူမ မိသားစုအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့သည်။
စစ်ခုံရုံး၏ ပြစ်ဒဏ်ချမှတ်ချက် စနစ်များတွင် အနည်းဆုံးထောင်ဒဏ်ဘယ်လောက် ၊ ဘယ်လိုပြစ်ဒဏ်ကျခံရနိုင်ရသည်ဟူသည့် ပြစ်ဒဏ်စီရင်ချက်အတိအကျမရှိတာဟာ ဗိုလ်ချုပ်အနေနဲ့ ပြစ်ဒဏ်ကျူးလွန်နိုင်ပေမယ့် ပြစ်ဒဏ်ချခံရခြင်းမျိုး မရှိဘဲ ရာထူးလျှော့ချခြင်း ၊ အနားယူခြင်း စသည်တို့အတွက် ဖိအားပေးခံရနိုင်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management