7 Days သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံအား ကိုယ်ထိလက်ရောက် ပြုမူခဲ့သော ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက အောက်တိုဘာ (၁၈)ရက်နေ့တွင် အမှုရုံးချိန်းရှိရာ ရန်ကင်းမြို့နယ် တရားရုံးသို့ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်အတူ လာရောက်ခဲ့ကြောင်း သိရသည်။
တစ်နာရီ ၁၅မိနစ်ကြာ စစ်ဆေးခဲ့သော တရားခွင်ပြီးဆုံးပြီးနောက် လူတွေရှင်းသွားသောအခါမှ ၎င်းတို့ဇနီးမောင်နှံကပြန်ဖို့ တရားရုံးအပြင် ထွက်လာရာဝယ် ၎င်းတို့အား သတင်းယူရန် စောင့်ဆိုင်းနေသော သတင်းထောက်များက သတင်းယူရန် မေးမြန်းဓါတ်ပုံရိုက်စဉ် ဇူးမြတ်ထက်က သတင်းထောက်များကို ရိုင်းစိုင်စွာဆဲဆိုခြင်း ၊ မော်တော်ယာဉ်ထွက်ခွာရာတွင် လက်ခလယ်ထောင်ပြခဲ့ခြင်း စသည့် မယဉ်ကျေးသည့် အပြုအမူများ ပြုမူခဲ့ကြောင်း သိရသည်။
ကားမထွက်ခွာခင် သတင်းယူရန် ဇူးမြတ်ထက်၏အနီး အရှေ့ဆုံးတွင် ရှိနေသည့် ပြည်မြန်မာဂျာနယ်မှ အမျိုးသမီးသတင်းထောက်နှင့် Messenger မှ အမျိုးသား သတင်းထောက်တို့အား ခြေဖြင့်ကန်ခဲ့ကြောင်း၊ သို့ပေမယ့် သတင်းထောက်များကိုမူ မထိခဲ့ကြောင်း သိရသည်။ ထက်ထက်မိုးဦးကိုမူ သူမ၏ရှေ့နေများက ကိုယ်ဖြင့် ဝိုင်းကာပေးခဲ့ကြသည်ဟု သိရသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment