မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊
တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၃ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ ၁၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်းနှင့်
ဆေးလိပ်တိုပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု
အဆိုပါမီးလောင်မှုဖြစ်စဉ် အနီးရှိလူများ၏ ပြောပြချက်အရ သိရသည်။
"မီးလောင်မှု ဖြစ်တယ်လည်းဆိုရော ရပ်ကွက်ထဲက လူငယ်တွေက
တိုက်ခန်းပေါ်ကိုတက်ပြီး မီးသတ်ဆေးဘူးတွေ၊ ရေစိုအ၀တ်တွေနဲ့
ငြိမ်းသတ်ကြတဲ့အတွက် မီးလောင်မှု နည်းသွားရတာပါ။ မီးသတ်ကားတွေလည်း
မီးလောင်ပြီး ၅ မိနစ်ကျော်ကျော်လောက်မှာပဲ ရောက်လာကြတယ်။ အဲဒီအိမ်မှာက
ကျန်မာရေးချို့တဲ့နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ သူ့သမီးတစ်ယောက် ရှိတယ်လို့
သိရတယ်။ သူ့သမီး ဈေးဝယ်ခဏသွားနေတုန်း မီးလောင်မှုဖြစ်တာ။
ဘေးအခန်းတွေကိုတော့ မီးမကူးဘူး" ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေါ်ခင်မာကြည်က
ပြောပြပါသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၅ စီးနှင့်
အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာရောက်၍ မီးငြှိမ်းသတ်မှု
ပြုလုပ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၇၀၀၀၀ ကျပ်
ရှိခဲ့ကြောင်း သိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
6 months ago
0 comments:
Post a Comment