
ဗလင်စီယာအသင်းကို ၄-၂ ဖြင့် အနိုင်ရရှိခဲ့သည့် ခြေစမ်းပွဲမှ ဖရန့်ဖတ်အသင်းသားများ။
ဓာတ်ပုံ - အေအက်ဖ်ပီ

အလက်ဇန်းဒါး မိုင်ယာ

ဒီအသင်းကို ဘောလုံး လောကမှာကတော့ ဖရန့်ဖတ်လို့ပဲ လူသိများ ကြပါတယ်။ ဖရန့်ဖတ်ဟာ ၂၀၁၀-၁၁ ဘောလုံးရာသီ ဘွန်ဒက်စ် လီဂါ မှာ အဆင့်(၁၇)သာချိတ်ပြီး ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကိုတန်းဆင်း သွားရပြန်ပါတယ်။ အဲဒါဟာ ၁၉၉၂ ခုနှစ်ကစလို့ လေးကြိမ် မြောက် တန်းဆင်းခဲ့ရခြင်းလည်းဖြစ်ပါတယ်။ ဖရန့်ဖတ်ဟာ ဂျာမနီနိုင်ငံမှာ တော့ ပဉ္စမမြောက် အကြီးဆုံးမြို့တော်ကြီးဖြစ်သလို ဟက်ဆီပြည်နယ် မှာဆိုရင်တော့ အကြီးဆုံးမြို့တော်ဖြစ်တာမို့ ဖရန့်ဖတ် မြို့ကြီးသား တွေအနေနဲ့ ဒီရာသီမှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာတွေက စိတ်ဝင် စားစရာကောင်းနေပါတယ်။
သမိုင်းအစနဲ့ ဖြတ်သန်းမှုများ
ဖရန့်ဖတ်ကလပ်အသင်းကို ၁၈၉၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာထူ ထောင် ခဲ့တာဖြစ်ပါတယ်။ စတင်ထူထောင်စဉ် အချိန်ကာလတုန်း ကတော့ Frank Furter Football Club Viktorik Von 1889 ဆိုတဲ့ အသင်းအဖြစ်နဲ့ ပေါ်ထွန်း လာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ၁၉၀၉ ခုနှစ် Nordkreis Liga မှာ ပါဝင်ကစားခဲ့ပြီး ဒေသတွင်းဆိုင်ရာပြိုင်ပွဲ တစ်ရပ် ဖြစ်တဲ့ ဂျာမန်တောင်ပိုင်းချန်ပီယံရှစ်မှာ လည်း ၁၉၁၂ ကနေ ၁၉၁၄ အတွင်း ဒုတိယနှစ်ကြိမ်ဆက်ရရှိခြင်းဖြင့် အောင်မြင်မှုတွေကို ရယူနိုင်ဖို့ အစပျိုးခြေလှမ်းခဲ့ပါတယ်။
အဲဒီနောက် အခုဆိုရင် လူဦးရေ ၅၁,၅၀၀ ၀င်ဆံ့တဲ့ ကွန်မာဘင့်ခ်အရီ နာ အားကစားကွင်းကြီးကို တည် ဆောက်နိုင်ခဲ့ကြတာပါ။ သူတို့အ နေနဲ့ ၁၉၂၉-၃၀ ဘောလုံးရာသီနဲ့ ၁၉၃၁-၃၂ ဘောလုံး ရာသီတွေမှာ ဆက်တိုက်ဆိုသလို ဂျာမန်တောင်ပိုင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ၁၉၃၂ ဂျာမန်ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၀-၂ နဲ့ အရေးနိမ့်ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရ တာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ ဖရန့်ဖတ်တို့ဟာ သူတို့ရဲ့ အကြီးမား ဆုံး အောင်မြင်မှု တစ်ခုအဖြစ် ဒါဘီပြိုင်ဘက် ကစ်ကာအော်ဖင်ဘတ်ခ်ျ ကို ၅-၃ ဂိုးရလဒ်နဲ့ အနိုင်ယူပြီး ဂျာမန် ချန်ပီယံရှစ်ရဲ့ ချန်ပီယံဖြစ်လာခဲ့ သလို ဥရောပချန်ပီယံများဖလား ပြိုင်ပွဲမှာလည်း စပိန်ထိပ်သီး ရီးယဲလ် မက်ဒရစ်ကို ၃-၇ နဲ့ အရေး နိမ့်ခဲ့ရပေမယ့် အဲဒီဘောလုံးပွဲမှာ စိတ်လှုပ် ရှားစရာအကောင်းဆုံး ဘောလုံးပွဲဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
ရီးယဲလ်နဲ့ပွဲကို ၁၉၆၀ မှာ စကော့တလန် ဂလပ်စကိုမြို့ရဲ့ ဟမ်ဒင် ပတ်ခ်ကွင်းမှာ ကစားခဲ့တာဖြစ်ပြီး ဂျာမန်ချန်ပီယံရှစ်ကတော့ ၁၉၅၉ ခုနှစ်မှာ ဘာလင်မြို့ပေါ်မှာ ကစား ခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အဲဒီနှစ်ပိုင်းတွေဟာ ဖရန့်ဖတ်အဖို့ ကြည်ပြာရောင်ကောင်း ကင်ထက်မှာ လင်းယုန်တို့ အစွမ်းကုန် ပျံဝဲ ခဲ့တဲ့နေ့တွေလို့ ဆိုရင် လည်းမမှားပါဘူး။
ဘွန်ဒက်စ်လီဂါရဲ့ အဖွဲ့ဝင်တစ်ဦး အဖြစ်သို့
၁၉၆၃ ခုနှစ်မှာ ဂျာမနီရဲ့ ပရော်ဖက် ရှင်နယ်ဘောလုံးလိဂ်ဆိုပြီး ဘွန်ဒက်စ် လီဂါဖြစ်ပေါ်လာချိန်မှာ ဖရန့်ဖတ်ဟာ အသင်း ၁၆ သင်း ပါဝင်တဲ့ ဘွန်ဒက်စ် လီဂါရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါ တယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး သူတို့ဟာ ၁၉၆၃ ကနေ ၁၉၉၆ အထိ ကာလရှည်ကြာစွာ ဘွန်ဒက်စ်လီဂါမှာ ရပ်တည်နိုင်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဘွန်ဒက်စ်လီဂါ မှာ အကောင်းဆုံးပြသ ခဲ့တဲ့ စွမ်းဆောင်ရည်ကတော့ ၁၉၉၁-၉၂ ဘောလုံးရာသီမှာ စတုဂတ်ချန်ပီယံဖြစ် စဉ်က စတုဂတ်နဲ့ နှစ်မှတ် သာကွာပြီး တတိယနေရာကို ဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ် ပါတယ်။
အဲဒီတုန်းက ဒေါ့မွန် အမှတ် (၅၂) မှတ်ရပေမယ့် ဂိုးကွာခြားချက်အရ ဒုတိယနေရာသာရခဲ့သလို ယူအီးအက်ဖ် အေရဲ့ အဆင့်သတ် မှတ်ချက်အရလည်း ဖရန့်ဖတ်၊ ဒေါ့မွန်၊ ကိုလုံး၊ ကိုင်ဇာစလော့ တန်တို့ဟာ ယူအီးအက်ဖ်အေဖလား ပထမအဆင့်ကနေ ၀င်ရောက် ယှဉ်ပြိုင် ခွင့်ရခဲ့ပါတယ်။ သူတို့ဟာ ၁၉၈၄ မှာ တစ်ကြိမ်၊ ၁၉၈၉ မှာတစ်ကြိမ် တန်း ဆင်းဖို့ အခွင့် အရေးနဲ့ကြုံဆုံ ခဲ့ပေမယ့်လည်း ၁၉၈၄ မှာ ဒူးစ် ဘတ်ကို နှစ်ကျော့ ပေါင်း ၆-၁၊ ၁၉၈၉ မှာတော့ ဆာဘရွတ် ကင်ကလပ်ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ လွတ်အောင် ရုန်းပြီး ထပ်ကျော့ခြေစစ်ပွဲ ကို အနိုင်ကန်ကာ ဘွန်ဒက်စ်လီဂါမှာ တင်ကျန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၉၅-၉၆ ဘောလုံး ရာသီအပြီးမှာတော့ ထပ်ကျော့ခြေစစ်ပွဲ တောင် ကစားခွင့်မရတော့ဘဲ အဆင့် (၁၇) နေရာကနေ ကိုင်ဇာစလော့တန်၊ အာဒင်ဂျင်ကလပ်တွေနဲ့အတူ၊တန်းဆင်း သွားခဲ့ရပါတယ်။
ပြန်လည်နိုးထခြင်းနဲ့ သံသရာလည်မှု
၁၉၉၇-၉၈ ဘောလုံးရာသီအပြီးမှာ ကားလ်ရူးဟီ၊ ကိုလုံး၊ ဘီလီဖီးလ်တို့ တန်းဆင်းသွားရတဲ့နေရာကို ဖရန့်ဖတ်၊ ဖရိုင်းဘတ်နဲ့ နုရင် ဘတ်တို့က အစား ထိုးဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ရာသီ ၁၉၉၈-၉၉ မှာလည်း ဖရန့်ဖတ်ဟာ နုရင်ဘတ်နဲ့ ၃၇ မှတ်ချင်း တူ သော်ငြားလည်း ဂိုးသွင်းနိုင်မှုအသာနဲ့ ဘွန်ဒက်စ်လီဂါမှာ ဆက်လက်တင်ကျန် ရစ်ခဲ့ပါတယ်။ ၁၉၉၉-၀၀ ဘောလုံးရာသီမှာ အဆင့် (၁၄)ရခဲ့ပေမယ့် ၂၀၀၀-၀၁ ရာသီမှာ အဆင့်(၁၇) သာချိတ်ပြီး ဘွန်ဒက်စ် လီဂါ ဒုတိယတန်းကို တန်းပြန်ဆင်း သွားခဲ့ရတာပါ။
သူတို့ဟာ ၁၉၉၇ ကနေ ၂၀၀၅ ခုနှစ်အတွင်း အဲဒီထိပ်တန်း လိဂ်နှစ်ခုကြားမှာ စုန်ချည် ဆန်ချည် ကူးလူးနေရတာဖြစ်ပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီမှာတော့ ဖရန့်ဖတ်ဟာ နာပိုလီ၊ လီဗာပူး၊ အလက်တီကို မက်ဒရစ်တို့နဲ့အတူ ဥရောပရဲ့ ပရိသတ် ကြည့်ရှုမှု အများ ဆုံး ၁၆ သင်းစာရင်း ၀င်ခဲ့ပါပြီ။ အခုပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ ဒုတိယတန်းမှာ ဒုတိယရခဲ့ပြီး အခုလို ဘွန်ဒက်စ်လီဂါကို တန်းပြန်တက်လာ နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမရသွားတဲ့ ဂရုသာဖတ်ခ်ျနဲ့ နှစ်မှတ်သာကွာတာကို ကြည့်ရင် သူတို့ ဘယ်လောက် စွမ်းဆောင် နိုင်သလဲဆိုတာ ချင့်တွက်လို့ရပါတယ်။
ဖရန့်ဖတ်ရဲ့ ပြင်ဆင်မှုများ
ဖရန့်ဖတ်ဟာ ရာသီသစ်အတွက် ပြင်ဆင်မှုအနေနဲ့ ဆိုစီဒက်နောက်ခံလူ ဒီဗီဒေါ့ဗ်၊ ၁၈၆၀ မြူးနစ်က အစ်ဂနာ၊ စတုဂတ်နောက်ခံလူ ကယ်လိုဇီ၊ ကိုင်ဇာ စလော့တန်ဂိုးသမား ထရက်ပ်၊ လေဗာ ကူဆင်နောက်ခံလူ အိုဇစ်ကာ၊ ကိုလုံး ကွင်းလယ်လူ မာတင်လိန်း၊ ဂရုသာ ဖတ်ခ်ျ တိုက်စစ်မှူး၊ အိုစီယမ်၊ ဘိုချန် ကွင်းလယ်လူ တာကာရှီတို့ကို ခေါ်ယူ ထားပါတယ်။ ယခုလို ပြင်ဆင်မှုတွေကို ကြည့်ခြင်း အား ဖြင့် ဒီနှစ်ရာသီမှာတော့ ဖရန့်ဖတ်အသင်းဟာ သူတို့အသင်း အပေါ် အများကြီးမျှော်လင့်ထားတဲ့ အနေအထားပါပဲ။ အဓိကစောင့်ကြည့် ရမယ့်သူကတော့ သူတို့ကို ပဲ့ကိုင် နည်းပြနေတဲ့ နည်းပြ အာမင်ဗိခ်ျပဲ ဖြစ်ပါတယ်။ သူဟာဘွန်ဒက်စ်လီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ ၀ါရင့် နည်းပြတစ်ဦး ဖြစ်ပြီး ဖရန့်ဖတ်ကို ဘွန်ဒက်စ်လီဂါရောက်အောင်တွန်းတင်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်နေလို့ပါပဲ။ သူဟာ အော့စ်ဘတ် ကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ သလို ဂရုသာဖတ်ခ်ျ၊ ဟန်ဆာရော့စတော့၊ စတုဂတ်၊ ၀ုဖ်ဘတ်နဲ့ ဟမ်းဘတ်တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ဖြစ်နေလို့ပါ။ ဒါကြောင့် ဘွန်ဒက်စ်လီဂါအသင်းတွေရဲ့ အထာကိုသိနေတဲ့ နည်းပြအောက်မှာ ဖရန့်ဖတ်လင်းယုန်တွေ ဘယ်လောက် အမြင့်ပျံနိုင်မလဲဆိုတာက စိတ်ဝင်စား စရာကောင်းနေပါတယ်။ နောက်ဆုံးရ သတင်းတွေအရ ဘွန်ဒက်စ်လီဂါ အပြောင်း အရွှေ့ စာရင်းမှာ အခုအချိန် ထိကတော့ မိုချင်ဂလက်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းသွားတဲ့ မာကိုရူးစ်က အပြောင်းအရွှေ့စံချိန် ယူရို ၁၇ ဒသမ ၁ သန်းနဲ့ ကြေးအကြီးဆုံးပါပဲ။
0 comments:
Post a Comment