ကမ္ဘာ့အဆင့် ခြေစွမ်းရှင် ဗီဒစ်ကို ပြန်လည် လွမ်းဆွတ်နေမိကြောင်း ဂစ်ဖွင့်ဟ
အသက်(၃၉)နှစ်ရှိ ဝေလ ဝါရင့် တောင်ပံ ကစားသမားကြီးက ယခုရာသီ ရုန်းကန်နေရသော အသင်းခံစစ်ကြောင်းတွင် ဗီဒစ်၏ ယခင်ခြေစွမ်းကို ပြန်လည် လိုအပ်ကြောင်း ပြောကြားသွားသည်။ ဗီဒစ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ ထက်ဝက်ကျော်ကို ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသလို ယခုရာသီတွင်လည်း ဒူးခေါင်းခွဲစိတ်မှု ထပ်မံ ကြုံတွေ့ရပြီး ဆွမ်ဆီးနှင့် သရေကျသည့် ပွဲစဉ်၌ ပြန်လည် ပါဝင်လာသည်။ သို့သော်လည်း ၎င်းသည် နာလံထ အခြေအနေသာ ရှိသေးသဖြင့် ကြံ့ခိုင်မှု အပြည့်အဝဖြင့် ကစားနိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ဂစ်က “ဗီဒစ်ဟာ ထူးချွန်တဲ့ ခံစစ်သမား တစ်ယောက်ပါ။ ပြီးတော့ ကမ္ဘာ့အဆင့် ခံစစ်သမား ခံစစ်သမားမျိုး ဆိုပါတော့။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီအစနဲ့ ဟိုအရင်နှစ်တွေတုန်းက သူ့ခြေစွမ်းမျိုးကို ပြန်လွမ်းမိတာ မဆန်းပါဘူး”ဟု အသင်းဖော်နှင့် ပတ်သက်ပြီး မှတ်ချက်ပြုခဲ့သည်။ အသက်(၃၁)နှစ်ရှိ ဆာဘီးယား နောက်ခံလူ ဗီဒစ်သည် Boxing Dayနေ့က ကစားသည့် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ပွဲစဉ်တွင်မူ အရန်ခုံ၌သာ ထိုင်နေခဲ့ရသည်။ ဂစ်က ယခုရာသီ အသင်း၏ ပေးဂိုးပမာဏ များပြားနေခြင်းကိုလည်း စိတ်ပူကြောင်း ဝန်ခံသွားသည်။
“ခုချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တာက ပေးလိုက်ရတဲ့ ဂိုးထက် ပြိုင်ဘက်ကို ဂိုးပိုသွင်းဖို့ပါပဲ။ ဒီရာသီမှာ အသင်းကလူတိုင်း လိုချင်နေတဲ့ Clean Sheet ပွဲစဉ်တွေကို မန်ယူအသင်း သိပ်မပိုင်ဆိုင်ခဲ့ဘူး။ ကျွန်တော်တို့ဟာ လောလောဆယ် အမှတ်ပေးဇယား ထိပ်ဆုံးမှာပါ။ ဒါပေမဲ့ အသင်းဟာ ခံစစ်မှာ ခုထက်တော့ ပိုတိုးတက်လာဖို့ ကြိုးစားရဦးမယ်”ဟု ဂစ်က ပြောကြားသွားခဲ့သည်။
0 comments:
Post a Comment