Monday, March 11, 2013

တွေ့မရှောင်နှင့်ဖိုးကေ တွေ့ဆုံမည့် ဒဂုံရွှေအောင်လံ ပထမတန်းဗိုလ်လုပွဲ

တွေ့မရှောင်နှင့်ဖိုးကေ တွေ့ဆုံမည့် ဒဂုံရွှေအောင်လံ ပထမတန်းဗိုလ်လုပွဲ

 
ဗိုလ်ဗိုလ်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ – ၂၃
အတွဲ (၁၁)၊ အမှတ်(၄၂)
၂၀၁၃ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ပထမတန်း အောင်လံဒုတိယအကြိမ် ဗိုလ်လုပွဲစဉ်တွင် ဖိုးကေ(မြန်မာ)က ဖန်ခွန်မက် (ထိုင်း)ကို အနိုင်ယူကာ ဗိုလ်လုပွဲတွင် နာမည်ကြီးတွေ့မရှောင်နှင့် တွေ့ဆုံမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ကျင်းပခဲ့သည့် ၎င်းပွဲစဉ်၌ ဖိုးကေက ထိုင်းလက်ဝှေ့သမားအား ဒုတိယအချီတွင် အလဲထိုးအနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဖိုးကေသည် ပြိုင်ဘက်လက်ဝှေ့သမားထက် အသက်ပိုငယ်သော်လည်း အရပ်၊ အလုံးအထည် ပိုသာခဲ့ပြီး ပထမအချီ၌ပင် ဖိအားပေး ယှဉ်ပြိုင်ထိုးနိုင်ခဲ့သည်။
ခံစစ်သက်သက်သာ ပြန်လည်ယှဉ်ပြိုင်ခဲ့ရသည့် ဖန်ခွန်မက်မှာ ဒုတိယအချီ ၁ မိနစ် ၄၁ စက္ကန့်တွင် ဖိုးကေ၏ကန်ချက် ထိသွားခဲ့ပြီး ကြမ်းပြင်ပေါ်၌ မှောက်သွားခဲ့ကာ အမှတ်စဉ်ရေတွက်ခံခဲ့ရပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပထမအကြိုဗိုလ်လုပွဲစဉ်က အီရန်လက်ဝှေ့သမားအား အနိုင်ယူခဲ့သော တွေ့မရှောင်နှင့် ဖိုးကေတို့သည် ပထမတန်းအောင်လံ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဖိုးကေနှင့်တွေ့မရှောင်တို့သည် ကြိုးဝိုင်းစင်မြင့်တွင် လေးကြိမ်မြောက်တွေ့ဆုံခြင်း ဖြစ်လာမည်ဖြစ်ပြီး ယခင်တွေ့ဆုံခဲ့သည့် သုံးကြိမ်တွင် ဖိုးကေက အမှတ်ဖြင့် တစ်ပွဲအနိုင်နှင့် တွေ့မရှောင်က ဒိုင်ပွဲရပ်ဖြင့် တစ်ပွဲအနိုင်ရရှိထားကာ တစ်ပွဲသရေရလဒ် ရရှိထားသည်။
ဒုတိယတန်းအောင်လံ အကြိုဗိုလ်လုပွဲစဉ်များတွင် တူးတူးနှင့်ဖိုးသားကြီးတို့က ပြိုင်ဘက်များကို အနိုင်ယူကာ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်သွားသည်။ တတိယအောင်လံ အကြိုဗိုလ်လုပွဲစဉ်များတွင် ရဲမြင့်အောင်နှင့် မြားထက်အောင်တို့က ပြိုင်ဘက်များကို အနိုင်ယူကာ ဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်သည်။
အထူးပွဲစဉ်အဖြစ် လူပုလေးတာပေါနှင့် လူပုလေးလာပေါတို့ ပွဲစဉ်လည်း ပါဝင်ခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ပြီး ၎င်းပွဲစဉ်မှာ သရေကျခဲ့သည်။ လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၆ ရက်တွင် အတန်းသုံးတန်း၏ ဗိုလ်လုပွဲစဉ်များအပြင် ထွန်းထွန်း(မြန်မာ)နှင့် အက်ရှ်ခန်အမ်တီခါဘီ (အီရန်မွေထိုင်းချန်ပီယံ)၊ ထွန်းထွန်းမင်း(မြန်မာ)နှင့် ဖဲလစ်(ဂျာမနီ)တို့၏ အထူးအောင်လံပွဲစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management