ရီးယဲလ်မှ စာချုပ်သစ် ကမ်းလှမ်းမှု ကို ခရစ္စတီယာနို ရော်နယ်ဒို ငြင်းဆန် ဖွယ်ရှိ
အဆိုပါ တိုက်စစ် ကစားသမားသည် အသင်း အနေဖြင့် ပမာဏ များပြားသည့် ငွေကြေးဖြင့် ကမ်းလှမ်းမှုမှ လွဲ၍ အသင်း အခြေအနေ ပိုမို တိုးတက်အောင်နှင့် မိမိကို အသင်းတွင် ပျော်ရွှင်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ထားခြင်း မရှိဟု ထင်မြင်လျက် ရှိကြောင်း သိရသည်။ ထို့အတွက် ရော်နယ်ဒိုမှာ လာမည့်နွေ ရာသီ အသင်းမှ လက်ရှိထက် ပိုမို များပြားသည့် ငွေကြေးဖြင့် စာချုပ်သစ် ကမ်းလှမ်း ခဲ့သော် ငြင်းဆန်ဖွယ် ရှိနေသည်။ သို့ရာတွင် ရီးယဲလ် မက်ဒရစ်မှာ ခရစ္စတီယာနိုကို ၂၀၁၈ ခုနှစ်အထိ ဆက်လက် ထိန်းသိမ်း ထားရန် မျှော်လင့်နေပြီး ၎င်း၏ လုပ်ခ လစာကို အခွန်အခ ပေးဆောင်ပြီး ယူရို ၁၀ သန်းမှ ယူရို ၁၅ သန်း အထိ တိုးမြှင့် ပေးဆောင်ဖွယ် ရှိသည်။
အကယ်၍ မက်ဒရစ် အနေဖြင့် ကစားသမား၏ စာချုပ်ကို သက်တမ်း တိုးမြှင့်နိုင် ခဲ့ခြင်း မရှိပါက ၂၀၁၅ ဇွန်လ တွင် ရော်နယ်ဒိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရဖွယ် ရှိသည်။ မက်ဒရစ် အနေဖြင့် ရော်နယ်ဒို ကို ရောင်းချ ခဲ့ပါက ၎င်းကစားသမား ကို ပဲရစ် စိန့်ဂျာမိန်းက ခေါ်ယူဖွယ် ရှိကြောင်း သိရသည်။ ထို့အပြင် ပဲရစ် စိန့်ဂျာမိန်း အသင်း ပိုင်ရှင် အယ်လ်တာနီက ခရစ္စတီယာနိုနှင့် မော်ရင်ဟို မှာ ပီအက်စ်ဂျီမှ ခေါ်ယူရန် ရည်ရွယ်ထား သူများဖြစ်ကြောင်း မကြာသေးမီက ဝန်ခံပြောကြား ခဲ့သည်။
ထို့အပြင် ခရစ္စတီယာနို ရော်နယ်ဒို သည် ၂၀၁၅ ခုနှစ်တွင် စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့ပါက မန်ချက်စတာ ယူနိုက်တက် သို့ ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေသည်။ အိုးထရတ်ဖို့ဒ် တွင် ခြောက်နှစ်ကြာ ကစား ခဲ့သည့် ရော်နယ်ဒို သည် အသင်း ကစားဖော်ဟောင်း များနှင့် အမြဲ အဆက် အသွယ် ရှိသူ ဖြစ်သည်။ ၎င်းနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံ လူ အီဗရာက “ သူနဲ့ အဆက် အသွယ် အမြဲရှိ ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက် ကို သံယောဇဉ် ရှိနေ ဆဲပါ။ သူဟာ ရီးယဲလ် မက်ဒရစ် အတွက် အံ့အားသင့် ဖွယ်ရာ အချို့ လုပ်ဆောင်နိုင် ခဲ့ပေမယ့် သူနဲ့ ထိုက်တန်တဲ့ လေးစားမှု မျိုးကို အသင်းမှ ပြန်လည် ရရှိခဲ့ ခြင်း မရှိပါဘူး” ဟု ပြောကြား သွားခဲ့သည်။


3/11/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment