
နာဂါဆာကီမြို့တွင်ကျင်းပသည့် အခမ်းအနား၌ ဂျပန်နိုင်ငံအား အနုမြူမဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးရန်တောင်းဆိုခဲ့သည်။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဗုံးပေါက်ကွဲပြီးနောက် ချက်ချင်း သေဆုံးခဲ့သူများနှင့် ရက်မှ လ၊ လမှ နှစ် များစွာအတွင်း သေဆုံးခဲ့သူပေါင်း ၇၄,၀၀၀ အား အောက်မေ့ သတိရသည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အခမ်းအနားတွင် မြို့တော်ဝန် တိုမီဟီ ဆာတအဲက "စစ်ပွဲကာလမှာလည်း သည်းမခံနိုင် တဲ့ လုပ်ရပ်တွေရှိတယ်" ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လတွင် ဆူနာမီလှိုင်း လုံးကြီးများက ဖူကူရှီးမားဒိုင်အီချိ အဏုမြူစက်ရုံကြီးအား ပေါက်ကွဲစေခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုဒဏ်၏ ဆိုးကျိုးများကို ခံစားခဲ့ရသော ဒေသခံ များကို ထောက်ပံ့ပေးမည်ဟု မြို့တော်ဝန် တအဲက ပြောကြား ခဲ့သည်။
ဗဟိုအစိုးရအနေဖြင့် ရေဒီယိုသတ္တိ ကြွအန္တရာယ်မှကင်းလွတ်သည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးစွမ်းအင်ဆိုင်ရာ မူဝါဒ လမ်းစဉ်သစ်များ ချမှတ် အကောင်အထည်ဖော်ရန်ကိုလည်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
ဂျပန်တို့ လုံးဝလက်နက်ချ အရှုံးပေး ခဲ့ရသည့် အချိန်ထက် ရက်အနည်းငယ် ရှေ့ရောက်သည့် ၁၉၄၅ ခုနှစ်၊ ဩဂုတ် ၉ ရက်နေ့တွင် Fat Man ဟု နာမည် ပြောင်ပေးထားသည့် ပလူတိုနီယမ်ဗုံးကို အမေရိကန်စစ်တပ်တို့ ကြဲချခဲ့ရာ နေရာအနီးတွင် နှစ်ပတ်လည် အခမ်း အနားကို ကျင်းပခဲ့သည်။
အဏုမြူဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည့် နှစ်ပတ်လည်အခမ်းအနားများကို ဂျပန်နိုင်ငံတွင် နှစ်ပေါင်းများစွာ ကျင်းပခဲ့သော်လည်း ယခုနှစ် တွင် ပိုမိုအသံထွက် လာခဲ့သည်။ ဂျပန်နိုင်ငံတွင် တစ်ချိန်က အဏုမြူ စွမ်းအင်ကြောင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စအပေါ် သံသယ တိုးပွား နေသည့် ပြည်သူများက စွမ်းအင်ဆိုင်ရာ မူဝါဒအကြောင်း ငြင်းခုံပြီး ဒေါသထွက်နေကြ သည်။
0 comments:
Post a Comment