အသက် ၁၇နှစ်အရွက်ပဲရှိသေးတဲ့ Nick D’Aloisio ဟာ
သတင်းမီယီယာဌာနတွေက သတင်းတွေကို အတိုချုပ်ပြုလုပ်ပေးနိုင်တဲ့ Summly
ဆိုတဲ့ ကွန်ပြူတာဖရိုဂရမ်တခုကို ထည်ထွင်ခဲ့တာဖြစ်ပါတယ်။
Summly လို့ခေါ်တဲ့ ကွန်ပြူတာဖရိုဂရမ်ဟာ သတင်းဌာနတွေကရေးသားတင်လိုက်တဲ့ သတင်းဆောင်းပါးတွေကို အလိုလို စာပိုဒ်လေးတခု ဖြစ်အောင် အတိုချုပ်ပေးတာ ဖြစ်ပြီး သတင်းရှည်တပုဒ်လုံးကို ဖတ်ရတာထက် ပိုပြီးတော့ လွယ်ကူတယ်လို့ Nick D’Aloisio ကပြောပါတယ်။
Nick D’Aloisio ဟာ ၁၉၉၆ခုနှစ်မှာ သြစတြေးလျနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ မဲလ်ဘဲန်းမြို့နဲ့ ဖတ်သ်မြို့တွေမှာနေထိုင်ခဲ့ပြီး အခုဗြိတိန်နိုင်ငံ London မြို့မှာနေထိုင်သူဖြစ်ပါတယ်။
သူဟာအသက် ၉နှစ်ကနေစပြီးတော့ ရုပ်သံဗွီတီယို တည်းဖြတ်မှုကို စတင်သင်ယူလေ့လာခဲ့ပြီး အသက် ၁၂နှစ်အရွယ်မှာတော့ ကွန်ပြူတာဖရိုဂရမ်တွေကိုစတင်လေ့လာ တည်ထွင်သူဖြစ်တယ်လို့သိရပါတယ်။

0 comments:
Post a Comment