Monday, March 11, 2013

ဒူးဒဏ်ရာကြောင့် ရွန်နီ သုံးပတ်ခန့် အနားယူရမည်

ဒူးဒဏ်ရာကြောင့် ရွန်နီ သုံးပတ်ခန့် အနားယူရမည်

 
အသင်းလေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် မန်ချက်စတာ ယူနိုက်တက်၏ နှစ်သစ်ကူး ပွဲတော်အတွင်း ပွဲစဉ်များကို ဝိန်းရွန်နီ လွဲချော်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်စစ်မှူးသည် ဒဏ်ရာကြောင့် နှစ်ပတ်မှ သုံးပတ်ခန့် အနားယူရမည်ဖြစ်ပြီး ဘောက်ဆင်ဒေး တွင် အနိုင်ရခဲ့သည့် နယူးကာဆယ်နှင့် ပွဲတွင်လည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။
ရွန်နီ၏ နေရာတွင် ဝင်ရောက် ကစားခဲ့သည့် ဂျာဗီယာ ဟာနန်ဒက်ဇ်သည် နာကျင် အချိန်ပိုတွင် အသင်း အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက်မှာလည်း အမှတ်ပေး ဇယားထိပ်တွင် ၇ မှတ်အကွာဖြင့် ဦးဆောင်နေခဲ့သည်။
အဆိုပါ ပွဲအပြီးတွင် ဆာ အဲလက်စ်ဖာဂူဆန်က ရွန်နီကို ၁၈ ယောက်လူစာရင်းမှ ချန်ထားမှုနှင့် ပတ်သက်၍ MUTV ထံ ပြောကြားခဲ့သည်။ ၎င်းက “ အသင်းလေ့ကျင့်ခန်းမှာ ရွန်နီ ဒူးဒဏ်ရာ ရခဲ့ပါတယ်။ အဲ့ဒီအတွက် နှစ်ပတ်ကနေ သုံးပတ်အထိ အနားယူရမှာပါ” ဟု ပြောကြားခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရွန်နီသည် ဒူးဒဏ်ရာကြောင့် ဝက်စ်ဘရွန်း၊ ဝီဂန်၊ လီဗာပူးလ် နှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်များနှင့် ဝက်စ်ဟမ်းနှင့် ကစားရမည့် အက်ဖ်အေ တတိယအဆင့် ပွဲစဉ် တို့ကို လွဲချော်ရဖွယ်ရှိသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management