ဘုရားကြီး၏ သမိုင်းမှတ်တမ်းအကျဥ်း
၁၉၂၃-၂၄ ခုနှစ် မြိတ်မြို့၊
ကမ်းနားလမ်း၊ ကျောက်တန်းဆည်ရန် ပထက်တောင်ကြီးကို မိုင်းခွဲ၍
ကျောက်များထုတ်ယူရာမှ ပထက်တောင်တွင် မြိတ်မြို့ကို မျက်နှာပြုသော
ကမ်းခြေရင်ပြင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။၉-၅-၁၉၅၅ ရက်နေ့ ပထက်တောင်တေထ်ာတ၀ှမ်း မြေချိန်ဧရိယာ (၂၁.၃၂)ဧကကို နိုင်ငံတော် အစိုးရမှ အခွန်လွတ်သာသနာမြေအဖြစ် အသိအမှတ်ပြုပေးခဲ့ပါသည်။
၎-၆-၁၉၅၅ ရက်နေ့ မြိတ်မြို့ လူကြီးများက ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း(၁၄)ရက် စနေနေ့တွင် ပထက်တောင်ကမ်းခြေ ရင်ပြင် တွင် လျောင်းတော်မူဘုရားကြီးကို တည်ဆောက်ရန် မြိတ်မြို့၊ သန်းဖိုရပ်နေ ပန်းပုဆရာကြီး ဦးသောင်းအား အပ်နှံ၍ အုတ်မြစ်ချ စတင် တည်ဆောက်ခဲ့သည်။
၃၁-၅-၁၉၇၉ ရက်နေ့ ရွှေသာလျောင်းဘုရားကြီးကို ခေါင်းပွ သံကူကွန်ကရစ်နည်းပညာဖြင့် ဥာဏ်တော် (၂၀၁’ ၆”) ရှိ ကိုယ်လုံးတော် အဖြူထည် ပြီးစီးခဲ့သည်။
၆-၁၀-၁၉၈၂ ရက်နေ့ ပထက်တောင် ဓါတ်မီးအသင်းကို ဂေါပကအဖွဲ့မှ လွှဲပြောင်းဆက်ခံ၍ လျှပ်စစ်ဓါတ်မီးကို စတင်တာဝန် ယူပြီး တောင်တော် တ၀ှမ်းလုံးသို့ မီးလင်းစေခဲ့သည်။
၁၃-၁၁-၁၉၈၂ ရက်နေ့ ဘုရားကြီးအား မိုးဒဏ်၊ လေဒဏ်မှ အကာအကွယ်ပေးမည့် (၂၆၀ပေx ၆၀ပေ) ရှိ သုံတန်ဆောင်းတော်ကြီး ကို. . ဒေါက်တာ လွင်အောင်၏ နည်းပညာပုံစံဖြင့် စတင်တည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။
၁၆-၂-၁၉၈၄ ရက်နေ့ ဗိသုကာပည်ာရှင် ဦးကျော်သိန်း၏ တွက်ချက်မှုဖြင့် သံထည်များကို ရန်ကုန်မြို့တွင် အပြီးအစီး ဖြတ်တောက်တိုင်းတာ၍ မြိတ်မြို့သို့သယ်ယူပြီး တန်ဆောင်းသံတိုင်ကြီးများကို စတင်တပ်ဆင်သည်။
၁-၉-၁၉၈၆ ရက်နေ့ တန်ဆောင်းတော်ကြီးအမိုး သံမဏိဒိုင်းကြီးများ စတင်တပ်ဆင်သည်။
၃၁-၃-၁၉၈၆ ရက်နေ့ ရွှေသာလျှောင်းဘုရားကြီး၏ အချိုးအစားမညီမျှဖြစ်နေသော ခြေတော်အစုံကို ပန်းပုဆရာကြီး ဦးဟန်တင် တိုင်းတာတွက်ချက် ထုတ်လုပ်ပေးသော ဒီဇိုင်းပုံစံဖြင့် ပန်ပုဆရာ ဦးအေးကို(မြိတ်) အား တာဝန်ပေး၍ ပြန်လည်ပြင်ဆင် တည်ဆောက်သည်။
၆-၁-၁၉၈၇ ရက်နေ့ ဘုရားကြီးအရှေ့ရင်ပြင်ကို ရေထဲသို့ (၃၆)ပေ ချဲ့၍ (၃၃၃ပေ) ရှည်သော ကျောက်တည်းဆည်ပြီး ရင်ပြင်တော် တိုးချဲ့တည်ဆောက်သည်။
၂၅-၁၀-၁၉၈၈ ရက်နေ့ ၁၃၅၀ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် မူလဥာဏ်တော် (၂၀၁ပေ၊ ၆လက်မ)ရှိ ဘုရားကြီးသည် အချိုးအစားပြေပြစ်တင့်တယ်သော ဥာဏ်တော်(၂၁၆ပေ) ရှိ အတုလရံသီရွှေသာလျောင်းဘုရားကြီးအဖြစ် အပြင်ပိုင်း အချောကိုင်ပြီးစီး ခဲ့ပါသည်။
၂၃-၁၁-၁၉၈၈ ရက်နေ့ ၁၃၅၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် (၂၆၀ပေx၆၀ပေ)ရှိသော သံတန်ဆောင်းတော်ကြီးကို အမိုးနှင့် တကွ အလုံးစုံပြီးစီး အောင်မြင်ခဲ့ပါသည်။ တန်ဆောင်းတော်ကြီးတွင် သစ်သားလုံးဝမပါ၊ သံတန်ဆာများကိုသာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ခေတ်မှီသံမဏိ လုပ်ငန်းရှင် ဦးဌေးနိုင်ထံ အပ်နှံလုပ်ကိုင်၍ မြိတ်မြို့တွင် တပ်ဆင်ခြင်း လုပ်ငန်း အစအဆုံးနာယကကြီး ဦးယုဆိုင်မှ ကိုယ်တိုင်ကြီးကြပ်ပြီး အင်ဂျင်နီယာ ဦးအင်းစိန်နှင့်အဖွဲ့က တပ်ဆင်ပေးခဲ့ကြောင်း မှတ်တမ်း တင်ပါသည်။
၃၁-၃-၁၉၉၂ ရက်နေ့ လျောင်းတော်မူဘုရားကြီး၏ (၂၂၅)ပေ ရှိသော ရွှေပလ္လင်တော်ကြီးကို မြန်မာမှုဖြင့် တည်ဆောက်ပြီးစီးခဲ့ပါသည်။
၁-၁-၁၉၉၃ ရက်နေ့ တန်ဆောင်းတော်ကြီးတွင် မျက်နှာကျက်ကျောက်ပြားများဖြင့် စတင်တပ်ဆင်သည်။
၃၁-၅-၁၉၉၃ ရက်နေ့ ဘုရားကြီးအတွင်း၊ ဌာပနာတိုက်ကို တည်ဆောက်ပြီးစီးပါသည်။
၁-၁-၁၉၉၄ ရက်နေ့ အတုလရံသီရွှေသာလျောင်းဘုရားကြီး ကျက်သရေဆောင်မုခ်ဦးကို စတင်တည်ဆောက်ခဲ့ပါသည်။
၁-၃-၁၉၉၈ ရက်နေ့ ကွန်ကရစ်ဆိပ်ခံတံတားနှင့် လျှောက်လမ်းကို စတင်တည်ဆောက်သည်။
၁-၄-၂၀၀၀ ရက်နေ့ ခေါင်းပွသံကူကွန်ကရစ်နည်းပညာဖြင့် တည်ဆောက်ထားသော ဘုရားကြီး၏ အတွင်းပိုင်း အခန်းပေါင်း(၁၄)ခန်းတွင် ဌာပနာဘုရားများ ဆင်းတုတော်များဖြင့် ခန်းလုံးပြည့် တပ်ဆင်ပူဇော်သည့်လုပ်ငန်း စတင်လုပ်ကိုင်သည်။
၏
ဥာဏ်တော်
၁။ ဥာဏ်တော်အလျား ၂၁၆’ ၀”၂။ နဖူးသင်းကျစ်တော် ၄၂’ ၀”
၃။ မျက်နှာတော် ၂၈’ ၆”
၎။ မျက်ခုံးတော် ၁၀’၀”
၅။ နှာခေါင်းဝအကျယ် ၁’၆”
၆။ မျက်လုံးတော်အလျား ၄’ ၉”
၇။ မျက်နက်တော်အကျယ် ၁’ ၁၁”
၈။ ပါးစပ်တော်အလျား ၈’ ၆”
၉။ နားတော် ၁၇’ ၀”
၁၀။ ရောင်လျံတော်အထိအမြှင့် ၅၇’ ၀”
၁၁။ ပခုံးတော်ထိအမြင့် ၄၇’ ၈”
၁၂။ လည်ပင်းတော်ပါတ်လည် ၄၂’ ၃”
၁၃။ လယ်လတ်တော် ၈၁’ ၀”
၁၄။ လက်ဖ၀ါးတော် ၂၁’ ၀”
၁၅။ ခြေသလုံးတော်ပါတ်လည် ၂၅’ ၀”
၁၆။ ညာခြေဖ၀ါး(ဖနောင့်မှခြေမ) ၂၉’ ၄”
၁၇။ ဘယ်ခြေဖ၀ါး(ဖနောင့်မှခြေမ)၂၉’ ၁”
၁၈။ ညာခြေမတော် ၅’၁၀”
၁၉။ ဘယ်ခြေမတော် ၅’ ၀”
၂၀။ ပလ္လင်တော်ကြီးအလျား ၂၂၅’ ၀”
လျောင်းတော်မူဘုရားကြီးတည်ဆောက်မှုတန်ဖိုးမှတ်တမ်း
(၃၁-၃-၂၀၀၃ ထိ)
၁။ ၁၉၅၅-၁၉၇၀ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး ၂၀၀၀၀၀ိ/-၂။ ၁၉၇၀-၁၉၈၂ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး ၂၀၅၄၈၉ိ/-
၃။ ၁၉၈၂-၁၉၈၈ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး ၇၇၁၇၅၀ိ/-
၎။ ၁၉၈၈-၂၀၀၃ ခုနှစ်၊ ဘုရားကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး ၃၈၁၇၂၄၇ိ/-
၅။ ရွှေပလ္လင်တော်ကြီးတည်ဆောက်ကုန်ကျမှုတန်ဖိုး ၉၆၆၄၈၃ိ/-
၆။ ဘုရားကြီးအတွင်း ဌာပနာတိုက်တည်ဆောက်ကုန်ကျမှုတန်ဖိုး ၅၀၄၉၂၀ိ/-
၇။ ရွှေသင်္ကန်းကပ်လှူခြင်း ကုန်ကျမှုတန်ဖိုး ၁၄၉၀၉၈၆/-
၈။ တန်းဆောင်းတော်ကြီး တည်ဆောက်ကုန်ကျမှုတန်ဖိုး ၆၃၇၄၀၀၀ိ/-
၉။ ကောင်းမှုတော်များ တည်ဆောက်ခြင်းလုပ်ငန်းတန်ဖိုး ၃၈၉၃၆၃၆/-
၁၀။ ရင်ပြင်တော် ကြွေပြားကပ်ခြင်းလုပ်ငန်းတန်ဖိုး ၁၂၈၀၃၇၅/-
၁၁။ ကျောက်တန်းစီ ရင်ပြင်တော်ချဲ့ထွင်ခြင်းလုပ်ငန်းတန်ဖိုး ၁၃၄၇၀၇၇ိ/-
၁၂။ ဆိပ်ခံတံတားနှင့် လျှောက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းတန်ဖိုး ၁၁၁၀၈၅၁ိ/-
၁၃။ ဘုရားကြီးအတွင်း ဌာပနာဘုရားများ ပူဇော်ခြင်း ၂၀၄၄၃၁၅ိ/-
မြန်မာနိုင်ငံအရပ်ရပ်ရှိ လျောင်းတော်မူဘုရားကြီးများ
စဉ် လျောင်းတော်မူဘုရားဘွဲ့တော် ဥာဏ်တော် တည်ရှိရာအရပ်ဒေသ၁။ တိလောကဥသျှောင်လျောင်းတော်မူ ၁၆၈ တောင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊
နတ်မော်ကျေးရွာ
၂။ လောကသရဖူလျောင်းတော်မူ ၁၆၂ တောင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့
၃။ အတုလရံသီရွှေသာလျောင်းဘုရား ၁၄၄ တောင် တနင်္သာရီတိုင်း၊ မြိတ်မြို့
၎။ ခြောက်ထပ်ကြီးရွှေသာလျောင်းရုပ်ရှင်တော် ၁၄၄ တောင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့
၅။ ရှင်ပင်သာလျောင်းဘုရားကြီး ၁၂၀ တောင် ပဲခူးတိုင်း၊ ပဲခူးမြို့
၆။ စိန်သာလျောင်းဘုရားကြီး ၁၀၀ တောင် ပဲခူးတိုင်း၊ ပဲခူးမြို့
၇။ မိုးညှင်းအရှေ့ရွှေသာလျောင်း ၈၀ တောင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
မိုးညှင်းနယ်
၈။ မိုးကောင်းလျောင်းတော်မူ ၆၀ တောင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
၉။ မနူဟာဘုရားအနောက်လျောင်းတော်မူ ၅၈ တောင် မန္တလေးတိုင်း၊ ပုဂံမြို့မြင်းကပါရပ်
၁၀။ ရှင်ပင်သာလျောင်းဘုရား ၄၀ တောင် မန္တလေးတိုင်း၊ ပုဂံမြို့
၁၁။ နမ္ပားနမ်းဆော်လော်လျောင်းတော်မူ ၂၅ တောင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့
နမ္ပားနမ်းဆော်လော်ရွာ
မှတ်ချက်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဗောတိတစ်ထောင်ဆရာတော် ဦးဆောင်၍ ဗောဓိတစ်ထောင်လျောင်းတော်မူဘုရားကြီးတစ်ဆူနှင့် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာတွင် ၀င်းစိန်ဆရာတော်ကြီး ဦးဆောင်၍ အတောင်(၄၀၀)ပြည့် ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူဘုရားကြီး တစ်ဆူကို တည်ဆောက်နေရာ ပြီးစီးခဲ့ပါက အကြီးဆုံးဘုရားများ ဖြစ်သွားနိုင်ပါသည်။
နိုင်ငံရပ်ခြားရှိ လျောင်းတော်မူဘုရားကြီးများ
၁။ ဥာဏ်တော်(၁၀၀၀)တောင်ရှိသော
ပေါင်တန်ရှန်တောင်တန်း လျောင်းတော်မူဘုရားကြီးသည် တရုတ်နိုင်ငံ၊
ဂိုချွမ်းပြည်နယ် အရှေ့ပိုင်း၊ တာဇုမြို့၊ ချန်ချောင်ပြည်နယ်တွင် ရှိပါသည်။၂။ ဥာဏ်တော် (၄၁)မီတာရှိသော ပိုသီစီဟန်လျောင်းတော်မူဘုရားကြီးသည် မလေးရှားနိုင်ငံမြောက်ပိုင်း၊ ကိုတာဘာရုမြို့အနီး၊ ကထန်တန်ဒေသ၊ ပေါင်ချန်ဘူရွာတွင် ရှိပါသည်။
၃။ ဂျပန်နိုင်ငံအနောက်တောင်ပိုင်း တိုကျိုမြို့မှ (၅၆၃)မိုင် အကွာတွင် ဥာဏ်တော်(၁၃၅)ပေ ရှိသော ဖူကူအိုကာလျောင်တော်မူဘုရားကြီးနှင့် ဂျပန်နိုင်ငံတွင်ပင် ဥာဏ်တော် (၅၂)ပေ ရှိသော ချီဘာလျောင်းတော်မူဘုရားတစ်ဆူ ရှိကြောင်း မှတ်သားရပါသည်။
၎။ အိန္ဒိယနိုင်ငံ၊ ဥတ္တပရာဒ်ရှ်ပြည်နယ်၊ ဂိုရပ်ခ်ပူရ်မြို့နှင့် ၃၂ မိုင်ခန့်အကွာ ကုသိနာရုံတွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော် မူပုံ လျောင်းတော်မူ ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ဥာဏ်တော် (၂၅)တောင်ခန့်သာရှိသော်လည်း မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ရာ သံဝေဇနိယဌာဖြစ်၍ အတုမရှိသော လျောင်းတော်မူဖြစ်ပါသည်။
ပြုစုသူ
ဦးဘွန်ကြည်-အတွင်းရေးမှူး
ပထက်တောင်အတုလရံသီ ရွှေသာလျောင်းဘုရားကြီး
0 comments:
Post a Comment