Showing posts with label ထူးဆန်းလှပသော နေရာများ. Show all posts
Showing posts with label ထူးဆန်းလှပသော နေရာများ. Show all posts

Monday, March 4, 2013

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၁)

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၁)

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၁)

တစ်ကယ်တော့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ စာသားတွေနဲ့နှိုင်းယှဉ်လို့မရလောက်
အောင်..လှပတဲ့အရာတွေနဲ့ဖွဲ့စည်းထားပါတယ်….လူတိုင်းလူတိုင်းဟာ..အဲဒီလှပတဲ့နေရာတွေ
ကိုသွားဖို့..အိပ်မက်မက်ကြတယ်….သွားရောက်ချင်ကြတယ်….သူတို့ရဲ့ဘ၀တစ်လျှောက်လုံး
မှာတော့…မြို့ကြီးပြကြီးမှာနေထိုင်ကြတဲ့လူအများစုကတော့….အန္တရာယ်များတဲ့အဆောက်အ
အုံတွေ…ကြားမှာကြီးပြင်းလာကြရပြီး….လူတွေပြုပြင်ဖန်တီးထားတဲ့အရာတွေနဲ့သာရင်းနှီးလာ
ကြပြီး…သဘာဝအလှအပကိုသိရှိနိုင်တဲ့သူနည်းလာပါပြီ….

အောက်မှာပြထားတဲ့ပုံတွေကို သူငယ်ချင်းတို့ရဲ့မျက်လုံးနဲ့..ရှူမြင်လိုက်ပါ…နှလုံးသားဆီကိုစီး
ဆင်းလာတဲ့နွေးထွေးမှုတွေကိုခံစားလိုက်ပါ…..ဒါဟာနေရာအနည်းငယ်ကလှပတဲ့နေရာလေး
တွေကိုဘဲကွက်ရိုက်ထားခြင်းမဟုတ်ဘဲ ..လူသားတွေအနေနဲ့..အမှန်တကယ်မရောက်ရှိနိုင်
တဲ့..နေရာတွေလည်းပါဝင်ပါတယ်…

ကြည့်ပြီးတဲ့လူအချို့ကပြောကြတယ်….အလှအပတရားတွေကငါတို့ရဲ့မျက်စိတွေကိုလိမ်ညာ
သွားကြတယ်….ဒါကြောင့်ဒီပုံလေးတွေဟာမလိမ်ညာဘဲပြောရရင်ကမ္ဘာပေးမှာအမှန်တကယ်
တည်ရှိနေတဲ့…အလှအပတရားရဲ့ပြယုဉ်တွေပါဘဲ…..






United State မှာရှိတဲ့…Colorado မြစ်ကြားကမတ်စောက်တဲ့..ချောက်နက်ကြီးပါ..အဲဒီမှာအံ့
သြဖွယ်သဘာဝတရားတွေနဲ့ပြည့်နှက်နေပါတယ်…အရှည်က ၂၇၇ မိုင်ရှည်ပြီး…အကျယ်က
၎ မိုင်ကနေ…၁၈မိုင်အထိရှိပါတယ်….အနက်ကတော့ ၁ မိုင်လောက်ရှိပါတယ်…ပညာရှငိတွေ
ကတော့ဒီနက်ရှိုင်းတဲ့ချောက်ကြီးဟာ..လွန်ခဲ့တဲ့..နှစ်ပေါင်း..၆ မီလီယံလောက်ကတည်းက
ဖြစ်ပေးခဲ့တယ်လို့ဆိုပါတယ်…







ဒေသခံအမေရိကန်လူမျိုးတွေဟာ..ဥရောပလူမျိုးတွေငြိမ်းချမ်းရေးရပြီးမထွက်ခွာခင်ကတည်းကဒီဂူထဲမှာငြိမ်းချမ်းရေးအထမ်းအမှတ်တွေကိုတည်ဆောက်ခဲ့ပါတယ်…Pueblo လူမျိုးစုတွေ
ရဲ့နေရာလို့လည်းခန့်မှန်းရပါတယ်…ပထမဆုံး Grand တောင်ကြားကို ဥရောပလူမျိုးတွေစတင်
ရောက်ရှိလာခဲ့တာဟာ…၁၈၆၉ ကပါ..ကမ္ဘာပေါ်မှာရှိတဲ့အနက်ရှိုင်းဆုံးတောင်ကြားသာမက..
အလွန်အရွယ်အစားကြီးမားပြီး…အသေးစိတ်အလှအပတွေခြယ်မှုန်းထားတဲ့ကုန်းမြေလည်း
ဖြစ်ပါတယ်…ဒီတောင်ကြားဟာ..United State ရဲ့..ပထမဆုံးပထမဆုံးအမျိုးသားပန်းခြံလည်း
ဖြစ်ပါတယ်…တစ်နှစ်ကု ဧည့်သည်ပေါင်း..၅ မီလီယံလောက်ဆွဲဆောင်နိုင်ပါတယ်….ရာသီဥတု
ကလည်းဒီတောင်ကြားမှာ အတက်အကျမြန်လွန်းပါတယ်…သစ်တောထူတဲ့နေရာတွေမှာ..ဆီး
နှင်းတွေကျနေစဉ်မှာဘဲ…အတွင်းပိုင်းချောက်ထဲမှာတော့..ရာသီဥတုအပြောင်းအလဲသိပ်မမြန်တာကြောင့်…ကန္တာရဆန်တဲ့အပူချိန်မျိုးရှိပါတယ်…..






Australia ရဲ့ အရှေ့ဘက် အငူမှာရှိတဲ့…ဘယ်ရီယာသောင်ခုံကျောက်တန်းဟာကမ္ဘာပေါ်မှာအ
ကြီးဆုံး..ကျောက်တန်းဖြစ်ပြီး…သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ…သူ
ဟာကမ္ဘာ့အမွေအနှစ်သာမက..အမျိုးသားအမွေအနှစ်အဖြစ်ထည့်သွင်းဖော်ပြခြင်းခံရပါတယ်..
သူဟာ..ကျွန်းပေါင်း ၆၀၀ ကျော်နဲ့..သန္တာကျောက်ဆောင်တွေရှိပြီး…အကျယ်ကတော့ …….
300 000 sq km လောက်ရှိပါတယ်..ဒီအငူဟာ..သန္တာကျောက်တန်းပေါင်းများစွာ..ကျောက်
ဆောင်သဲမြေများစွာ..နဲ့ဖွဲ့စည်းထားပြီး..ကျယ်ပြန့်တဲ့ပင်လယ်ကြီးရဲ့အလှအပကိုခံစားနိုင်ပါ
တယ်…အစိမ်းရောင်လိပ်တွေ…ဝေလငါးပေါင်းများစွာ…လင်းပိုင်တွေနဲ့…အမျိုးအစားပေါင်း
လေးထောင်ကျော်တဲ့..ခရုတွေ..ပက်ကျိတွေနဲ့..ငါးအမျိုးအစားပေါင်း ၁၅၀၀ ကျော်..ငှက်အမျိုး
အစားပေါင်း..၂၀၀ ကျော်ကိုလည်းတွေ့နိုင်ပါတယ်….နိုင်ငံခြားသားတွေအတွက်အဓိကဆွဲ
ဆောင်မှုရှိတဲ့နေရာဖြစ်သလို…မီလီယံချီတဲ့တိုးရစ်စ်တွေကိုလည်းခေါ်ဆောင်ပေးနိုင်ပါတယ်…
အားကစားအနေနဲ့လည်း ရေလွှာလျှောစီးတာ..ရေကူးတာ..သဲသောင်ပြင်ဘော်လီဘောနဲ့အ
ခြားနည်းမျိုးစုံကိုလည်းကစားနိင်ပါသေးတယ်…





အာဖရိကတိုက်ရဲ့..လမ်းကျဉ်းလေးတွေကိုဝန်းရံထားတဲ့…ကြီးမားတဲ့တောင်တန်းကြီးတွေဟာ
လူတစ်ယောက်ကိုသေးငယ်သွားအောင်..အံ့သြဖွယ်ကောင်းအောင်…သဘာဝတရားကဘယ်
လောက်ထိစိုးမိုးခြယ်လှယ်နိုင်သလဲဆိုတာ..ကို Aptly က ..ကမ္ဘာ့ကောင်းကင်ဘုံလို့တင်စား
ခေါ်ဝေါ်ခဲ့ပါတယ်….
ဒါတ်ခ်ျလူမျိုးတွေရဲ့..၀တ်ရုံရှည်သဏ္ဍန်..အဆောက်အအုံတွေက..နေရာတစ်ခုရဲ့ယဉ်ကျေးမှုအ
မွေအနှစ်တွေကိုထင်ဟပ်ပြနေသလိုပါဘဲ…လှပတဲ့တိမ်မဲတွေပြည့်လျှံနေတာက..အချိန်တိုင်း
မှာတောင်တန်းတွေကို..ဂါရ၀ပြုနေသလိုပါဘဲ…မြို့ရဲ့ဆုံမှတ်…Signal တောင်ကုန်း..Chapman
တောင်ထိပ်မှာကားစီးရတဲ့အရသာ..Victoria & Alfred ရေပြင်တစ်စိတ်…Robben ကျွန်း..Rhodes ကမ်းခြေတိုဟာတိုးရစ်တွေကိုဆွဲဆောင်နိုင်တဲ့နေရာတွေပါဘဲ…ကျယ်ပြန့်ကွေးဆက်နေတဲ့ပင်လယ်ကမ်းခြေမှာတည်ရှိတဲ့..Cape မြို့ဟာ..သူ့တိုင်းပြည်အတွက်..ကျော်ကြားတဲ့အရာတစ်ခု
ဖြစ်သလို…ယာဉ်ကျေးမှုလက်ဆောင်လည်းဖြစ်ပါတယ်…တောင်အာဖရိကမှာရှိတဲ့အလှဆုံး
မြို့လေးဖြစ်ပြီး…တစ်နေ့ခရီးစဉ်ဝိုင်သောက်ခြင်း..ဝေလငါးကြည့်ခြင်းနဲ့လင်းပိုင်ကြည့်ခြင်းတို့ကို
လည်းပြုလုပ်နိုင်ပါတယ်….

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၂)

ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ…(အပိုင်း ..၂)

ကနေဒါနိုင်ငံရဲ့..canadian တောင်တန်း
ဖော်ပြနိုင်စွမ်းမရှိလောက်အောင်လှပတဲ့..ကနေဒီယမ်တောင်တန်းတွေဟာ..မြောက်အမေရိက
တောင်တန်းတွေနဲ့တစ်ဆက်တည်းဖြစ်ပါတယ်…ဒီတောင်တန်းတွေဟာဧည့်သည်တွေအတွက်
ထူးခြားတဲ့နယ်မြေဖြစ်သလို..ကနေဒါအနောက်ပိုင်းအတွက်လည်း….ကစားကွင်းသဖွယ်နှိုင်း
ထားခြင်းခံရပါတယ်…ဒီတောင်တန်းတွေဟာအမေရိကန်တောင်တန်းတွေထက်ကြီးရင့်ပါတယ်
ယုံကြည်ဖို့ခက်ခဲတဲ့ အချိန်အစောပိုင်းကပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်….ကနေဒီယန်..
တောင်တန်းတွေမှာ..အမျိုးသားပန်းခြံအနေနဲ့ ၅ ခုပါဝင်ပြီး…အဲဒီအထဲကမှလေးခုက..တစ်ခု
တည်းသော ကမ္ဘာ့အမွေအနှစ် UNESCO ရဲ့အစိတ်အပိုင်းပေါင်းစပ်ပါဝင်ပါတယ်…UNESCO
မှာတော့..လှပတဲ့တောင်တန်းကုန်းမြေတွေ..ရေအိုင်တွေ…နက်ရှိုင်းတဲ့ချောက်ကြီးတွေနဲ့ရေ
တံခွန်တွေ..ရေခဲမြစ်တွေ..မြင့်မားတဲ့တောင်ထွပ်တွေ..ကျောက်ထုံးလှိုင်ဂူတွေ…ကျောက်ဖြစ်
ရုပ်ကြွင်းတွေပါဝင်ပါတယ်….ကနေဒီယမ်တောင်တန်းမှာ Mount Robson ကအမြင့်ဆုံးဖြစ်ပါ
တယ်..ဒီတောင်ပေါ်တက်ဖို့ကတော့စိန်ခေါ်မှုတစ်ခုပါဘဲ…ဒီတောင်တန်းတွေဟာ..အမြင့်ကြိုက်
သူတွေအတွက်..နဲ့ လမ်းလျှောက်ချင်သူတွေအဖို့တော့..အကြိုက်ဘဲပေါ့……

Machu Picchu ဆိုတာက ပါရူးနိုင်ငံရဲ့ အမြင့်မားဆုံးနေရာပါ….ကမ္ဘာပေါ်မှာရှေးအကျဆုံးနေ
ရာတွေထဲကတစ်ခုပေါ့…ရှေးရိုးရာပုံပြင်တွေအရ Machu Picchu ဟာ ဟိုးယခင်က ကြောက်
မက်ဖွယ်ကောင်းတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်…INCA လူမျိုးတွေက ကျောက်တုံးပေါင်းများစွာ
ကိုထောင်မတ်ပြီးအနုပညာလက်ရာတစ်ခုအဖြစ်အသက်သွင်းခဲ့ပါတယ်…ဒါဟာပုံမှန်မဟုတ်တဲ့
မြို့တစ်မြို့တည်ဆောက်မှုပါဘဲ….
Urubamba မြစ်ရဲ့ အထက်ပေပေါင်း နှစ်သောင်းလောက်မြင့်ပြီး..ဒီနေရာမှာ သင်းချိုင်းတွေ..
နန်းတော်တွေ…ဘုရားကျောင်တွေနဲ့…အိမ်ပေါင်း ၁၅၀ လောက်မြှုပ်နှံထားပါတယ်…ဒီ မီးခိုး
ရောင် နှမ်းဖတ်ကျောက်တွေဟာတစ်ချို့ဆို..တန်၅၀လောက်လေးပြီးသူတို့ဟာယဉ်ကျေးမှုအ
မွေအနှစ်တွေထက်ဘာမှမလျှော့ပါးဘူးဆိုပါတယ်…Archaelogist Yale ဟာဒီနေရာကို ၁၉၁၁
မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်….ဒီနေရာက ရာဇ၀င်တွေကလဲ…နှစ်စဉ် တိုးရစ်ပေါင်းများ
စွာကိုဆွဲဆောင်နိင်ပြန်ပါတယ်…

ကမ္ဘာပေါ်မှရှိတဲ့အလှဆုံးနေရာတွေ......အပိုင်း( ၃ )

ကမ္ဘာပေါ်မှရှိတဲ့အလှဆုံးနေရာတွေ......အပိုင်း( ၃ )

ကမ္ဘာပေါ်မှရှိတဲ့အလှဆုံးနေရာတွေ......အပိုင်း( ၃ )

အီဂျစ်နိုင်ငံမှ ပိရမစ်များ

အီဂျစ်နိုင်ငံမှ ပိရမစ်တွေဟာ စတုရန်းပုံ ကျောက်တုံးတွေနဲ့ မျက်နှာပြင်လေးဖက်ပါရှိတဲ့ ကျောက်တုံးကြီးတွေကို
ဆုံမှတ်လေး တစ်နေရာသို့ရောက်အောင် စီရီပြီးတင်ထားခြင်း ဖြစ်ပါတယ်။ ပိရမစ်တွေနဲ့ ပတ်သတ်ပြီး ဟိုးယခင်
ကတည်းက သူတို့ရဲ့ သမိုင်းကြောင်းတွေ သူတို့ဟာ သဘာဝတရားနဲ့ ဘယ်လိုစပ်ဆက်မှုတွှေရှိသလဲဆိုတာ သိလိုစိတ်တွေ နဲ့ထူးဆန်းတဲ့သမိုင်းကြောင်းတွေ အများကြီးရှိခဲ့ ပါတယ်။




ဒါပေမယ့် အီဂျစ်နိုင်ငံမှ ပညာရှင်တွေက ဘီစီ ၂၇၀၀ ကျော်လောက်မှ ပိရမစ်တွေကို စတင်ပြီးလေ့လာခဲ့ကြပါတယ်။အီဂျစ်ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ပိရမစ်တွေဟာ ဖာရိုဘုရင်တွေရဲ့ ရုပ်အလောင်းကို မြုပ်နှံဖို့အတွက် တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ လူသိအများဆုံးနဲ့ ကမ္ဘာပေါ်မှာ အကြီးမာဆုံး ပိရမစ်တွေကတော့Giza မှာရှိတဲ့ ပိရမစ်တွေဖြစ်ပြီး တည်ဆောက်ထားသမျှထဲမှာ အကြီးမားဆုံးဖြစ်တယ် လို့ဆိုကြပါတယ်။ Giza မှာရှိတဲ့အကြီးမားဆုံး ပိရမစ်ကြီးဟာ လူပေါင်း ၃၀၀၀၀ နဲ့တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၂၃ နှစ်ကြာခဲ့တယ်လို့ သိရပါတယ်။၁၁၈ ခုသောပိရမစ်တွေကို သီးခြားရှာဖွေသတ်မှတ် နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လုံးကလူတွေကြားမှာ ရေပန်းစားခဲ့ပြီး ထင်ရှားကျော် စောခဲ့ပါတယ်။


Jordan နိုင်ငံမှ Petra မြို့

Petra ဟာ UNESCO မှဖော်ပြခြင်းခံရတဲ့ အဖိုးတန်ဆုံးသော အမျိုးသားယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်သိုက်ကြီး ဖြစ်ပါတယ်။သူဟာ Mount Hor ရဲ့ ကုန်းစောင်းပေါ်မှာ တည်ရှိတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အံ့သြဖွယ်ရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပြီး ကျောက်တုံး တွေကို ပိုင်းဖြတ်ပြီးတည်ဆောက်ထားတဲ့ အနုပညာလက်ရာကြောင့် ထင်ရှားကျော်စောခဲ့ပါတယ်။



ဒီနေရာဟာ 1812 မတိုင်ခင်ထိ တိမ်မြုပ်နေခဲ့ပြီး Swiss လူမျိုးရှာဖွေသူတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုရိုးစကားတွေအရတော့ဒါဟာ ဘုရားသခင်က Jewish လူမျိုးတွေအတွက် တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။ Petra ဟာ ရောမအင်ပါယာရဲ့လက်အောက်မှာတစ်ချိန်က ထင်ရှားကျောကြားခဲ့ပြီး နောက်ပိုင်း Arabian လူမျိုးတွေ ၀င်ရောက်ထိုးဖောက် လာတဲ့အခါမှာတော့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ငလျှင်တစ်ခု အကြီးအကျယ်လှုပ်ပြီး ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်စေခဲ့ပါတယ်။တိုးရစ်တွေဟာ ဒီလှပတဲ့မြို့ကြီးရဲ့ ပျက်စီးမှုတွေကို ဖျက်ကနဲ မြင်ယောင် ကြည့်ကြဖို့ အတွက် စုစည်းပြီးလာရောက်လေ့ရှိကြ ပါတယ်။



Northern North America မှာရှိတဲ့ Greenland



Greenland ဟာ ကမ္ဘာပေါ်မှာအကြီးမာဆုံး ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အားဖြင့် ၁၀၅၀ ကီလိုမီတာကျယ်ပြီး ကျွန်းတစ်ကျွန်းလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မပျက်စီးသေးတဲ့ ခမ်းနားကြီးကျယ် ဂုဏ်ရှိတဲ့ ဒီကုန်းမြေဟာသင့်ရဲ့ အသက်ရှင်နေထိုင်မှုကို ရိုးရှင်းစွာနဲ့ အဝေးက ခေါ်ဆောင် သွားပါ လိမ့်မယ်။ သင်တစ်ခါမှ မမက်ဘူးတဲ့ အိမ်မက်အဆန်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။



ဒီခမ်းနားတဲ့ ရေခဲချပ်ကြီးတွေ ရှည်လျှားကျဉ်းမြောင်းတဲ့ ရေခဲဂူကြီးတွေ ရေခဲမြစ်တွေနဲ့ အပင်ဆန်းဆန်းတွေက လာလည်သူတွေရဲ့နှလုံးသားကိုဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ ( အပိုင်း ၄ )

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ ( အပိုင်း ၄ )

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာတွေ ( အပိုင်း ၄ )

တရုတ်ပြည်မှ မဟာတံတိုင်းကြီး




မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် ၇ ပါးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ဒီတရုတ်ပြည်မှ မဟာ
တံတိုင်းကြီးကို လူသားတွေကနေပြုလုပ်ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက
တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတံတိုင်းကြီးတည်ဆောက်ဖို့ အတွက် နှစ်ပေါင်း ၁၀၀ တိတိကြာမြင့်ခဲ့
တယ်လို့သိရပါတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ လုပ်ဆောင်ဖန်တီးမှုကြီးဟာ လူသွားတွေရဲ့ မြင့်မြတ်ကြီးကြယ်တဲ့
စွမ်းရည်တွေကို ဖော်ဆောင်ပါတယ် ။

တံတိုင်းတည်ဆောက်မှုကို 5th Century B.C မှစတင်ခဲ့တယ်လို့ သိရပါတယ် ။ ဒီတံတိုင်းဟာ အမှန်တစ်ကယ်အား ဖြင့် နံရံပေါင်းများစွာ အတူတကွ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး အရှည်အားဖြင့် မိုင် ၄၀၀၀ လောက်ရှိပါတယ် ။တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် အင်ပါယာကြီးကို မြောက်ဖက်မှ Xiongnu လူမျိုးတွေရန်မှ ကာကွယ်ဖို့အတွက်လို့ သိရပါတယ် ။တံတိုင်းကြီးကို အစပိုင်းက ကျောက်တုံးတွေ မြေကြီးတွေ မြက်ပင်တွေ သစ်သားတွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းအချောသတ်မှသာ အုတ်ခဲတွေကို ထည့်သွင်းအသုံးပြု တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒီတံတိုင်းတည်ဆောက်မှုနဲ့ ပါတ်သတ်ပြီး တရုတ်လူမျိုးပေါင်း 2-3 million လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်





ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကို ရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။
ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။

ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။

တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason



Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့ သိပ်သည်းနက်နဲမှုကတော့ အလွန်ပဲ နက်ရှိုင်းပြီး တောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့ အချိန်မဲ့ အသက်ရှူမှားဖွယ်ရာ ဒီတောအုပ်ကြီးဟာ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။

နော်ဝေနိုင်ငံမှ Sognafjord ( Sogne Fjord )




ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်ပြီး
အောက်ဖက်သို့ ၁၃၀၀ မီတာနက်ရှိုင်းပါတယ် ။ ကျယ်ပြန့်တဲ့အပြာရောင် ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

( ကိုသားကြီးနဲ့ ရန်ကုန်သားတို့ မန့်သွားတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။ ကိုယ့်နိုင်ငံရဲ့အလှအပ
တွေကို ဖော်ထုတ်ဖို့ မေ့လျှော့သလို ဖြစ်သွားတဲ့အတွက် ( အမှန်တော့ စိတ်ထဲမှာ အမြဲတမ်းရှိပါတယ် ) တောင်း
ပန်ပါတယ်ခင်ဗျာ ။ အခုရေးပြီးအပိုင်းဆက် အနေနဲ့ တင်ပေးသွားပါ့မယ် ။ အရင်အပိုင်းဆက် လေးက များသွားတဲ့အတွက် နောက်ကျသွားတာပါခင်ဗျ ။ ခွင့်လွှတ်ကြပါကုန် သယ်ရင်းတို့ ။ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၁ )

မြန်မာတဲ့... ကမ္ဘာပေါ်မှာ အလှအပတရားတွေ စုဝေးတဲ့နေရာ ။ မေတ္တာတရားတွေ ထုံမွှမ်းတဲ့နေရာ.. ။ ဒီရွှေနိုင်ငံ
ထဲမှာ ကမ္ဘာကအသိအမှတ်ပြုတဲ့ နေရာတွေ အများကြီးရှိပါတယ် ။ လူတွေပြုပြင် ဖန်တီးထားတာမဟုတ်ပဲ သဘာဝ အလှအပတွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ကဲသင်တို့ရဲ့စိတ် အာရုံတွေကို ခဏတာလွှတ်ထားလိုက်ပါ ။ ရင်ခုန်ယစ်မှုးဖွယ် အလှအပတွေကို ခံစားကြည့်ကြပါစို့ ။

ရန်ကုန်မြို့ညမြင်ကွင်း

ရန်ကုန်မြို့ရဲ့ည မြင်ကွင်းဖြစ်ပါတယ် ။ ကန်တော်ကြီး ပန်းခြံကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ အရမ်းကိုလှပပြီးတော့အချိန်ကလည်း အလှဆုံးအချိန်ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်ကတော့ လုံးဝကြီး အမှောင်မကျ သေးပါဘူး ။

အင်းလေးနဲ့ရန်ကုန်မြို့ နေ၀င်ချိန်အလှ





ရွှေမြန်မာနိုင်ငံရဲ့ အရမ်းကိုလှပတဲ့ သဘာဝတရားပြယုဉ် တစ်ခုဖြစ်ပါတယ် ။ ပထမပုံကတော့ အင်းလေးဒေသ ပတ်ဝန်းကျင်ရဲ့ နေ၀င်ချိန် ဖြစ်ပါတယ် ။ ဒုတိယပုံကတော့ ရန်ကုန်မြစ်ကြီးရဲ့ ဆည်းဆာနေ၀င်ချိန် အလှတရား တစ်ခုပါ ။ ဒီလိုအချိန်မျိုးနဲ့ ဒီလိုအလှ အပတရား တွေကို တပြိုင်တည်းကြုံ တွေ့ရဖို့ဆိုတာ အရမ်းကိုခက်ခဲလှပါတယ် ။ သင်ရောဘယ်လိုထင်ပါသလဲ ။ ဆက်လက်ပြီးအံ့မခမ်းဖွယ် အလှအပတွေကို ခံစားကြည့်ကြပါအုန်းစို့။

ဦးပိန်တံတား


ကဲဒီနေရာကို မလှပါဘူးဟု မည်သို့သော နှလုံးသားဖြင့် ငြင်းဆန်နိုင်ပါမည်လဲ ။ မြန်မာနိုင်ငံဟု ဆိုလျှင် ဦးပိန်တံတားလည်းတွဲလျှက်ပါဝင်ပေသည် ။ ညနေခင်းမှာ ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာ အလှကို ခံစားရင်း ဘီယာလေးနှင့် နွဲလိုက်ရလေလျှင်....။

ရှမ်းပြည်နယ်မှ အင်းလေးကန်






သဘာဝအလှဆိုတာ တိမ်မြုပ်ကွယ် ပျောက်လုနီးပါး ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ ဒီနေရာလေးကတော့ ရိုးရာဓလေ့တွေ မတိမ်ကောသေးတဲ့ အလှဆုံးနေရာ တွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ် ။ သဘာဝအလှဆိုတာ လူတွေပြုပြင်ဖန်တီးထားတဲ့ အလှထက်နှလုံးသားကို ပိုပြီးဆွဲဆောင်နိုင်တယ်ဆိုတာ သင်ငြင်း နိုင်မှာမဟုတ်ပါဘူး ။ အင်းလေးဒေသမှာ အထင်ရှား ဆုံးအရာ တစ်ခုကတော့ခြေထောက်နဲ့ လှေလှော်ခြင်းပဲ ဖြစ်ပါတယ် ။ ခြေထောက်နဲ့ လှေလှော်တဲ့ ဓလေ့ကို ကမ္ဘာပေါ်မှာ ရှာတွေ့ဖို့ ခက်ခဲလှပါတယ် ။ နိုင်ငံခြားသား တွေသာမက ပြည်တွင်း မြန်မာလူမျိုးတွေလည်း အမြတ်တနိုးတန်ဖိုးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ် ။ အကယ်၍သင် မြန်မာနိုင်ငံသို့လာရောက်ခဲ့မယ် ဆိုရင်တော့ အင်းလေးကန်ကို သွားရောက်ဖို့ မမေ့ပါနဲ့ ။ မြန်မာနိုင်ငံရဲ့ အံ့သြဖွယ် အလှတရား ကို သင်နှလုံးသားတစ်လှပ်လှပ်ခုန်လာတဲ့အထိ ခံစားကြည့်လိုက်ပါ ။

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာရဲ့ နံနက်ခင်းအလှ



ဧရာဝတီမြစ်ကြီးရဲ့ ဘေးမှာတည်ရှိနေတဲ့ ရွာငယ်လေးတွေရဲ့ နံနက်ခင်းအလှကို သင်ခံစားဖူးပါသလား။ ဧရာဝတီ မြစ်ကြီးရဲ့ ရွာနံနံက်ခင်းအလှကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ အာရုံတက်ချိန်လေး ဖြစ်ပါတယ် ။ ဒီနေရာလေးကို ခံစားကြည့်လိုက်တာနဲ့ သင်တို့ ရွှေမြန်မာကို ပြန်လာချင်စိတ် တဖွားဖွား ပေါ်လာပါလိမ့်မယ် ။ ရင်သပ်ရှုမောဖွယ် အလှအပတွေကို သင်ငေးမော ခံစားကြည့်လိုက်ပါ ။ ကျွန်တော်လည်း အရမ်းလွမ်းပါတယ်... ဧရာဝတီကို... ။

ရာဇ၀င်တွေနဲ့ ပုဂံ





ပုဂံမြို့ရဲ့ နေ၀င်ချိန်အလှကလည်း စာဖွဲလို့မမှီလောက်အောင် ပြောင်မြောက်လွန်းလှပါတယ် ။ ပုဂံဟာ မြန်မာနိုင်ငံ ရဲ့ မြို့တော်တွေအနက်မှာ အလွန်လှပတဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသား အများစုက အရှေ့တောင် အာရှတစ်ခွင်မှာ ပုဂံမြို့ ရဲ့ နေ၀င်ချိန်အလှ ဟာဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် လှပဆွဲဆောင်နိုင်တယ် လို့ ဆိုပါတယ် ။ နေ၀င်ချိန်အလှကို စောင့်ပြီး ကြည့်ရတာလောက် ဘယ်အရာမှ ဘ၀ရဲ့ အနှစ်သာရကို ပြည့်စုံစေမှာ မဟုတ်ပါဘူး ။ ပုဂံမြို့ရဲ့ ရာဇ၀င်တွေ ဘုရားတွေ ဂူဘုရားတွေက သင့်ရဲ့ နှလုံးသားကို စွဲဆောင်နိုင်မှာပါ ။

ကရ၀ိတ် ( ကန်တော်ကြီးပန်းခြံ)








မြန်မာနိုင်ငံဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကန်တော်ကြီးပန်းခြံကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကတည်းက ပြန်လည် ပြုပြင်ခဲ့ပါတယ် ။ ကန်တော်ကြီးပန်းခြံဟာ အလွန်လှပပြီး သပ်ရပ် သန့်ရှင်း လှပါတယ်။အနားယူဖို့အတွက်တော့အကောင်းဆုံးနေရာလေးတစ်ခုပေါ့။ကန်တော်ကြီးပန်းခြံကနေရွှေတိဂုံဘုရား ကြီးကိုလည်း လှမ်းပြီးဓါတ်ပုံရိုက် နိုင်ပါသေးတယ် ။ မြင်ကွင်းကတော့ အရမ်းကို ပြီးပြည့်စုံတာပေါ့ ။

ရွှေမန္တလေး

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ် ။ အထင်ကရနေရာတွေနဲ့ အလှအပတွေ စုဝေးရာ နေရာလေးလည်းဖြစ်ပါတယ် ။မန္တလေးတောင်ကြီးကို လှမ်းမျှော်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူလောက်အောင် ဆွဲဆောင်နိုင်ပါတယ် ။ နန်းမြို့ရိုးကလည်းရာဇ၀င်ထဲက မြန်မာတွေကို ပြန်မြင်ယောင်မိအောင် ဆွဲဆောင်နိုင်ပါတယ် ။

မန္တလေး နန်းမြို့ရိုး



မန္တလေးတောင်


ပင်းတယ



ရွှေကျောင်းကြီး

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၃ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၃ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား (အပိုင်း ၃ )

ကမ္ဘာပေါ်မှာ ရှိတဲ့ပညာရှင်တိုင်းက သဘာဝ သယံဇာတတွေမပျက်စီးသေးတဲ့ သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့ ရှားပါးတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတာလက်ခံထားကြပါတယ် ။ ရွှေမြန်မာနိုင်ငံမှာ နိုင်ငံခြားသားခရီးသည်တွေ သိရှိတဲ့ ထင်ရှားတဲ့နေရာတွေ အများကြီး ရှိသလို မထင်ရှားတဲ့ အလှအပတရားတွေ ပြည့်စုံရာ နေရာတွေလည်း အများကြီးရှိပါတယ် ။



ပထမဦးဆုံး လူတွေသိပ်မသိသေးတဲ့ နေရာလေးတစ်ခု... ။ အဲဒါက ရန်ကုန်မြို့တော်ကြီးနဲ့ သိပ်မဝေးတဲ့ ပဲခူးမြို့မှာ တည်ရှိပါတယ် ။ ကျနော်လည်း စတွေ့ကာစက အတော်ကိုအံ့သြသွားပါတယ် ။ ပဲခူးမြို့မှာ ထင်ရှားတဲ့ မြွေမယ်တော်ဆီကနေ သိပ်မဝေးပါဘူး ။ နာမည်က ဆံတော်ရှင် ဆုတောင်းပြည့် စူဌာမုနိ စေတီတော်ဖြစ်ပါတယ် ။ တောင်ကုန်းပေါ်မှာ တည်ထားတဲ့ စေတီတော်ဖြစ်ပြီး ရင်ပြင်တော်ပေါ် လေတဖြူးဖြူးတဲ့ အောက်ခြေမှာ စိမ်းလဲ့လဲ့ ရေကန်ကြီးတစ်ခုတည်ရှိပါတယ် ။ အပေါ်ကနေကြည့်မယ်ဆိုရင် ဟို
နေရာ သည်နေရာမှာ စေတီတော်လေးတွေကိုလည်း ဖူးမြော်နိုင်ပါသေးတယ် ။




ဒါကတော့ လူကြီးတွေက စကားပုံဖွက်လေ့ရှိတဲ့အခါ လူကြီးမဟုတ်တဲ့မြို့ဘာမြို့လည်းလို့ မေးလေ့ရှိကြပါတယ် ။ ကလေးမြို့ဖြစ်ပြီး အလွန်ကို သာယာလှပတဲ့ မြို့လေးတစ်ခုဖြစ်ပါတယ် ။ တမျှော်တခေါ် လယ်ကွင်းတွေနဲ့ သဘာဝပန်းချီကားတစ်ချပ်ကို ခံစားနိုင်တဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။ ကလေးမြို့ပတ်ဝန်းကျင်က အလှအပတွေ က သင့်ကို မမက်ဖူးသေးတဲ့ ငြိမ်းချမ်းဖွယ် လေတဖြူးဖြူးနဲ့ ကွင်းပြင်လေးတွေဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ် ။



ကလေးမြို့မှ မြစ်သာတံတားဖြစ်ပါတယ် ။



ဒါကတော ဖလမ်းနဲ့ ဟားခါးကြားက ချင်းရွာလေးတစ်ရွာ ဖြစ်ပါတယ် ။ တောင်စောင်းလေးတွေ ပေါ်မှာ အိမ်ဆင်တူလေးတွေ ဆောက်ထားပုံက သဘာဝဆန်လှပါတယ် ။ သင့်ကိုတကြိမ်တခါမှ မမြင်ဖူးသေးစေတဲ့ အမြင်တခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။



ချင်း အစားအစာ တစ်မျိုးဖြစ်တဲ့ ဆာဗူးသီး ဖြစ်ပါတယ် ။ ပြောင်းဖူးနဲ့ အသားကို ရောပြီး စားချင်စဖွယ် ချက်ပြုတ်ထားတဲ့ ချင်းရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ် ။




ဗားရ်တံတားနှင့် မဏိပူရမြစ်ရဲ့ အလှအပဖြစ်ပါတယ် ။



ဒါကတော့ ကလေးနဲ့ ဟားခါးကြားက ကားခနရပ်နားရာနေရာလေးဖြစ်တဲ့ ဗားလုံရွာကလေးပါ ။ တစ်ချိန်လုံးကားပေါ်မှာ သင်ညောင်းညာသမျှကို စက္ကန့်ပိုင်းအတွင်းပြေသွားစေမဲ့ သဘာဝအပန်းဖြေစရာ နေရာလေးတစ်ခုပါ ။





လွင်ပြင်တောင်ကုန်းပေါ်က ဟားခါးမြို့နှင့် ဟားခါးလမ်းရဲ့ အာရုံဦးနေထွက်ချိန်လေး ဖြစ်ပါတယ် ။







မေမြို့လမ်းပေါ်မှာ တည်ရှိတဲ့ ခိုနန်းရှင်ဂူဘုရားဖြစ်ပါတယ် ။ သဘာဝကျောက်ပန်းကျောက်ခက်တွေနဲ့ ဂမ္ဘီရဆန်ဆန် လှပတဲ့နေရာလေး တစ်ခုပါတယ် ။ ထုံးကျောက်နံရံတွေကျောက်ဆွဲပန်းခက်တွေက သင့်ကို ဒဏ္ဍာရီဆန်ဆန် အိပ်မက်တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။



ဒါကတော့ နာမည်ကြီးလှတဲ့ အကြီးဆုံးကျောက်စာတွေရှိတရာ ကုသိုလ်တော်ဘုရားဖြစ်ပါတယ် ။



ကုသိုလ်တော်တောင်ခြေမှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။




စစ်ကိုင်းတံတားရဲ့ နေ၀င်ချိန်နဲ့ ညအလှကို ခံစားနိုင်ပါတယ် ။ တခြားနိုင်ငံမှ တံတားကြီးတွေရဲ့ ညအလှကိုမမှီနိုင်ရင်တောင် မှ မလျော့နိုင်ပါဘူး ။ သင်ခံစားတတ်မယ်ဆိုရင်အမိမြန်မာနိုင်ငံရဲ့ အလှတရားကို ခံစားမိနိုင်မှာပါ ။



စစ်ကိုင်းတောင်ရဲ့ ညအလှ.... ။




ဒါကတော့ စစ်ကိုင်းတံတားအနီးက ရွှေကြက်ကျ ဘုရားဖြစ်ပါတယ် ။



ရွှေကြက်ကျဘုရား အနီး လှေဆိပ်မှ ညအလှမြင်ကွင်းဖြစ်ပါတယ် ။



မန္တလေး ကန်တော်ကြီးရဲ့ နေ၀င်ချိန်ဆည်းဆာအလှ ။



မန္တလေး နှစ် ၁၅၀ ပြည့်တုန်းက ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။



မန္တလေးကျုံးရေပြင် သင်တခါပြန်လွမ်းစေဖို့ ..... ။



ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာအလှ.....

မြန်မာဆိုတာ အလှအပတရားတွေစုဆည်းရာ ကမ္ဘာ့နတ်မိမယ် လေးတစ်ပါးဆိုတာ သင်လက်ခံနိုင် မယ်ဆိုရင်.......။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management